ကျွန်တော်သိတဲ့ အချစ်ဟာ ရိုးသားမှု
တကယ် ကြံုနေရတာ ဆိုးရွားမှု...
သူမရဲ့ အချစ်ကောက်ကြောင်း ရိုးသားချက်မှာ
အပြံုပန်းတွေဝေဆာနေတဲ့ တန်ဖိုးတွေပါတယ်...
စကားဝှက်လိုလို စကားလုံးတွေပါတယ်....
တစ်ချက်ချက်နဲ့ စည်းချက်လိုလို ပွင့်ထွက်မှုတွေပါတယ်....
တံလျှပ် စကားလုံးတွေက တစ်ချက်ချက် ကျွန်တော့်ရင်ကို ထိတယ်...
ကီးဘုတ်ထက်က လက်ဆယ်ချောင်းရဲ့
ပျော်ဝင်မှု ပီတိတွေထက်
ကျွန်တော့်စီးဝင်းမှု
သူမရဲ့ ရင်ထဲ မဖြတ်သန်းဘူး...။
Screen ပေါ်က အရောင်မျိုးစုံရဲ့
သဏ္ဍန်မဲ့ ထွက်ဆိုချက်တွေထက်
ကျွန်တော့် နှလုံးသားအရောင်က
မလွှမ်းမိုးနိုင်ပြန်ဘူး....။
အဲ့ဒီလို ပျော်ဝင်မှု စေတမန်ဟာ
သူမ ရင်ထဲကို
ဗီဇာမပါဘဲ အမြဲဝင်ထွက်ခွင့်ရှိတယ်...
ပတ်သက်ခွင့် စာတန်းမှာ
အဲ့ဒီ ခင်မင်မှုစကားလုံးတွေလောက်
ကျွန်တော့်နှလုံးသားက ဖတ်မကောင်းပြန်ဘူး...။
လက်တစ်ကမ်းမြှားချက်မှာ
အသက်ရှူတွေမွန်းကြပ်
တစ်ချက်တစ်ချက် ပစ်သွင်းခဲ့
ဒီလိုနဲ့
စူးနစ်မှု ပင့်သက်တစ်ခုမှာ
အချစ်ဟာ အရာမဝင်ခဲ့.....။
သူမရဲ့ ပျော်ဝင်မှုကောက်ကြောင်းမှာ
သတိရမှုတွေ ရှိခဲ့...........
မျှော်လင့်မှုတွေ ရှိခဲ့...............
စေစားမှုတွေ ရှိခဲ့..................
ဒီလိုနဲ့ပဲ
ချစ်ခြင်းတွေ ပျောက်ကွယ်သွားခဲ့.....
အဲ့ဒီသံယောဇဉ်လှိုင်းတွေကြား
အမြှုပ်တစီစီနဲ့
တစ်စတစ်စ အရည်ပျော်ကျ သွားခဲ့တယ်
အဲ့ဒီ သံယောဇဉ်ရာသီမှာ
-------------------------------
-------------------------------
-------------------------------
-------------------------------
ရာသီထဲက မလွတ်မြောက်နိုင်ခဲ့.....
ဘာပဲဖြစ်ဖြစ်
ဒီမနက်တော့
သူမဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်တော့
ကျွန်တော် သောက်ချင်သေးတယ်........။
လင်းဦး(စိတ်ပညာ)
3 comments:
တစ္ယောက္ယောက္ကို က်ိတ္ခံစားနေလားကိုလင္းဦး။ တစ္ဖက္ကရိုးသားမႈၾကား ကိုယ့္ဘာသာဗ်ာမ်ားနေတာလေး ခံစားရပါတယ္။ ကော္ဖီပဲ သောက္ခငြ့္ရခ်င္တာလား။ ကော္ဖီဆိုရင္တောင္ အသည်းပုံပါတဲ့ ကပါချီနိုဆို ပိုကောင်းမယ်လို့ ကိုလင်းဦးကိုယ်စား ကျန်ွတော်သုံးသပ်ကြည့်တယ်။ တမ်းတမှုတွေ ပြည့်ပါစဗျော။ ဒီည ကျန်ွတော်တို့အာကြီးကိုလည်း အားပေးရင်း ကော်ဖီတစ်ခက်နွဲ့ အောင်မြင်မှုတွေ ခံစားနိုင်ပါစေ။
အော်...အော်..ဒါ့ကြောင့်ဆာကီးက နေ့ မအိပ်ညမအိပ် ကန်ွပြူတာရှေ့ မှာထိုင်နိုင်တာ မမတိုက်တဲ့ ကော်ဖီကြောင့်ကိုး.ဟိဟိ
ကော္ဖီ..
ကော္ဖီ....
သူမက မအားလို့တဲ့..
လူကြုံပို့ခိုင်းလိုက်တယ်...
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)