ဘဝ သင်္ချာ....အချစ် ရင်နာ

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels:


  • ကျွန်​တော် ရူပ​ဗေဒမှာ ​တော်ခဲ့​တယ်
    ဒါ​ပေမယ့်​ သင်္ချာကို လုံး​ဝစိတ်မဝင်စား​ခဲ့​....

    ကျွန်​တော် ​လော့​ဂျစ်ကို သ​ဘောကျတယ်...
    စိတ်ပညာကို ​လေ့​လာတယ်.....။

    ဘဝမှာ
    အသုံး​ချဝမ်း​ကြောင်း​နေရတာက
    နည်း​ပညာဆိုတဲ့​ အဆုံး​မရှိတဲ့​ ​ရေပြင်ကို
    ကူး​ရင်း​နဲ့​
    အိပ်မက်​တွေကို ​ပျော်​ပျော်ကြီး​ မက်ရင်း​ပေါ့​။

    လူဖြစ်လာရင်
    ပတ်သက်လာရတဲ့​
    အချစ်၊​ အမုန်း​ ဆိုတာ​တွေက
    ဘဝဆိုတဲ့​ ​ဝေါဟာရ​ပေါ်
    သင်္ချာပုစ္ဆာ ကိန်း​ဂဏန်း​တွေနဲ့​
    ယှဉ်ထိုး​ တွက်ပြခံရတာ ခဏခဏ။

    ကျွန်​တော်က
    သင်္ချာကို မပစ်ပယ်ခဲ့​ဖူး​ပါဘူး​....
    စိတ်မဝင်စား​တဲ့​ ဘာသာရပ်တစ်ခုအ​နေနဲ့​ပဲ
    မြင်ခဲ့​ရုံပါ။

    ကျွန်​တော့်​အတွက်
    အချစ်က သင်္ချာ
    ရင်ဆိုင်ရတာက ရင်နာနာ...
    ​ဟောဒီ ညကမ္ဘာမှာ
    လကမသာပါဘူး​ပေါ့​။

    ဒီ​တော့​......
    ကျွန်​တော်
    သင်္ချာပုစ္ဆာ​တွေ
    အ​ဖြေညှိကြည့်​ဦး​မယ်

    ​ပေါင်း​စပ်ခြင်း​သီအိုရီမှာ
    အချစ်ကို ထည့်​မတွက်ခဲ့​တိုင်း​
    အဲ့​ဒါ ဘဝလား​။

    အချစ်ကိုရင်း​လို့​
    ​မောင်နှံဘဝတစ်ခုမကြွင်း​ရင်
    ရှံုး​နိမ့်​ခြင်း​သီအိုရီ ဖြစ်​ရောလား​။

    အချိန်နာရီ​တွေနဲ့​
    သတိရခြင်း​တွေ​မြောက်တိုင်း​
    အလွမ်း​သီအိုရီဖြစ်တာမှန်သလား​။

    အလွမ်း​သီအိုရီမှာ
    သစ္စာ​တွေ ထပ်ထပ်​ပေါင်း​ရက်နဲ့​
    နှစ်ကိုယ်တူ နီး​စပ်မှုရလဒ်မထွက်ရင်
    ရက်စက်မှုမည်​ရောလား​။

    ကျွန်​တော်
    သင်္ချာစိတ်မဝင်စား​ခဲ့​ပါဘူး​
    ဒါ​ပေမယ့်​.....
    စိတ်ဝင်စား​တဲ့​အရာ​တွေကို​တော့​
    သင်္ချာနဲ့​ပဲ အ​ဖြေရှာ​နေရတာ ကြံုရတယ်။

    မိတ်​ဆွေ
    အချစ်က
    ရင်နာ​စေတယ်လို့​ အမည်သွင်သလား​
    "ဘဝသင်္ချာ"လို့​ ​ခေါ်သလား​။

    လင်း​ဦး​(စိတ်ပညာ)
    ၁၀-၁၂-၂၀၁၃ (ည ၁ဝး​၃၀)

    2 comments:

    Anonymous said...

    Have you ever thought about adding a little bit more than just your articles?
    I mean, what you say is valuable and everything.

    But imagine if you added some great photos or video clips to give your posts more, "pop"!
    Your content is excellent but with images and videos, this
    blog could certainly be one of the greatest in its
    field. Superb blog!

    Visit my page :: herpes medication valacyclovir cost

    Oskar Glauber said...

    I like the helpful info you provide in your articles. I will bookmark your blog and check again here frequently. I'm quite certain I'll learn many new stuff right here! Good luck for the next! aol login

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo