ချီလီနိုင်ငံ San Jose ကြေးနီ-ရွှေ သတ္တုတွင်းတွင် ဗုဒ္ဓဟူးနေ့ နံနက် အစောပိုင်းမှ စ၍ မြေအောက်တွင် ပိတ်မိနေသော လုပ်သား (၃၃) ယောက် အနက် တစ်ယောက်ပြီး တစ်ယောက် မြေပြင်ပေါ်သို့ ကယ်ဆယ် နိုင်ခဲ့ပါသည်။
၉ ယောက်မြောက်ဖြစ်ပြီး လုပ်သားများထဲတွင် အသက်၆၃ နှစ်အရွယ် အသက်အကြီးဆုံးဖြစ်သူ Mr. Mario Gomez သည် ဆေးတောင့်သဏ္ဍာန် ကယ်ဆယ်ရေး ကိရိယာမှ ထွက်ခဲ့ပြီး ပရိတ်သတ်ထဲမှ ကမ်းပေးသော ချီလီ အလံကို ကိုင်မြောက်ပြီးနောက် မြေပြင်တွင် ဒူးထောက်ပြီး ဝတ်ပြုဆုတောင်းခဲ့ပါသည်။ ကျန်းမာရေးဝန်ကြီး Mr. Jaime Manalich က သတ္တုတွင်းအလုပ်သမား (၃၃)ယောက်ကို ခန့်မှန်းထားသည့် (၂)ရက်ထက်စော၍ မြေအောက်မှ ကယ်ထုတ်နိုင်မည်ဟု ဆိုပါသည်။
Mr. Florencio Avalos (၃၁)နှစ်အား ပထမဦးဆုံး ကယ်ဆယ်ပြီးနောက် (၇)နာရီကျော် အကြာတွင် (၉)ယောက်မြောက် Mr. Gomez ကို ကယ်တင်နိုင်ခဲ့ပါသည်။ ထိုသို့ ကယ်တင်နိုင်မှု သည် ကမ္ဘာကြီး တစ်ခုလုံးက (၂) လကြာ အာရုံစိုက်ခြင်း ခံရမှုများမှ ပြီးဆုံးစေခဲ့ပါသည်။ ပထမဦးဆုံး ကယ်တင်ခဲ့သည့် Mr. Avalos သည် မိုင်ဝက် နီးပါး ရှိသည့် တူး ထားသည့်တွင်းထဲမှ ဆေးတောင့် သဏ္ဍာန် အထူး ကယ်ဆယ်ရေး ကိရိယာဖြင့် ကယ်တင်ခဲ့ပြီး ဖြစ်ပါသည်။ ၎င်း ကယ်ဆယ်ရေး ကိရိယာကို အင်္ဂါနေ့တွင် အရာရှိများက ကြိမ်ဖန်များစွာ စမ်းသပ် ခဲ့ပါသည်။ ကယ်ဆယ်သည့်နေ့ ဖြစ်သည့် ဗုဒ္ဓဟူး နေ့ သန်းခေါင်ချိန်တွင် မြေပြင်ပေါ်သို့ ဆေးတောင့် သဏ္ဍာန် ကယ်ဆယ်ရေး ကိရိယာ၌ Mr. Avalos ပါလာပြီးနောက် ၎င်းသည် တည်ငြိမ်စွာဖြင့် မိသားစုကို ပွေ့ဖက် နှုတ်ဆက်ပြီး၊ သမ္မတနှင့် ၎င်း၏ ပတ်လည်တွင် ဝိုင်းနေသော အလုပ်သမားများကိုပါ ပွေ့ဖက် နှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် ၎င်းအား ထမ်းစင်တွင် လဲလျောင်း စေပြီးနောက် ဆေးစစ်ဆေးရန် အတွက် ခေါ်ဆောင်သွားခဲ့ပါသည်။
သူ၏ နောက်တွင် ပိတ်မိနေသော အလုပ်သမား (၇) ယောက်ကို ကယ်ဆယ်ခဲ့ပါသည်။ ပိတ်မိ နေသော ကျန် အလုပ်သမားများသည် ပထမ ဦးဆုံး ကယ်တင်ခြင်း ခံရသူလောက် အားထုတ် ရခြင်း မရှိဘဲ ကယ်ဆယ် နိုင်မည် ဖြစ်ပါသည်။ ဒုတိယ အကြိမ် ကယ်ထုတ်ခဲ့သည့် အလုပ်သမား Mr. Mario Sepulveda သည် စိတ်အား တက်ကြွစွာဖြင့် ဆေးတောင် သဏ္ဍာန် ကယ်ဆယ်ရေး ကိရိယာထဲမှ ထွက်လာပြီး မိသားစုများနှင့် အရာရှိများကို ပွေ့ဖက် နှုတ်ဆက်ခဲ့ပါသည်။ ၎င်းသည် သမ္မတ Mr.Pinera အား သုံးကြိမ်တိုင် ပွေ့ဖက်ခဲ့ပြီး မြေအောက် ကြေးနီး-ရွှေ သတ္တုတွင်းမှ ကျောက်တုံး များကို လာရောက် အားပေး ကြည့်ရှုကြသည့် ပရိသတ်အား လက်ဆောင် အဖြစ် ပေးခဲ့ပါသည်။ ထို့နောက် ၎င်းက ပရိသတ်ကို ဦးဆောင်၍ “ချီလီ သတ္တုတွင်း လုပ်သားများ”ဟု အော်ဟစ် ကြွေးကြော် ခဲ့ပါသည်။
မြေအောက် ကြေးနီ-ရွှေ သတ္တုတွင်းထဲတွင် ကျန်ရှိသည့် အလုပ်သမား (၂၀) ယောက် သည် လာရောက် သည့်ကယ်ဆယ်ရေး သမားနှင့် အတူ အလှည့်ကျ ကယ်တင်မှုကို စောင့်ဆိုင်း လျက်ရှိပါသည်။ ကယ်ဆယ်ရေး သမားသည် ချီလီ အလံ အရောင်အတိုင်း အနီ၊ အဖြူနှင့် အပြာချယ်ထားသည့် ဆေးတောင့် သဏ္ဍာန် ကယ်ဆယ်ရေး ကိရိယာဖြင့် မြေအောက်သို့ ရောက်ရှိလာသူ ဖြစ်ပါသည်။ ၎င်းကယ်ဆယ်ရေး သမားသည် အင်္ဂါနေ့ နှောင်းပိုင်းတွင် ပိတ်မိနေသော သတ္တုတွင်း အလုပ်သမား များထံသို့ ရောက်ရှိပြီး အလုပ်သမားများ၏ စိတ်အား ထက်သန်စွာ ကြိုဆိုနှုတ်ဆက်မှုကို ခံရပါသည်။
ကယ်ဆယ်သည့်နေ့၊ ဗုဒ္ဓဟူးနေ့သည် အကြီးမားဆုံး စိတ်လှုပ်ရှားမှု ဖြစ်ပေါ်သောနေ့တစ်နေ့ ဖြစ်ခဲ့ပြီး သမ္မတ Pinera သည် စိတ်လှုပ်ရှားစွာဖြင့် ကယ်ဆယ်ရေး တွင်းနားတွင် မိသားစုများ၊ ဂျာနယ် သတင်းသမား ၁,၃၀၀ ကျော်နှင့်အတူ စောင့်ဆိုင်း ခဲ့ပါသည်။ တစ်ခါတစ်ရံ သမ္မတသည် မိသားစုများ နှင့်အတူ ပြိုင်တူ အားတက်ဖွယ် သီချင်းများကို သီဆို်ခဲ့ပါသည်။
မိမိတို့ စောင့်မျှော်ရသည့် နောက်ဆုံးနေ့သို့ ရောက်လာပြီ ဖြစ်ပြီး ပိတ်မိနေသော ၃၄ နှစ်အရွယ် အလုပ်သမား တစ်ဦး ဖြစ်သည့် Claudio Yanez ၏ အဒေါ် ဖြစ်သူ Marta Mesias (၅၁) နှစ်က ဆိုပါသည်။ မိမိတို့ ၎င်းကို ရှန်ပိန်ဖြင့် ကြိုဆိုပြီး ကြက်ကင်ဖြင့် ကျွေးမည်ဟု ဆိုပါသည်။
ကယ်ဆယ်မှု ဖြစ်စဥ် အသေးစိတ်ကို သရုပ်ဖေါ်ရှင်းပြထားစဥ်
© dailyMaili
ကယ်ဆယ်မှု ဖြစ်စဥ် အသေးစိတ်ကို သရုပ်ဖေါ်ရှင်းပြထားစဥ်
© dailyMaili
ကယ်ဆယ်မှု လုပ်ငန်းသည် တစ်ရက်မှ နှစ်ရက်သို့ ကြာမည်ဟု ခန့်မှန်း ပါကြောင်းဖြင့် အလှည့်ကျ ခေါင်းဆောင် ဖြစ်ပြီး တွင်းတွင် ပိတ်မိ နေသော အလုပ်သမားချင်း၏ နေထိုင်မှုကို စီစဉ် ပေးသူနှင့် နောက်ဆုံးမှ မြေပေါ်သို့ တက်လာမည့် Luis Urzua က ဆိုပါသည်။
ကယ်ဆယ်မှုသည် မဖော်ပြနိုင်သော ဒေါ်လာ သန်းပေါင်း များစွာ၊ NASA မှ ကျွမ်းကျင်သူများ၊ နိုင်ငံ (၁၂) နိုင်ငံမှ တွင်းတူး ကျွမ်းကျင်သူများ ပါဝင် ပါသည်။ အရာရှိများက ယခု လုပ်ဆောင်မှုသည် အလွန် အန္တရာယ်ရှိသော လုပ်ဆောင်မှု ဖြစ်ကြောင်း၊ ကယ်ဆယ်ရေး တွင်း အကျယ်မှာ ဆေးတောင့် သဏ္ဍာန် ကယ်ဆယ်ရေး ကိရိယာ ဝင်ဆန့်ရုံသာ အနည်းငယ် ကျယ်ပြန့်ပြီး၊ တစ်ကြိမ်တွင် တစ်ဦးသာ ပေ ၂,၀၀၀ အရှည်ရှိသည့် တွင်းမှ မြေပြင်သို့ ပို့ဆောင် ပေးနိုင်၍ တွင်းမှာ တစ်ဖြောင့်ထဲ မဟုတ်သည့် အတွက် ဆေးတောင့် သဏ္ဍာန် ကယ်ဆယ်ရေး ကိရိယာသည် ညပ်သွား နိုင်ကြောင်းသိရှိရပါသည်။
မြန်မာစံတော်ချိန် 14-10-2010 နံနက် ရ း ၂၀ ခန့်တွင် ပိတ်မိနေသူ အလုပ်သမား ၃၃ ယောက်လုံးအား ကယ်တင်နိုင်ခဲ့ပါသည်။
လင်းဦး (စိတ်ပညာ)
1 comments:
ဝမ်းသာစရာသတင်းကောင်းပါဘဲ ကိုလင်းဦး
ချီလီမို့ပပေဲနော်
မြန်မာပြည်မှာသာဖြစ်ရင်
ကယ်တင်ဖို့တောင် တတ်နိုင်မယ် မထင်ဘူး။
ဒီတိုင်း ဆုံးရှုံးခံလိုက်ရမှာ သချောတယ်...
လူတရွေဲ့အသက်ကို ဒေါ်လာပေါင်းများစွာ ရင်းနှီးပြီး ကယ္ဆယ္ရေးလုပ္ပေးတဲ႕ ခေါင္းဆောင္တေကြို အထူးလေးစားခ်ီးက်ဴးမိပါတယ္ရွင္။
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)