ကမ္ဘာတစ်ခုလည်းမဟုတ်
ကမ္ဘာတုလည်း မဟုတ်သော
ကမ္ဘာတစ်ခုကို
တူးဆွ ဖော်ခဲ့သော ညတစ်ည........။
နတ်သမီးတစ်ပါးက
ပေးမက်ခွင့်ပေးသော
အိမ်မက်မဟုတ်သော
အနာဂတ် ကမ္ဘာတစ်ခုကို
ဖန်တီး မှော်ဝင်စေခဲ့တယ်။
အဲ့ညက
လမ်းဆုံး မဟုတ်သော
လမ်းဆုံ တစ်ခုမှာ
ရပ်နေခဲ့.............။
သူ မဟုတ်သော သူမက
သူမ မဟုတ်သော သူ့ကို
စိတ်ဝိဉာဉ်ပူးကပ်
အားအင်တွေလည်း ဖြစ်စေခဲ့တယ်။
ဟော....
ကမ္ဘာသစ်တစ်ခုတောင် ဖြစ်ခဲ့ပြီ.....
အဲ့မှာ.....
မြက်ခင်းစိမ်းရှိတယ်
ရေကြည် ရှိတယ်
အနာဂတ် နေ့သစ်တွေရှိတယ်
တေးညဉ်းသံသဲ့သဲ့နဲ့
အခြားကမ္ဘာတွေကို အံတုနေပုံများ
မှတ်တမ်းတွေတောင် ထိုးကြပြီ။
ဒီလိုနဲ့........
တူးဆွမှုရဲ့ မှတ်တိုင်တစ်ခု
လတင်းတင်း ပြည့်ခဲ့ပြီ။
ကဲ.......
လတ်တစ်လော ကွာဝေးမှုကို အံတု
မဆုံးနိုင်သော မှတ်တိုင်တွေ
ထပ် ….စိုက်လိုက်ရအောင်။...................။
လင်းဦး(စိတ်ပညာ)
(၁၄-၆-၂၀၁၁)ရက်နေ့
(၁၄-၆-၂၀၁၁)ရက်နေ့
1 comments:
ကဗ်ာလေး လာဖတ်သွားပါတယ်..။
အချစ်မှတ်တိုင်များ တခုပြီးတခု စိုက်နိုင်ပါစလေို့ ဆုတောင်းပေးသွားပါတယ်..။
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)