အင်္ဂလိပ်လက်ထက် ကိုလိုနီခေတ်က ပညာအလင်းမဂ္ဂဇင်းတွင် လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးသည် နတ်ရှင်နောင်အမည်ဖြင့် ရာဇဝင်ဝတ္ထုကြီးတစ်ပုဒ် ရေးသားခဲ့၏ မဂ္ဂဇင်းတွင် ထည့်သွင်းပြီးနောက် စာအုပ် အဖြစ်ဖြင့် ထုတ်ဝေလိုက်၏။
ကျွန်ုပ်မှာ လယ်တီပဏ္ဍိတနှင့် တစ်သက်လုံးတွင် သုံးကြိမ်မျှသာ စကားပြောဖူးသော်လည်း ဆရာသမားနှင့် ပတ်သက်၍ သံယောဇဉ်ငြိကာ ရင်းနှီးခြင်းရှိပါသည်။ အကြောင်းမူကား ကျွန်ုပ်၏ ကျေးဇူးရှင် နောင်တော်ရင်း ဆရာရင်းဖြစ်သော ရန်ကုန်မြို့ ဘုရားဖြူတိုက် “ကဝိန္ဒာဘိဝံသ ပရိယတ္တိ သာသနာ့ဟိတ ဓမ္မာစရိယ” ပ-သ-အ(က) သီးခြားစာချ၊ မန္တလေး သကျသီဟဓမ္မာစရိယဘွဲ့နှင့် “ဒုတိယ သစ္စဝါဒီ ဋီကာ-ကာရ” ရွှေတံဆိပ်ဆုရ၊ ရန်ကုန်မြို့လုံးဆိုင်ရာ ဓမ္မာစရိယ စာချအဖွဲ့ကြီး၏ ဥက္ကဌ ဆရာတော် ဦးကဝိန္ဒမှာ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ကိုးကွယ်သော ဆရာတော်တစ်ပါး ဖြစ်သောကြောင့်တည်း။ လယ်တီပဏ္ဍိတ၏ ဆရာ လယ်တီဆရာတော်မှာ မန္တလေး သုဒဿန ဒုတိယ စံကျောင်း၏ တပည့်ဖြစ်၏။ ဦးကဝိန္ဒ၏ ငယ်ဆရာ ဝါစ္စဝါစကဋီကာသစ်နှင့် ဝံသမေဒပကာသနီကျမ်းပြု ဒုတိယဘုရားဖြူဆရာတော် အရှင်နန္ဒိယမှာလည်း မန္တလေး သုဒဿနာ ဒုတိယစံကျောင်း၏ တပည့်ပင် ဖြစ်၍ အနွယ်ချင်း တူရကား ဦးမောင်ကြီးက အထူးလေးမြတ် ကြည်ညိုခဲ့ပေသည်။ (ထိုဆရာတော် ဦးကဝိန္ဒမှာ ၁၂၉၅ ခုနှစ်က ပျံလွန်တော်မူခဲ့ရှာလေပြီ။)
ကျွန်ုပ်မှာ လယ်တီပဏ္ဍိတထံ၌ တစ်မိနစ်ခန့်မျှ နည်းခံ၍ မသင်ကြားခဲ့ဖူးသော်လည်း သူ၏ စာပေ၊ ကျမ်းစာ၊ ဝတ္ထုများကိုမူ အထူးနှစ်ခြိုက်၍ စာပိုဒ်များကို အာဂုံပင် ဆောင်ထားခဲ့ဖူးရာ နတ်ရှင်နောင် ဝတ္ထုမှာမူ ကျွန်ုပ်၏ အသည်းစွဲဖြစ်ပါသည်။ ထိုအခါက နတ်ရှင်နောင် ဝတ္ထုကို စွဲလမ်းမူးရူးသူတို့တွင် ကျွန်ုပ်မှာ ထိပ်တန်းက ပါဝင်ခဲ့ပါသည်။ ကျွန်ုပ်ကိုယ်တိုင် ရာဇဝင်ဝတ္ထုရေးဆရာ ဖြစ်လာခဲ့သည်မှာ နတ်ရှင်နောင်ဝတ္ထုကို အခြေပြု၍ နည်းဥပဒေသ ယူငင်ရေးသားခြင်းကြောင့် ဖြစ်လာရသည်ဆိုလျှင် လွဲမည် မဟုတ်ပါ။ သို့ဖြစ်၍ နတ်ရှင်နောင်ဝတ္ထု သို့မဟုတ် လယ်တီပဏ္ဍိတကို ကျွန်ုပ်၏ ကျေးဇူးရှင်ဆရာ တစ်ဦးဟုပင် မှတ်ယူပါသည်။
ကျွန်ုပ်၏ “နားခံတော်”ဝတ္ထု သူရိယရုပ်စုံသတင်းစာ၌ ပါပြီးနောက် ဂိမှာနဥတု ဖဂ္ဂုနမာသ တပေါင်းလအတွင်း တစ်နေ့သ၌ ရန်ကုန်မြို့ အရှေ့ပိုင်း ၅၃ လမ်းရှိ တိုက်ခန်းတွင် ဆရာဦးမောင်ကြီးနှင့် တွေ့ရာ “သူရိယရုပ်စုံသတင်းစာမှ ပူတကေနှင့် နားခံတော်ဝတ္ထုရေးသူ မည်သူဖြစ်ကြောင်း သိလိုကြောင်း” နှင့် မေးမြန်း၏။ (ကျွန်ုပ်နှင့် သူရိယတိုက် အဆက် ဖြစ်နေသည်ကို ဦးမောင်ကြီးက သိထားရင်းစွဲဖြစ်၍ မေးမြန်းခြင်းဖြစ်၏)

“ ဘာလုပ်မလို့လဲ ဆရာ”
“ သိချင်လို့ပေါ့ ကိုယ်တော်”
(ထိုအခါ ကျွန်ုပ်သည် ရဟန်းဘဝနှင့်ဖြစ်၏ နားခံတော်ဝတ္ထုမှာ မန္တလေး သကျသီဟ စာချတန်း ဝင်နေစဉ်က ရေးခဲ့သော ဝတ္ထုဖြစ်ရာ ကျွန်ုပ်၏ ပထမဆုံးရေးသော ဝတ္ထုလည်းဖြစ်၏။)
“သိချင်ရင် ကျုပ်ပဲ”
“ဟာ …. မဟုတ်တာ၊ ကိုယ်တော် ဝတ္ထုရေးတတ်သလား၊ စကျာသီဟသမား (သကျသီဟ စာမေးပွဲ ဆိုလို၏။) တစ်ဦးက သည်ဝတ္ထုမျိုး ရေးတယ်ဆိုတာ မဖြစ်နိုင်ပါဘူး”
ထို့နောက် ကျွန်ုပ်က ယုံကြည်လောက်အောင် ပြောဆိုမှ အံ့အားသင့်စွာ အတန်ကြာ ငေးနေပြီး -
“ကိုယ်တော်က တပည့်တော်ကို သတ်လိုက်တာပေါ့” ဟု လွှတ်ခနဲ့ ပြောလိုက်ပါသည်။
“ ဘယ်လိုလဲ ဆရာ”
“ဟာ… တပည့်တော်က နတ်ရှင်နောင်ကို အမွှန်းတင် ရေးထားတာ၊ ကိုယ်တော်က နတ်ရှင်နောင် စစ်ရှံုးတာတွေ၊ လိမ်လည်ကောက်ကျစ်တာတွေ၊ ခရစ်ယာန်ထဲ ဝင်တာတွေ ရေးထားတော့ နတ်ရှင်နောင်ကို အထင်သေးကုန်တာပေါ့”

“ ဦးပဥ္ဇင်းကတော့ မှန်တာပဲ ရေးတာပဲ၊ ပေါ်တူဂီ ရာဇဝင်မှာလည်း သည်အတိုင်းပါတယ်၊ မှတ်တမ်းတွေလည်း ရှိတယ်၊ မှန်နန်းမှာလည်း အရိပ်အမြွက် အပါသားပဲ ဆရာ”
“ဒါကတော့ ဟုတ်တာပေါ့၊ သို့ပေမယ့် မှန်တိုင်းရေးရင် ဘယ်ကောင်းမလဲ၊ ကိုယ့်အမျိုးသား ဘုရင်ကို နိုင်ငံခြားသားတွေ အထင်သေးကုန်မှာပေါ့”
“ နေပါဦးဆရာ၊ နတ်ရှင်နောင်ဝတ္ထုကို ဦးပဥ္ဇင်းလည်း သိပ်စွဲတာပဲ၊ သို့ပေမယ့် ရာဇဝင်နှင့် တိုက်ကြည့်တော့ မကိုက်တဲ့အချက်တွေ ပါနေတယ်၊ ဥပမာ…. အိမ်ရှေ့မင်း ထိုင်းစစ်ပွဲမှာ ဆုံးရတာ နတ်ရှင်နောင်ရဲ့ လုပ်ကြံချက် ပယောဂကြောင့် ဆုံးသလို ဆရာက ရေးထားတယ်၊ ရာဇဝင် အစောင်စောင်မှာ အရိပ်အမြွက်တောင် ရှာမတွေ့ဘူး၊ ဆရာ့မှာ မှတ်တမ်းများ ရထားသလား”

“ ဝတ္ထုရေးတာ ဘယ်က မှတ်တမ်းရနေမှာလဲ ကိုယ်တော်ရဲ့၊ ဖတ်ကောင်းအောင် ရေးရတာပေါ့”
“ဆရာဝတ္ထုရေးတာ အခန်းထဲက စားပွဲမှာထိုင်ပြီး စိတ်ကူးဉာဏ်နဲ့ချည်း ရေးနေတယ်ထင်တယ်”
“ စားပွဲမှာ ထိုင်ပြီး စိတ်ကူးဉာဏ်နဲ့ မရေးလို့ ဘယ်လိုရေးရမလဲ ကိုယ်တော်”
“မှတ်စု မှတ်တမ်းတွေ ရအောင်ရှာ၊ ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ ဌာနတွေ ကိုယ်တိုင်သွားကြည့်၊ စပ်ဆိုင်ရာ သိမီလိုက်သူတွေဆီ သွားရောက်စုံစမ်းပြီး ရေးဖို့ကောင်းတာလို့ ပြောတာပါ”
“ ဟဲဟဲ… နေပူလိုက်တာ ကိုယ်တော်၊ သည်လောက်ဒုက္ခမခံနိုင်ပါဘူး၊ ဝတ္ထုရေးတာပဲ၊ ရာဇဝင်ရေးတာမှ မဟုတ်ဘဲ၊ တပည့်တော်တော့ ရာဇဝင်ကြည့်ပြီး စိတ်ကူးဉာဏ်နဲ့ပဲ ရေးနေတာဘဲ၊ ကိုယ်တော်လို သန်လျင်တို့…. အင်းဝတို့…. ဟိုသွား သည်သွား သွားပြီးတော့ဖြင့် မရေးနိုင်ဘူး”

“ ဟုတ်တယ်၊ ဦးပဥ္ဇင်းတော့ ကိုယ်တိုင်သွားကြည့်ပြီးမှ ရေးလို့ အားရတယ်၊ နားခံတော်တုန်းက ဆိုရင် အင်မတန် ပင်ပန်းတာဘဲ၊ လွှတ်တော်မှတ်တမ်းတွေဆိုလည်း ပုဂံဦးတင်ဆီက မရအရ ဆွဲယူရတယ်”
“ကိုယ်တော် တော်တော်အပင်ပန်း ခံနိုင်ပါတယ်၊ ကိုယ်တော့်ဝတ္ထုကြည့်တာနဲ့ပဲ လုံ့လ ဝီရိယ ဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်တယ်”
ဤကား ကျွန်ုပ် ရာဇဝင် ဝတ္ထုရေးဆရာဖြစ်ခဲ့ရပုံနှင့် “နားခံတော်” ဝတ္ထုအတွက် ကျွန်ုပ်၏ ဆရာတစ်ဆူ မှတ်ယူခြင်းခံရသော လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ မှတ်ချက်ချခြင်း ခံရပုံဖြစ်ပေသည်။
စိုးမြင့် (ရွှေစကြာ)
ခွဲထားကျော်၊ ဂဏ္ဍိကျမ်းဆရာ
ခွဲထားကျော်၊ ဂဏ္ဍိကျမ်းဆရာ
0 comments:
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)