အခန်းထဲ
ဂစ်တာအိုတစ်လုံး
ပျံ့ကျဲနေတဲ့ စာရွက်များ
တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို
ငါ့အပြစ်နဲ့ ငါ, နာကျင်နေရတယ်။
ပြစ်ဒဏ်ကျ အကျဉ်းသားတစ်ယောက်လို
စိတ်တွေ ပြိုလဲ ယိုင်လဲ
ငါ့လစ်လျော့မှုတွေအတွက်
ပြစ်ဒဏ်က
ချည်ထုံးတွေ ဖြေလျှော့ဖို့
အချစ်ကြိုးထုံးကို စတေးနေပြီ။
လစ်ဟာခဲ့တယ် ............
သီအိုရီအလွတ်ရတာတောင်
မယ်လိုဒီမလှပတတ်ဘူးဆိုတာ။
လစ်ဟာခဲ့တယ်.............
မျက်ဝန်တွေရဲ့ အလှမ်းဝေးမှာ
စိတ်ချင်းတွေ ထပ်တူကျသင့်နေတယ်ဆိုတာ။
လစ်ဟာခဲ့တယ်..........
အထီကျန် ပြတိုက်ထဲမှာ
ဂစ်တာအိုတစ်လုံး
သူ့အနားရှိနေဖို့လိုတယ်ဆိုတာ။
လစ်ဟာခဲ့တယ်
စကားလုံးတွေ မလှပတောင်
အချစ်ကဗျာတစ်ပုဒ်နဲ့
ရွတ်ဖတ် ချိုမြပေးဖို့လိုတယ်ဆိုတာ။
ချစ်တယ်.... ချစ်တယ်
စကားလုံးတွေ
ဘဝတစ်ခုလုံးအတွက်
မျှော်လင့်ခဲ့ကြတယ်ဆိုတာ
မင်း, ငါ, အသိစိတ် ထပ်တူကျနေတယ်ဆိုတာ။
ငါ့ဆီပြန်လာခဲ့ပါ.....
လစ်ဟာမှုတွေအတွက်
ငါပေးဆပ်ပါရစေ
ငါ့ရင်ခွင်ထဲ ပြန်ဝင်လှည့်ပါ
သစ္စာတရားနဲ့
တေးသီဆိုပြပါရစေ
မေတ္တာရဲ့တန်ပြန်မှု
ချစ်ခြင်းရဲ့ သတင်းကောင်းကို
မျှော်လင့်ယုံကြည်ချက် တနင့်တပိုးနဲ့
ငါ............... စောင့် မျှော် နေ ပါ့မယ်။
လင်းဦး(စိတ်ပညာ)(၂၃-၁-၂၀၁၃)(၃းဝဝ PM)
0 comments:
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)