ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲကို ဖေဖော်ဝါရီ ၂၄ ရက်မှ စ၍ စတင်ကျင်းပလျက်ရှိရာ အဖွင့်ပွဲတွင် မြန်မာ ယူ၂၁ အသင်းမှ ဖလစ်ပိုင် ယူ၂၁ အသင်းအား ၈-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
မြန်မာ ယူ၂၁ အသင်းသည် ဒုတိယပွဲစဉ်အဖြစ် ၂၈-၂-၂၀၁၂ ရက်နေ့တွင် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ခဲ့ ရပါတယ်။ ပထမပိုင်း၂၀ မိနစ်တွင် Andik မှ အင်ဒိုနီးရှားအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ပထမတစ်ပိုင်းလုံး ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်းပွဲအစ၊ ၄၆ မိနစ်မှာတော့ မြန်မာအသင်းမှ ကျော်ဇေယျာဝင်းမှ ချေပဂိုးကို သွင်းယူ ပေးခဲ့ပါတယ်။ မြန်မာအသင်းဟာ စိတ်ဓါတ် တက်ကြွလာခဲ့ပြီး အချိတ်အဆက်မိမိနဲ့ အသာစီး ကစားခဲ့ရာ ၅၈ မိနစ်တွင် ကျော်ကိုကိုမှ အနိုင်ဂိုးသွင်းခဲ့ပါတယ်။ ၆၅ မိနစ်တွင်လည်း ကျော်ကိုကိုမှပင် အနိုင်သေချာရန်အတွက် လိုအပ်သောဂိုးကို သွင်းယူပေးခဲ့လို့ မြန်မာအသင်းမှ ၃-၁ ဂိုးဖြင့် ဦးဆောင်ကစားခဲ့ပါတယ်။ ပွဲပြီးချိန်အထိ ၃ ဂိုးဖြင့်ပင် ဦးဆောင်နိုင်ခဲ့လို့ မြန်မာအသင်းမှ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ မတ်လ (၂)ရက်နေ့တွင် လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Indonesia Coach |
အောင်ပွဲခံနေသော မြန်မာပရိသတ် |
အောင်ပွဲခံနေသော မြန်မာကစားသမားများ |
လက်ရှိ မြန်မာအသင်းရပ်တည်မှုဇယား |
လင်းဦး(စိတ်ပညာ)
2 comments:
အရမ်း ၀မ်းသာစရာကောင်းတဲ့သတင်းတစ်ပုဒ်ပါ
ကျေးဇူးအများကြီးတင်ပါတယ်
ကၽနြ္တော္လည္း အဲဒီရလဒ္ကိုသိခ်င္နေတာ။ ကေ်းဇူးပါကိုလင္းဦးခင္ဗ်ား။ ကျန်ွတော်တို့အာကြီးလည်း လန်းနတေဲ့အကြောင်း ဂုဏ်ယူစွာပြောချင်ပါရဲ့။ စပါးကို ကြိတ်ပြီးဝါးလိုက်ရတာ မြိန်တယ်ဗျို့။
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)