သက်ပြင်းတွေ အခါခါချတဲ့ ည
စကားလုံးတွေ မြိုမကျတဲ့ ဘဝ
ကြေကွဲစရာများနဲ့
ပန်းတိုင်ကိုမရောက်သေးသော လမ်းဆုံတစ်ခု
ဆုံးဖြတ်ချက်ရာဇသတ်နဲ့
တုံးလုံးပက်လက်မလန်ဖို့
အရေးဆို တေးငို ညဉ်းခဲ့ရ။
မကြင်နာ နေတတ်တယ်လို့
အပြစ်မြင် အခက်ပွေ
လမ်းကြောင်းကိုလည်း ပြောင်းခဲ့သူ။
သစ္စာတရားနဲ့
သည်းခံမှုကို လျှောက်နင်း
သက်သေထူတဲ့ မှတ်တိုင်တစ်ခုမှာ
ဒီလိုမျိုး........သုညကြွင်းမယ်လို့
မထင်ခဲ့ရိုး အမှန်ပါ။
အမြင်နှစ်ခု
ပြောင်းပြန်ထပ်ချိုးကျတော့
အရင်လူနဲ့
ပေါင်းရန် ဆက်ထုံးကတော့
ဒီလူအတွက်
မဖြေသာ ရက်မဆုံး
ဝေဒနာ ဇာတ်ရှံုး တွေပါပဲ။
တစ်သက်လုံးအတွက် ကျိန်စာမဖြစ်ဖို့
အခက်ဆုံး ဆုံးဖြတ်ချက်နဲ့
လျှောက်နေတဲ့ လမ်းမှန်ပေါ် ပြန်လာခဲ့ပါ။
အများနဲ့ တစ်ယောက်ဖြစ်ခဲ့တောင်
အနာနဲ့အပေါက်ကို
ငါ ဆေးကြောသန့်ရှင်းပေးမှာပါ။
ဘဝမှာ အနာတရမဖြစ်ဖို့
အချစ်နဲ့ ဘဝ ထပ်တူ ကျရအောင်
ငါ့ ရင်ခွင်ကို ပြန်လာပါ။
စိတ်ချမ်းသာမှု တစ်သီတစ်တန်းနဲ့
ဂစ်တာအိုနဲ့ တေးဆိုညဉ်း
ဘဝကဗျာတစ်ပုဒ် အစပျိုးဖို့
ငါစောင့်ကြိုပါရစေ။
လင်းဦး(စိတ်ပညာ)
၂၉-၁-၂၀၁၃ (၀၂း၁၅) PM
3 comments:
ကဗ်ာလေးကော .. ဖန္တီးထားတဲ့ ပုံလေးကော ႀကိဳက္တယ္ :)
ကဗ်ာသရုပ္ဖော္ပုံကိုႀကိဳက္တယ္ဗ်ာ။ကဗျာလည်းကောင်းတယ်။ ကျန်ွတော့်အထင်ကိုလင်းဦးက ကဗျာအရေးနည်းနည်းကျဲတယ်ထင်တယ်။
မရောက်ဖြစ်တာ တော်တော့်ကို ကြာသွားပြီဗျာ။ စိတ်အေးလက်အေးရှိတုန်း ရောက်လာခဲ့ပါတယ်။
လက်လှမ်းမီသလောက်လေးတွေ ဖတ်သွားခဲ့တယ်။
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)