လက်ကျန်

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels:

  •  ကိုယ့်​အမှား​ကို ကိုယ်ဝန်မခံသ​ရွေ့​
    ငါနဲ့​ လာမပတ်သက်နဲ့​.....။

    ကိုယ့်​အတ္တကို ကိုယ်ပြန်မမြင်​သေး​သ​ရွေ့​
    ငါ့​လက်ကို လာမတွဲနဲ့​.....။

    ဟိုကူး​ချ ဒီကူး​ချ ပညာ​ပေး​စာ​တွေတင်ပြီး​
    ကိုယ်တိုင်တစ်ခုမှ မလိုက်နာနိုင်သ​ရွေ့​
    ငါ့​ဘဝဒဿနထဲ ဝင်မလာနဲ့​။

    သူများ​ကိုပဲ လက်ညိုး​ထိုး​ထိုး​နေတဲ့​လက်
    ကိုယ့်​ဘာသာ ပြန်လက်ညှိုး​ထိုး​နိုင်တဲ့​နေ့​ကျမှ
    ငါ့​သံ​ယောဇဉ်ကို လက်ညိုး​ထိုး​လှည့်​။

    တလံတလျား​
    ရာဇသံ​ပေး​စရာမလို
    ကိုယ့်​အသိနဲ့​ ကိုယ်သိ
    ဒါ.... မင်း​အတွက်......
    ​နောက်ဆုံး​ရေး​တဲ့​
    ငါ့​ရဲ့​................
    သံ​ယောဇဉ် လက်ကျန်ကဗျာပဲ။

    လင်း​ဦး​(စိတ်ပညာ)

    2 comments:

    Ma Tint said...

    ကောင္းလိုက္တဲ့ သံယောဇဥ္လက္က်န္ ကဗ်ာလေးပါလား မောင္လင္းဦးရေ...
    ဒီနတေ့ော့ စာမျက်နှာအတော်များများမွှေနှောက်သွားတယ်...
    တီတင့်ရဲ့ လင့်ခ်အသစ်ပြောင်းချိတ်အုံးနော်..
    http://www.auntytint.blogspot.com

    မတ္တောဖြင့်
    တီတင့်

    လင်းဦး(စိတ်ပညာ) said...

    အန်တီတင့်ရေ.... လင့်ပြောင်းပြီး ချိတ်ထားလိုက်ပါပြီ။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo