စစ်​အ​စိုး​ရ​ ရွေး​​ကောက်​ပွဲ​ ​နို​ဝင်​ဘာ​ ​၇​ ​ရက်​နေ့​​ ​ကျင်း​ပ​မည်

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels: , ,
  • ပြည်ထောင်စု​ ရွေးကောက်ပွဲ​ ကော်မရှင်၏  နည်းဥပဒေ ၁၆ (က)​ ​၊​ ပုဒ်မ​ (၈) လုပ်ပိုင်ခွင့်​ အရ မြန်​မာ​​ စစ်​အ​စိုး​ရ​၏​ ​နှစ်​ ​၂၀​ ​အ​တွင်း​​ ​ပ​ထ​မ​ဆုံး​​ ​ကျင်း​ပ​မည့်​​ ရွေး​​ကောက်​ပွဲ​ကို ​နို​ဝင်​ဘာ​ ​၇​ ​ရက်​နေ့​​တွင်​ ​ကျင်း​ပ​မည်​ ​ဖြစ်​ကြောင်း​​​ကို ကြေညာချက်​ အမှတ်​ (၈၉ / ၂၀၁၀)​​ ​တွင်​ ရှိ​သည်​။​​
    ရွေး​​ကောက်​ပွဲ​ ​ကျင်း​ပ​မည့်​​ ​ရက်​အား​​  ​ဌာ​န​ဆိုင်​ရာ​ အ​ရာ​ရှိများ​​ ခ​ရီး​ထွက်​နေ​သည့်​​​ အ​ရာ​ရှိများ​​၊​​ ​နယ်​များ​ရှိ ဝန်​ကြီး​ဌာ​န​များ​မှ​ ​အ​ရာ​ရှိ​များ​​ အားလုံး​ကို​​ ​လက်​ရှိ​​ လုပ်​နေ​သည့်​​ ​အ​လုပ်​များ​အား​​ ရပ်​နား​​စေ​ခဲ့​ကာ​ ​ခေါ်​ယူ​ခဲ့​​ပြီး​​ ​ဒီ​က​နေ့​မ​နက်​​ (​ဩ​ဂုတ်​လ​ ၁၃​ ရက်)​ တွင် ​ခေါ်​ယူ​ အ​သိ​ပေး​ခဲ့​​ကြောင်း​​လည်း​ ​သ​တင်း​ရ​ရှိ​သည်​။​​
    ထို့​အ​ပြင်​​​ ကြေညာချက်​ အမှတ်​ (၉၀/၂၀၁၀)​​၊​​ လွှတ်တော်​ နည်းဥပဒေ​ (၁၆)​ အရ လွှတ်တော်​ ကိုယ်စားလှယ်​ အမည်​ စာရင်းများအား ဩဂုတ်လ (၁၆)​ ရက်နေ့မှ ဩဂုတ်လ (၃၀)​ ရက်အထိ တင်သွင်းနိုင်ပြီး​​၊​​ ရုတ်သိမ်း​ လိုပါက စက်တင်ဘာလ (၃)ရက်နေ့ ရုတ်သိမ်း​ နိုင်သည်ဟု​ ​လူ​ထုအ​သံ​က​ ​ရ​ရှိ​သည့်​​​ ​မှတ်​တမ်း​များ​​တွင်​ ပါ​ရှိ​သည်​။​​
    ဤ​ကဲ့​သို့​​ ​ဝန်​ကြီး​ဌာ​န​များ​​ ​အား​​ခေါ်​ယူ​ ​အ​သိ​ပေး​​ခြင်း​သည်​လည်း​​ ​မြန်​မာ​ ​စစ်​အ​စိုး​ရ​၏​ ​ရွေး​​ကောက်​ပွဲ​ကော်​မ​ရှင်က​ ​ကြေ​ညာ​ထား​သည့်​​ ဥပ​ဒေ​များ​နှင့်​လည်း​​ ​ဆန့်​ကျင်​နေ​ကြောင်း​လည်း​​ ​သ​တင်း​ရ​ရှိ​သည်​။​

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo