သခင်................
မနက်ခင်းသစ်တစ်ခုရဲ့ ဗီဇာ
အိပ်ရေးမဝမှုတွေနဲ့ စတင်ခဲ့ရတယ်ဆိုရင်
အကြိမ်ကြိမ် လူးလားလျှောက်ပြန်မှု
ရင်ဘတ်ပေါ်က ခြေရာတွေကို
ကျေးဇူးပြု၍ ခြေရာကောက်တော်မူပါ သခင်။
စိုးရိမ်စိတ် ဖြတ်အပြေးမှာ
ဘာမှန်းမသိတဲ့ ရှတတ အရသာမျိုး
ခဏခဏ သောက်သုံးမိနေပါတယ် သခင်။
ကဗျာဆရာတစ်ယောက်ရဲ့ ရင်ဘတ်က
မျှော်လင့်ချက်တစ်ခုကို
အတူတကွ ရှင်သန်ရအောင်
သစ္စာတရားသာ ပေးသနားတော်မူပါ သခင်....။
မျှော်လင့်ချက်တစ်ခုကို
အတူတကွ ရှင်သန်ရအောင်
သစ္စာတရားသာ ပေးသနားတော်မူပါ သခင်....။
လင်းဦး(စိတ်ပညာ)
Poem Download http://goo.gl/g1uTp
1 comments:
ဇော်ဂျီနဲ့ဝင်လို့ရသွားပြီ...
“သခင်” ကဗျာလေး ထပ်တူခံစားသွားပါတယ်...
ကဗျာဆရာများကို အစဉ်လေးစားလျှက်...
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)