...........ကမ္ဘာပျက်ခါနီး .............

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels: , ,
  • *ဘယ်သူတွေနဲ့ ရှိနေချင်လဲ*

    တကယ်လို့ အဲ့လိုမျိုးအချိန်ရောက်ခဲ့ရင်ပေါ့ ကျွန်တော်ကတော့ အိမ်မှာ မိသားစု စုံစုံလင်လင်လေးနဲ့ သစ်ပင်စိုက်နေမယ် ။ ပြီးတော့ သူငယ်ချင်းမိတ်ဆွေတွေကို အတူလက်တွဲချိန်တွေမှာကော နောက်ကွယ်မှာပါ အမှားပြုမိတာတွေ၊ စိတ်ထဲထင်နေတဲ့ အမှားတွေ ......ဒါတွေကို ရင်ဖွင့်မယ် ။ ဆွေးနွေးမယ် ။သူတို့ကိုလည်း ကျွန်တော့်အပေါ် အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောခိုင်းမယ်။

    *ဘာတွေခံစားနေရမလဲ*

    ဘာတွေခံစားနေရမလဲဆိုတော့ ဘာမှ အထွေအထူးပြောစရာမလိုဘူးထင်တယ်။ ကိုယ်တစ်ယောက်တည်း ရင်ဆိုင်နေရတာလည်းမဟုတ်။ တစ်ကမ္ဘာလုံးဆိုတော့လေ

    *ဘာတွေပြင်ဆင်ထားမလဲ*

    ဗုဒ္ဓဘာသာတစ်ယောက်အတွက် လုပ်သင့်လုပ်ထိုက်တာကိုပဲ ဆက်တိုက်လုပ်ပါမယ်။ ကမ္ဘာပျက်ခါနီးမှ တစ်မျိုးထူးပြီး လုပ်တာမဟုတ်ဘဲ ပုံမှန်ပဲ လုပ်ပါမယ်။

    *၀မ်းနည်းမိတာက*

    ချစ်သူနဲ့ အတူမနေရတော့လို့၊ မိဘနဲ့တွေနဲ့ ခွဲရတော့မှာမို့လို့ ပိုပြီးဝမ်းနည်းပြမှာလား... မဟုတ်ဘူး....။ ဒါဆိုရင်ဘာလဲ၊ အဲ့အချိန်မှာ လုပ်သင့် လုပ်ထိုက်တာကို မလုပ်မိမှာကိုပဲ စိုးရိမ်တယ်။ ၀မ်းနည်းမိမယ်ထင်တာပဲ။ အဲ့အချိန်ထိ မလုပ်ဖြစ်ခဲ့ရင်တော့...... ။

    ကဗျာဆရာမ "မအိန္ဒြာ"ရေ.. ကျွန်တော်ကတော့ (၄)ချက်လေးပဲ ပြောချင်တယ်။ ပြီးတော့ ကျွန်တော်ကိုယ်၌က "၂၀၁၂ ကမ္ဘာပျက်မည်" ဆိုတာကို မခံယူထားလို့ပါပဲ ။

    ခင်မင်စွာဖြင့်

    လင်းဦး(စိတ်ပညာ)

    8 comments:

    ရွှေရတုမှတ်တမ်း said...

    အကုန်မဖြေလို့..moderation နဲ့ အောင်မှတ်ပဲရမယ်

    လင်းဦး(စိတ်ပညာ) said...

    အောင်မှတ်ရသတဲ့... ဆိုးပါ့နော် :(

    အဟဲ .. အဆင်ပြေပါစေခင်ဗျာ

    KO GYI said...

    ဖြစ်ကာမှသာ ဖြစ်ပေါ့ဗျာ....
    ဒါပေမယ့် မဖြစ်သေးတာကို ကြိုပြီး မခံစားချင်ဘူးဗျာ။

    eaindraomtt said...

    ကိုလင်းဦးရေ...

    လေးချက်ထဲဖြေလည်း ကျေးဇူးတင်ပါတယ်..။

    အိန္ဒြာလည်း ခံယူထားလို့ ယုံကြည်လို့ ဘယ်ဟုတ်လေပါ့မလည်း....

    TAG ရဲ့နိဒါန်းမှာကိုက ပါပြီးသားပါနော်
    (တမင်ကိုသေသေချာချာရေးခဲ့တာပါ..)

    ဂီလာနဆန်နေတဲ့ ကမ္ဘာကြီးရဲ့ကျန်းမာရေး..
    သဘာဝဘေးအန္တရာယ်တွေ...နဲ့
    ကွက်ကျားပျက်ပျက်နေတဲ့..
    လက်ရှိ ကမ္ဘာအတွက်.
    စိတ်ထားတွေ..ဘယ်လိုထားကြမလဲ..(ဒါကတော့ကြီးကြီးကျယ်ကျယ်ပေါ့..)
    ဒီအချိန်မှာ ဒီလိုအုတ်အော်သောင်းနင်းထွက်လာတဲ့သတင်းတစ်ပုဒ်အတွက် အမှတ်တရလေး....
    ဘယ်လိုတွေတွေးဘယ်လိုတွေရေးကြမလဲ
    (ဒါကပေါ့ပေါ့ပါးပါး..ပါ)
    စသဖြင့်ပေါ့..လေ
    ဒီလိုမျိုးလေးတွေပဲရည်ရွယ်ခဲ့တာပါ

    ကဗျာလေးတစ်ပုဒ်တောင်တင်ပေးထားသေးတာ..

    ကိုလင်းဦးရေ...
    အိန္ဒြာပြောတာဆိုလိုရင်းမရောက်ပဲ..
    ကမ္ဘာပျက်တာနဲ့တင် ရပ်ရပ်သွားတာ..အိန္ဒြာ ညံ့လို့ပါ..း)

    ကဗျာလေးလက်ဆောင်ပေးခဲ့ပါတယ်နော်..


    လေးစားခင်မင်ရင်းနှီးစွာ

    အိန္ဒြာ
    -----------------------------------

    ကမ္ဘာကြီး..လိုနေတဲ့.. ဓာတ်စာ

    ခေတ်က သေနတ်ပစ်ကားတွေ ကြိုက်တယ်
    အငုံစိတ်တွေ မှာသွေးဆာတယ်
    သွေးရဲရဲ သံရဲရဲ အနုပညာ ပြကွက်တွေနဲ့
    စိတ်အပန်းတွေ ဖြေကြတယ် ............... ။

    အခု ကမ္ဘာကြီး ရှူရှိုက်နေတဲ့ လေထဲမှာ
    အသားတွေ မီးလောင်ထားတဲ့ ညှော်နံ့တွေ ။
    ယင်မ မဲယောင်းတွေ ပါတယ် ........ ။
    ယမ်းမှိုင်းမိနေတဲ့ တိမ်တိုက်တွေ
    အနုမြူရောင်ခြည်သင့် သစ်ပင် ပန်းမန်တွေ
    အထိတ်တလန့် လွှင့်စင်သွားတဲ့ ၀ိညာဉ်တွေ
    သွေးပျက်ချောက်ချားနေရှာတဲ့ မျက်ဝန်းတွေ ပါတယ် ........ ။
    ကပ်ကြီးသုံးပါး တစ်ပြိုင်တည်း ကျတဲ့ ....... အထုံတွေ
    ဖင်လိမ်ကွင်း အကနဲ့ စကားပြော ဂီတတွေ
    ကျောက်ခေတ်ဆန်လာတဲ့ ဖက်ရှင်တွေ
    အပွင့်လင်းလွန် လိင်ယဉ်ကျေးမှုတွေ
    ပုံတူမျိုးပွား သန္ဓေသားတွေ ပါလာတယ် ................. ။

    အတိုင်းမသိ တိုးတက် ထက်မြက်လာတဲ့ အသိပညာတွေနဲ့
    တဖြည်းဖြည်း ခမ်းခြောက်တိမ်ကောသွားတဲ့ မေတ္တာဓာတ်တွေ ..........ပါလာတယ် ။
    ထိပ်ဆုံးတန်းဝင် ချမ်းသာကြွယ်ဝ မှုတွေနဲ့
    အပြီးတိုင် အငွေ့ပျံသွားတဲ့ သစ္စာတရားတွေ ........ ပါလာတယ်
    ခလုတ်နှိပ်နည်းပညာတွေနဲ့ သံမဏိရောင် စာနာမှုတွေ.......... ပါလာတယ်
    ရွာဖြစ်အောင် သံခိပ်လုပ်ထားတဲ့ လေလှိုင်းဆက်ဆံရေးတွေနဲ့
    အတွင်းထဲလှိုက်လောင်နေတဲ့ အာဃာတဖွဲမီးတွေ ပါလာတယ် ..........

    ကမ္ဘာမြေကြီးက သူ့အနံ့သူ သည်းမခံနိုင်လောက်အောင် အော့နှလုံးနာနေခဲ့ရှာတယ် ....... ။

    သူ့ မျက်ရည်တွေ မိုးသည်းထန်စေတယ် ............
    သူ့ နှလုံးသားတွေ အတိုင်း မိုးခေါင်ရေရှားတယ်
    သူ့ အရေပြားကို ဆောက်တည်ရာမရလှုပ်ခါတယ် ........
    သူ့ သက်ပြင်းချလိုက်တိုင်း သမုဒ္ဒရာတွေ လှိုင်းကြွတယ် ..........
    သူ့ သောကတွေက ရေခဲတောင်တွေကိုတောင် အရည်ပျော်ကျစေတယ် ........ ။

    ကမ္ဘာမြေကြီးဟာ ........
    သူ့မှာပေနေတဲ့ အညစ်အကြေးတွေကို ဆေးကြောဖို့
    သူ့ အပေါက်အပြဲတွေကို သူ ပြန်ဖာထေးဖို့
    သူ့ အနာတရတွေသူ အလျင်အမြန်ကုစားဖို့့
    သူ့ဘက်မှာ ဘယ်သူ ရှိလေမလဲ .............

    မရဲတရဲလေးတောင် လှပ်မကြည့်ဝံ့ရှာဘူး ...........။

    အိန္ဒြာ

    ပိတောက်ပွင့်သစ်မဂ္ဂဇင်း(၂၀၀၈)

    မိုးခါး said...

    လူ တဦးတယောက်ချင်းစီရဲ့ ကိုယ်ပိုင်ကမ္ဘာတွေတောင် အချိန်မရွေး ပျက်သွားနိုင်တာပဲနော်
    လုပ်သင့်တာတွေကို အချိန်မဆွဲပဲ လုပ်သင့်တာ .. း))

    နန်း said...

    ဟုတ်တယ်နော်
    တွေးစရာတွေပါပဲ

    Ðaywalker[Soul] said...

    ရောက်တယ်ဗျာ

    အေသင်(စိတ်ပညာ) said...

    အကိုရေ---
    ညီမကတော့ ဇီးဖြူသီးစားရင်း ဆရာသော်တာဆွေဝတ္ထုတွေထိုင်ဖတ်နေလိုက်တော့မယ်
    ဟဲဟဲ
    အကိုပျော်ရွှင်ပါစေ---
    စိတ်ပညာညီမလေး
    သင်း

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo