ဖြစ်သင့်လို့ ဖြစ်ကြတဲ့ ဘဝမှာ
ဘာမှ ထပ်မျှော်လင့်စရာ မလိုပါဘူး။
ငေးသင့်လို့ ငေးကြည့်မိတဲ့ သူ့အလှမှာ
ဘာဆိုဘာမှ ဝေခွဲစရာမလိုဘူး။
ဝေးသင့်လို့ ဝေးကြတဲ့ အချိန်မှာ
ဘာမုန်းတီးမှုမှ ထပ်ထည့်စရာမလိုပါဘူး။
ရေးချင်လို့ ရေးဖြစ်တဲ့ ကဗျာမှာ
ဘာလိမ်ညာမှုမှ ထည့်ခံစားမှာမဟုတ်တော့ဘူး။
လင်းဦး(စိတ်ပညာ)
၁၇.၂.၂၀၁၄
0 comments:
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)