ကိုအောင်နဲ့ အဖြူရောင်နတ်သမီးခေါ် မနမ်းမဝတို့ က Blog Day အတွက် ရေးစေချင်လို့ Tag ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့လည်း အမှန်အတိုင်းပြောရရင် ရေးရမယ်ဆိုရင် မြန်မာဘလောဂ့်တွေကို ဝေဖန်ချင်တာနေတာက ဦးဆုံးဖြစ်နေလေတော့ မရေးချင်ဘူး။ ဒါပေမယ့် ရေးကို ရေးသင့်တယ်ထင်လို့ကို ရေးပါဦးမယ်။
“ဦးဆုံး Blog ဖြစ်တည်မှု”
ကျွန် တော်ဟာ သတင်းလိုက်ဖတ်ရင်း ပြင်သစ် Blogger တစ်ယောက်ရဲ့ Blog ကို ရောက်ခဲ့ပါတယ်။ သူ့Blog ဆီက Create Blog ဆိုတော့ စပြီး စမ်းသပ်ခဲ့တယ်။ ၂၀၀၇ နှစ်စပိုင်းမှာ ကျွန်တော့ နာမည် မသုံးခဲ့ပါဘူး။ Demolition man ဆိုပြီး လုပ်ခဲ့တာပါ။ စာတွေ မထည့်ရေးသေးပါဘူး။ ကျွန်တော်က Game ဝါသနာအိုးဖြစ်တာနဲ့အညီ အွန်လိုင်း Flash Game များရဲ့ ကုဒ်တွေယူပြီး Blog စာမျက်နှာဆီမှာ တင်လေ့ရှိပါတယ်။ အင်္ဂလိပ်သတင်းတွေကို ကူးယူ တင်လေ့ရှိတယ်။
“မြန်မာစာဖြင့် စတင်ရေးဖြစ်ခြင်း”
ဒီ နောက်မှာတော့ ကျွန်တော်လည်း နာမည် အရင်းသုံးပြီး ရေးချင်လာခဲ့မိတယ်။ ဒီလိုနဲ့ ဘောလုံးဝါသနာအိုးဖြစ်တာနဲ့အညီ၊ အာဆင်နယ် ပရိတ်သတ်အဖြစ် http://linoo2007-arsenalclub.blogspot.com ကို ၂၀၀၇ ခုနှစ်၊ ဩဂုတ်လမှာ စတင် လုပ်ခဲ့ပါတယ်။ ဒီအချိန်မှာ မပန်ဒိုရာတို့၊ ကိုစိုးထက်တို့ ကိုညီလင်းဆက်တို့ လာဖတ်လေ့ ရှိကြပါတယ်။ ဘောလုံးဝေဖန်ရေးဆောင်းပါး၊ အတွေ့အကြံုများကို စတင်ဝေမျှ ရေးသားခဲ့ပါတယ်။ ဒါကြောင့်လည်း မပန်ဒိုရာတို့ကအစ လင်းဦး(အာဆင်နယ်)လို့ လင့်ချိတ်လေ့ ရှိပါတယ်။ နောက်ပိုင်းတော့ Domain အမျိုးမျိုးပြောင်းပြီး လင်းဦး(စိတ်ပညာ)နာမည်နဲ့ ဆက်ရေး ပါတယ်။
“Blog ပေါ်က နည်းပညာ”
ဒီအချိန်မှာပဲ ဘလော့ဂ်ဂါတွေအတွက် အရေးကြီးဆုံး EOT တွေ၊ ပြင်ဆင်မှုတွေကို လုပ်ဖို့ လိုအပ်ချက်တွေကို ကိုရန်အောင်၊ ကိုမောင်လှ၊ ကိုညီလင်းဆက်တို့၊ ကိုမင်းကျော်တို့ မျှဝေပေးနေပြီဖြစ်တယ်။ သူတို့တွေရဲ့ ကျေးဇူးကြောင့် Myanmar Blogger လောကဟာ တစ်စတစ်စ အပြင်အဆင်ရော နည်းပညာအရ တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။
“အဲ့အချိန်က ဘလော့ဂ်ဂါ”
အဲ့ အချိန်က ဘလော့ဂ်ဂါ အများစုဟာ ဒီခေတ် ဝေဖန်ရေးသမားတွေလို Blog ဆိုတာ ကိုယ့်ခံစားချက်၊ ကိုယ်ရေးချင်တာရေး၊ ဂျီမေလ်းတစ်ခုရှိရုံနဲ့ ဘလောဂ်တစ်ခု တည်ဆောက်လို့ ရတာပဲ ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ၊ စေတနာထား ၊ ဝေမျှချင်စိတ်အပြည့်ရှိကြတယ်ဆိုတာ တွေ့ရပါတယ်။
"အနာဂတ်လှိုင်း၏ ဆုံမှတ်များ"
ဒီနေရာမှ ကိုရန်အောင်တို့၊ ကိုမောင်ပွတ်တို့၊ ကိုဖြိုးတို့၊ ကိုစိုးဇေယျတို့နဲ့ ဘလောဂ်ဂါတွေ လုပ်ခဲ့ကြတဲ့ "အနာဂတ်လှိုင်း၏ ဆုံမှတ်များ" ဖွဲ့တည်မှုလေးကို ချန်ထားလို့ မရပြန်ပါဘူး။ ဒါတွေဟာလည်း မြန်မာဘလောဂ့်ဂါတွေရဲ့ သမိုင်းမှတ်တိုင် တစ်ခုပါပဲ။
"အနာဂတ်လှိုင်း၏ ဆုံမှတ်များ"
ဒီနေရာမှ ကိုရန်အောင်တို့၊ ကိုမောင်ပွတ်တို့၊ ကိုဖြိုးတို့၊ ကိုစိုးဇေယျတို့နဲ့ ဘလောဂ်ဂါတွေ လုပ်ခဲ့ကြတဲ့ "အနာဂတ်လှိုင်း၏ ဆုံမှတ်များ" ဖွဲ့တည်မှုလေးကို ချန်ထားလို့ မရပြန်ပါဘူး။ ဒါတွေဟာလည်း မြန်မာဘလောဂ့်ဂါတွေရဲ့ သမိုင်းမှတ်တိုင် တစ်ခုပါပဲ။
“ကိုစိုးထက်တို့ ဦးဆောင်သောခေတ်”
ဒေါက်တာစိုးထက် စီဗောက်ကို သတင်းမပေး၊ အသိမပေးရင် Myanmar Blogger မဟုတ်ဘူးလို့တောင် ပြောစမှတ် ပြုခဲ့ကြသလို လူချစ်လူခင်ပေါများတဲ့ ဘလော့ဂ်ဂါတစ်ယောက် ရပ်တည် ပေါ်ပေါက်ခဲ့ဖူးပါတယ်။ နောက်ပိုင်း ကိုစိုးထက်ကို တိုက်ခိုက်တဲ့ လူတစ်စုလည်း ပေါ်လာပြန်တော့ အနှောင့်အယှက်တွေ ဖြစ်လာကြတယ်။ ကိုရန်အောင်၊ ကိုမင်းကျော်၊ ကိုညီလင်းဆက်၊ ကိုသင်ကာ၊ ကိုနေဘုန်းလတ်(လက်ရှိ ထောင်ထဲတွင်) ၊ မောင်မျိုး (ပျောက်ပြန်ပေါ်)၊ ကိုတေ (အဲ့တုန်းက ဒီမိုကရေစီအတွက် ဦးဆုံးရန်ဖြစ်နေကြ၊ ဖဲ့ခံနေရ ဘလော့ဂ်ဂါတစ်ယောက်ပါ)၊ ကိုမော်စီ၊ ကိုဆောင်းယွန်းလ၊ ညီငယ်ထူးတေဇာ၊ ဘစ်ဂတ်တူ၊ မနိုင်းနိုင်းစနေ၊ မပန်ဒိုရာ၊ မလေးမ၊ မဂျစ်တူး၊ မမြရွက်ဝေ၊ အိုကီဆု၊ မဘာညာ၊ မပင့်ဂိုး၊ TuZ Zaung ၊ မရွှန်းမီ၊ မလုလု တို့ဆီကို သွားရောက်လည်ပတ် ဖတ်လေ့ရှိပါတယ်။
ဒီဘက်ပိုင်း အလယ်ခေတ်လို့ဆိုရမယ့် သူတွေထဲမှာ ကိုဒီဘီအေ၊ ကိုအောင်သာငယ်၊ ညီငယ်ညိမ်းညို၊ ကိုအောင်(ပျူ)၊ မင်းကျန်စစ်၊ အဇ္ဈတ္တပြခန်း၊ မင်းယွန်းသစ်၊ ဗညားရှိန်၊ ကိုဇောင်း၊ ညီငယ်သူရဿဝါ၊ ညီငယ်ကျော်ညိုသွေး၊ ကိုဇော်(Multiply မှာကတည်း ဖတ်ခဲ့ရတယ်။)၊ ရွှေရတုမှတ်တမ်း (ကွယ်လွန်သူ ဘကြီးကျောက်)၊ မဝါဝါခိုင်မင်း၊ ကိုရင်နော်ခင်လေးငယ်၊ မသက်ဇင်၊ မနှင်းဆီနက်၊ မအိန္ဒြာ၊ မက်မက်၊ မှူးဒါရီ၊ သဇင်နီ၊ မခိုင်စိုးလင်း၊ ညီမငယ် သွန်းသွန်း၊ မဇူးဇူး၊ မချော၊ မနမ်းမဝ၊ တို့ဟာ ရသ၊ကဗျာပိုင်း၊ အတွေ့အကြံုတွေမှာ ဖြန့်ဝေရေးသား မျှဝေခဲ့တဲ့ ဘလောဂ်ဂါတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စာရေးဆရာ ရွှေလမ်းငွေလမ်းဝင်းကြည်ဟာ မကွေးကနေ မရမက အွန်လိုင်းတက်ပြီး စာပေ အကြောင်းအရာတွေကိုမျှဝေရင်း ဘလောဂ်ဂါအဖြစ် ခံယူခဲ့သူ ဖြစ်ခဲ့တယ်။ ဒီအလယ်လောက်မှာပဲ အခြားသော စာရေးဆရာများလည်း ဘလောဂ်ဂါ တွေဖြစ်လာကြတယ်။
“Wordpress နဲ့ ဘလောဂ့်ဂါ”
Blogspot မှာတင်မဟုတ်ဘဲ Wordpress မှာ Hosting တွေ ဘယ်လိုလုပ်မရမလဲဆိုတာက အစ ကူးပြောင်းကာလကို စတင် နည်းပညာပေးခဲ့ကြပါတယ်။ Myanmar Wordpress ၊ Wordpress Myanmar တွေကို ထောင်ပြီး စေတနာသန့်သန့်နဲ့ မျှဝေခဲ့ကြတယ်။
“မိုးဦးလေပြည် နဲ့ ဘလော့ဂ်ဂါများ”
ဒီအလယ် ခေတ်မှာ ရသစာပေကို အလေးထားတဲ့ ဘလောဂ်ဂါတွေ များလာတယ်လို့ ဆိုရမယ်။ ညီငယ်ကျော်ညိုသွေးရဲ့ အကြံပေးချက်နှင့်အတူ “မိုးဦးလေပြည် ကဗျာ/အက်ဆေး” စာအုပ်ကို ကျွန်တော်ဦးဆောင်ပြီး ဝိုင်းဝန်း လုပ်ဆောင်ကြတယ်။ ဒါဟာလည်း ရသပိုင်းဆိုင်ရာ ဘလောဂ့်ဂါ တွေရဲ့ မှတ်တိုင်တစ်ခုလို့ ဆိုပါရစေ။
“နောက်ပိုင်းဘလောဂ်ဂါ”
ရှေ့ကဘလောဂ်တွေနဲ့ သိပ်မဝေးတဲ့ အချိန်ကာလမှာ ရေးခဲ့သူတွေ များကြပေမယ့် ခံယူချင်း မတူတာလား၊ ဒါမှမဟုတ် ဒီခေတ်ရဲ့ ဝေဖန်ရေး လေကန်ရေးအချို့ကြောင့်လားတော့ မသိပါ။ ကိုယ့်ဟာကိုယ် ဘယ်လိုရေးရေး ဘာမှမဖြစ်ပေမယ့် ကျွန်တော့်အတွက်တော့ အရှေ့ပိုင်း ဘလော့ဂါတွေလောက် ဖတ်ရတာ အဆင်မပြေဖြစ်လာပါတယ် (အကုန်လုံးမဟုတ်ပါ၊ ကောင်းတဲ့သူလည်း တော်တော်လေးကို တော်လွန်း ကောင်းလွန်းပါတယ်)။ ဒါက ကျွန်တော့ အမြင်ပါ။ ဆဲသွားရင်လည်း မတတ်နိုင်ပါဘူး။ သူတို့ကို အပြစ်လည်း ပြောတာမဟုတ်သလို ပြောလည်း ပြောလို့မရပါဘူး။ သူတို့က ကိုယ့်စာမျက်နှာ ကိုယ့်ဟာကိုယ်ရေးတာ ဘာရေးရေး ပေါ့လေ။ ဘယ်လိုဖြစ်ဖြစ် တစ်ခုခုတော့ ပေးနေတာပါပဲ။
“လက်ရှိအခြေအနေ”
ကိုနိုင်ထွန်း ရဲ့ အဖြူရောင်သံစဉ်ကို ဟိုးကတည်းက ဝင်ကူခဲ့သလို၊ လက်ရှိလည်း ကူညီနေ ပါတယ်။ နောက်တစ်ခုကတော့ ဂျက်ဇ်မြူးဇစ်ရေဒီယိုမှာလည်း လိုအပ်သလို ဝင်ကူခဲ့ပါတယ်။ ယူနီကုတ်ဟာ မြန်မာစာပေမှာ အဓိက ကျလာတာမို့ ဒီဘက်ပိုင်းလည်း ဝင်လုပ်တယ်။ အားကစားကဏ္ဍအဖြစ် www.myanmarepl.com ကိုလည်း လုပ်နေပါတယ်။ အလုပ်ကလည်း ရှုပ်တဲ့ကာလမို့ ဒီဘက် ဘလော့ဂ်ပိုင်း ပို့စ်အမြဲတမ်း မတင်ဖြစ်တော့တဲ့ အခြေအနေ ဖြစ်သွားရ ပါတယ်။
“ဖြတ်သန်းခဲ့သမျှ”
အခု တော့ ဘလောဂ်မှတ်တမ်း ဘလော့်ဂါဘဝမှာ ကျွန်တော် သိပ်ကြိုက်တဲ့ ဘလောဂ်ဂါတွေ တစ်ယောက်ပြီးတစ်ယောက် ဆက်လက် မရေးနိုင်တော့တာကို တွေ့နေရပါတယ်။ ပြောရပါဦးမယ်။ လမ်းလွှဲနေတဲ့ အယူအဆတွေကို စေတနာ သန့်သန့်နဲ့ ထောက်ပြနေတဲ့ အချိန်မှာ လာရောက်ဆဲဆိုကြ၊ မကောင်းပြောကြနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာကအစ ကျွန်တော်တို့တွေ ကြံုတွေ့ခဲ့ရပါတယ်။ ကဗျာဝါဒ၊ ကဗျာ ဒဿန၊ ရသအပေါ် အယူအဆကအစ နောက်ပိုင်း ကွဲလွဲလာတာတွေ တွေ့ခဲ့ရပါတယ်။ စိတ်မကောင်းမှုတွေသာ ကျွန်တော်တို့ တွေ့ရှိ ရရှိခဲ့ကြတယ်။
ဒါ ကြောင့် ဘယ်တုန်းက ဘယ်ဘလော့ဂ်ဂါပဲဖြစ်ဖြစ် ရေးနေတဲ့ဟာတွေ ရပ်ပြီး စိတ်မပျက်ကြပါနဲ့။ ကွန်မတ်မရလို့လဲ စိတ်မပျက်ပါနဲ့၊ လာမလည်ကြလို့လည်း စိတ်ပျက်ကြပါနဲ့။ စေတနာသာလျှင် အဓိကပါ။ တစ်ယောက်လာရင် ကိုယ်ပေးချင်တာ တစ်ယောက်ရမယ်လို့ မှတ်စေချင်ပါတယ်။
လင်းဦး(စိတ်ပညာ)
17 comments:
ကိုလင္းဦးရဲ႕ ဘလော္ဂါတေအြပေၚ အားပေးခ်က္လေးကို သဘောက်ပါတယ္
အားပေးသူမရွိလဲ စာတြေ ဆက်ရေးနိုင်ဖို့ ကြိုးစားပါ့မယ်
ံပျော်စရာ ဘလောဂ့်ဒြေးဖစ်ပါစရှေင်
This comment has been removed by the author.
Happy Blog Day.. ပါ ကိုလင်းဦးရေ...
ဒီမိုကရစေီခတ်ေကြီးထဲမှာ ဘလော့ဂါတတွေူရာ တူရာ ပေါင်းစုပြီး တိုင်းပြည်နဲ့ အများအကျိုးအတကွ် စတေနာထားကြပါစို့..။
အခုလို ဘလော့တြေ၊ ဘလော့ဂါတေရြဲ႕ ျဖတ္သန္းမွဳကို သေသေခ်ာခ်ာ ရေးပေးတာ ကေ်းဇူးဗ်ာ၊ တက္ဂ္ပို႕စ္ကို ရေးပေးတဲ့အတကြ္ ကေ်းဇူးတင္ပါတယ္ ကိုလင္းဦးရေ ...
အမှတ်တရလေးတွေကိုယ်စီနဲ့မို့ Happy Blog day ပါ ကိုလင်းဦး
ZaunG
ကိုလင္းဦး ရေးထားတာလေး ကောင်းတယ်... ကြိုက်တယ်ဗျို့... (ကျနော့် နံမည်ပါလို့ ဟုတ်ဘူးနော်...း))
Blog သမိုင်းကြောင်း တစ်စိတ်တစ်ပိုင်း ကိုသိခငွ့်ရတဲ့ အတက်ွကျေးဇူးပါ။
ဖတ်မှတ်သွားတယ်... ခတေ်ဦးပိုင်းမသိတာတွေ သိလိုက်ရပြီ ကျေးဇူး ကိုလင်းဦး။ ကိုယ်ကကောင်းအောင် လုပ်ပါလျက်နဲ့ အဆဲအဆိုခံရတာတော့ မြင်ရကြားရလနွ်းလို့ စိတ်ပျက်လှ ပါတယ်ဗျာ..
ကၽနြ္တော့္လို မျဖစ္ညစ္က်ယ္ အိမ္လေးတောင္ မၾကာမၾကာ ရောက္လာလို႕ ကေ်းဇူးနော္ အစ္ကို။
အခ်ိန္ပေးၿပီး လာလည်ခဲ့တဲ့အတကွ် ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်။
ဘလော့ဂ့်သမိုင်းလေးကို သိခဲ့ရပါတယ်။ အမြဲတမ်းစတေနာထားပြီး ကြိုးစားပါ့မယ် ကိုလင်းဦး။
ခင်မင်လေးစားလျက်
သဒ္ဓါ
ခံယူချက်ပြတ်သားတယ်။ ကြိုက်တယ်။ အာကြီးလိုပဲ။ ဘယ်လောက်ရှုံးရှုံး ကျန်ွတော်တို့ကတော့ တိုက်စစ်ပဲ ကိုလင်းဦး။ အဓိကက ကျန်ွတော်တို့ ပေးချင်တဲ့ ပရိသတ်ကို ဖျော်ဖြေမှုပါ။
ဘလော့ဂင်းနဲ့ပတ်သက်တဲ့ ခံယူချက်ကို သဘောကြတယ်...ခံယူသူဘက်က ဘယ်လိုပဲ ရှိပါစေ ပေးသူဘက်က စတေနာသန့်ရှင်းနရေင် အပြုသဘောဆောင်တယ်လို့ ယူဆပါတယ်...ဆက်ကြိုးစားပါဦးမယ်...
မြန်မာဘလော့ဂါများရဲ့ သမိုင်းအစကို သိခငွ့်ရခဲ့တဲ့အတကွ် ကျေးဇူးတင်မိပါတယ်။ အခြေအနပေေးတဲ့အထိ ကြိုးစားပြီးဘလော့ရေးသွားချင်ပါတယ်ရှင်..။
မှန်လိုက်တာ ကိုလင်းဦးရေ... ကျန်ွတော်တို့လည်း လိုင်းပေါ်အရောက်နည်းသွားတယ်။ ဒါပမေယ့် ဘာပြဲဖစ်ဖြစ် ကျန်ွတော်တို့တော့ လုပ်နိုင်သလောက် လုပ်ဖြစ်နတေုန်းပါ ...
ခတေ်ဦးပိုင်းက ဘလော့ဂါတေကြိုလည္း လေးစားလ်က္ပါ ..
ကောင္းက်ဳိးမွန္သမွ် မွ်ဝေနေတဲ့ ဘလော့ဂါတေကြိုလည္း လေးစားလ်က္ပါ ...
ခင်မင်စွာဖြင့်
ဆင်တဲကဖေး
အရမ်းအားကျပါတယ် အစ်ကို
ကိုလင်းဦး ရဲ့ Blogging သမိုင်းကို ဖတ်ရလို့ ကျေးဇူးအထူးပါ ခင်ဗျာ ...
ဘလော့လင့်ခ်အဟောင်းက သက်တမ်းကုန်သွားလို့ ဘလော့လင့်ခ်အသစ်ကိုလုပ်နချေိန်မှာ ဘလော့လည်ဘို့တပျွေက်ကက်ခွဲ့သလို မကြာခဏခရီးထက်စွရာတွေ ပေါ်လာပြန်တော့ ဘလော့တနွေဲ့ ပိုအလှမ်းဝေးခဲ့တယ်... ဒီကနတေ့ော့ မောင်လင်းဦးရဲ့ စာမျက်နှာပေါ်ကို ရောက်လာပြီး ရသမျှတဖွေတ်သွားတယ်... လင့်ခ်အသစ်လြေးပန်ချိတ်လိုက်အုံးနော်...
http://www.auntytint.blogspot.com
ဖြတ်သန်းခဲ့သမျှ ဘလော့ဂါသမိုင်း ပို႔စ္လေးဖတ္တော့ ကိုယ္တိုင္ဘလော့ဂါဘဝ မရောက္ခင္က အခ်ိန္ရရင္ရသလို ကိုယ္လည္ပတ္ခဲ့တဲ့ ဘလော့လေးတေအြမ်ားစုျဖစ္ခဲ့လို႔ ၀မ်းသာတယ်....
မတ္တောဖြင့်
တီတင့်
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)