တမ်း​တ​ကော်ဖီ
Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels:
  • ကျွန်​တော်သိတဲ့​ အချစ်ဟာ ရိုး​သား​မှု
    တကယ် ကြံု​နေရတာ ဆိုး​ရွား​မှု...
    သူမရဲ့​ အချစ်​ကောက်​ကြောင်း​ ရိုး​သား​ချက်မှာ
    အပြံုပန်း​တွေ​ဝေဆာ​နေတဲ့​ တန်ဖိုး​တွေပါတယ်...
    စကား​ဝှက်လိုလို စကား​လုံး​တွေပါတယ်....
    တစ်ချက်ချက်နဲ့​ စည်း​ချက်လိုလို ပွင့်​ထွက်မှု​တွေပါတယ်....
    တံလျှပ် စကား​လုံး​တွေက တစ်ချက်ချက် ကျွန်​တော့်​ရင်ကို ထိတယ်...
    ကီး​ဘုတ်ထက်က လက်ဆယ်​ချောင်း​ရဲ့​
    ​ပျော်ဝင်မှု ပီတိ​တွေထက်
    ကျွန်​တော့်​စီး​ဝင်း​မှု
    သူမရဲ့​ ရင်ထဲ မဖြတ်သန်း​ဘူး​...။
    Screen ​ပေါ်က အ​ရောင်မျိုး​စုံရဲ့​
    သဏ္ဍန်မဲ့​ ထွက်ဆိုချက်​တွေထက်
    ကျွန်​တော့်​ နှလုံး​သား​အ​ရောင်က
    မလွှမ်း​မိုး​နိုင်ပြန်ဘူး​....။
    အဲ့​ဒီလို ​ပျော်ဝင်မှု ​စေတမန်ဟာ
    သူမ ရင်ထဲကို
    ဗီဇာမပါဘဲ အမြဲဝင်ထွက်ခွင့်​ရှိတယ်...
    ပတ်သက်ခွင့်​ စာတန်း​မှာ
    အဲ့​ဒီ ခင်မင်မှုစကား​လုံး​တွေ​လောက်
    ကျွန်​တော့်​နှလုံး​သား​က ဖတ်မ​ကောင်း​ပြန်ဘူး​...။
    လက်တစ်ကမ်း​မြှား​ချက်မှာ
    အသက်ရှူ​တွေမွန်း​ကြပ်
    တစ်ချက်တစ်ချက် ပစ်သွင်း​ခဲ့​
    ဒီလိုနဲ့​
    စူး​နစ်မှု ပင့်​သက်တစ်ခုမှာ
    အချစ်ဟာ အရာမဝင်ခဲ့​.....။
    သူမရဲ့​ ​ပျော်ဝင်မှု​ကောက်​ကြောင်း​မှာ
    သတိရမှု​တွေ ရှိခဲ့​...........
    ​မျှော်လင့်​မှု​တွေ ရှိခဲ့​...............
    ​စေစား​မှု​တွေ ရှိခဲ့​..................
    ဒီလိုနဲ့​ပဲ
    ချစ်ခြင်း​တွေ ​ပျောက်ကွယ်သွား​ခဲ့​.....
    အဲ့​ဒီသံ​ယောဇဉ်လှိုင်း​တွေကြား​
    အမြှုပ်တစီစီနဲ့​
    တစ်စတစ်စ အရည်​ပျော်ကျ သွား​ခဲ့​တယ်
    အဲ့​ဒီ သံ​ယောဇဉ်ရာသီမှာ
    -------------------------------
    -------------------------------
    -------------------------------
    -------------------------------
    ရာသီထဲက မလွတ်​မြောက်နိုင်ခဲ့​.....
    ဘာပဲဖြစ်ဖြစ်
    ဒီမနက်​တော့​
    သူမ​ဖျော်​ပေး​တဲ့​ ​ကော်ဖီတစ်ခွက်​တော့​
    ကျွန်​တော် ​သောက်ချင်​သေး​တယ်........။
    လင်း​ဦး​(စိတ်ပညာ)
    3 comments:
    ဆူးသစ္ said...
    တစ္ယောက္ယောက္ကို က်ိတ္ခံစားနေလားကိုလင္းဦး။ တစ္ဖက္ကရိုးသားမႈၾကား ကိုယ့္ဘာသာဗ်ာမ်ားနေတာလေး ခံစားရပါတယ္။ ကော္ဖီပဲ သောက္ခငြ့္ရခ်င္တာလား။ ကော္ဖီဆိုရင္တောင္ အသည်းပုံပါတဲ့ ကပါချီနိုဆို ပိုကောင်းမယ်လို့ ကိုလင်းဦးကိုယ်စား ကျန်ွတော်သုံးသပ်ကြည့်တယ်။ တမ်းတမှုတွေ ပြည့်ပါစဗျော။ ဒီည ကျန်ွတော်တို့အာကြီးကိုလည်း အားပေးရင်း ကော်ဖီတစ်ခက်နွဲ့ အောင်မြင်မှုတွေ ခံစားနိုင်ပါစေ။
    ရွာသူလေးချမ်းချမ်း ရင်တငွ်းဖြစ် said...
    အော်...အော်..ဒါ့ကြောင့်ဆာကီးက နေ့ မအိပ်ညမအိပ် ကန်ွပြူတာရှေ့ မှာထိုင်နိုင်တာ မမတိုက်တဲ့ ကော်ဖီကြောင့်ကိုး.ဟိဟိ
    အျဖဴရောင္နတ္သမီး said...
    ကော္ဖီ..
    ကော္ဖီ....
    ​သူ​မ​က ​မ​အား​လို့​တဲ့​..
    Post a Comment
    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)
    Twitter
    Copyright (c) 2010 Myanmar Blogger byLin Oo