ကျွန်တော့် ကဗျာ ပင့်သက်နောက်
တစ်စိုက်မတ်မတ် သူမလိုက်ခဲ့တယ်....
စိတ်ဝိဉာဉ်နဲ့
တစ်ရှိုက်မတ်မတ် သူမ ကြိုက်ခဲ့တယ်.....
သူမက
ကလေးဆန်တယ်......
ဒါပေမယ့်
မဖြစ်နိုင်တာကို တောင့်တတတ်သူ မဟုတ်ဘူး။
သူမက
လူကြီးဆန်တယ်.....
ဒါပေမယ့်
စကားလုံးကြီးတွေနဲ့ ကိုင်မပေါက်တတ်ဘူး။
ရိုးသားမှုဂုဏ်ကို ထိန်းတယ်၊
အချစ်နဲ့ ဘဝအတွက်
လှေကားထစ်တွေကို ပြတယ်။
တစ်ခါတစ်လေ
သီအိုရီ တံခါးတွေကိုလည်း ခေါက်ပြရဲ့၊
တစ်ခါတစ်လေ
မြင်းပြိုင်တွေလည်း ဆွဲပြရဲ့၊
သက်ပြင်းတွေလည်း ချပြရဲ့၊
မျက်ပုလဲတွေလည်း ခပြရဲ့၊
မျှော်လင့်ခြင်းတံခါးဝကနေ
ကျွန်တော့်ကို စောင့်ကြိုနေလေရဲ့။
စိတ်ရိုးတိုင်းပြောရရင်
အရိပ်လိုသူအတွက်
စိတ်မိုးကို အသာလွှင့်လို့
မျက်ဖြေအလင်္ကာတွေလည်း မရွတ်လိုပါ။
လွဲချော်မှု တစ်စုံတစ်ရာအတွက်
ဆန္ဒတွေလည်း မရုပ်သိမ်းစေလိုပါ။
ကျွန်တော့် အနာဂတ်ထဲပဲ
ထာဝရ ဝင်ရောက် နားခိုလှည့်ပါ။
လင်းဦး(စိတ်ပညာ)
5 comments:
မျဉ်းပြိုင်တလွေဲ ဆွဲပြရဲ့
စက်ပြင်းတလွေဲ ချပြရဲ့
မျက်ပုလဲတလွေဲ ခ ပြရဲ့..။
မိုက်တယ်။
အချစ်နဲ့ ဘဝအတကွ်
လှခေါးထစ်တကွေို ပြတယ်.။
မိန်းမပီသ သူ လေး တစ်ယောက်..။း)))
သုံးခေါက်လောက်ပြန်ဖတ်သွားတယ် ကိုလင်းဦး
This comment has been removed by the author.
ကျန်ွတော်ကဗျာပင့်သက်နောက်
တစိုက်မက်မက် သူမလိုက်ခဲ့တယ်
စိတ်ဝိဉာဉ်နဲ့ တရှိုက်မက်မက်
သူမကြိုက်ခဲ့တယ်...
ဒီကဗျာ ပိုင်ရှင်မလေးအတကွ် ကျေနပ်စရာ အပြည့် ချစ်ခြင်း တစ်စုံ...ဖြင့်..
ပျော်ရင်ဖွယွ် ချစ်သူများနလေ့ေး ဖြစ်ပါစေ အကို..
သူမအကြောင်းလေးဖတ်သွားတယ် မောင်လင်းဦးရေ။
ပျော်ရွှင်ဖယ်ချွစ်သူများနေ့ဖြစ်ပါစကေယွ်။
စိတ်ဓာတ်အစဉ်ကြည်လင်အြေးမပါစနေော်။
မတ္တောဖြင့်
အန်တီတင့်
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)