Ehud Omert အစိုးရအနေဖြင့် (၂၀-၁-၂၀၀၉)အင်္ဂါနေ့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား သမ္မတအဖြစ် ကျမ်းသစ္စာမဆိုမီ ၊ တိုက်ခိုက်မှုများ ရပ်စဲနိုင်သည့် အီဂျစ်မှ အကျိုးဆောင်ပေးသည့် အပစ်အခတ် ရပ်စဲရေးအဆို မတင်သွင်းမီ၊ အစ္စရေးအနေဖြင့် Hamas တို့အပေါ် အကြီးအကျယ် ပျက်စီးမှုများဖြစ်အောင် လုပ်ဆောင်လျက်ရှိပါသည်။
အစ္စရေးထိပ်တန်းညှိနှိုင်းရေးမှူး Mr. Amos Gilad သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ အသေးစိတ်များကို အချောသတ်ရန်အတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ သွားရောက်ခဲ့ပါသည်။ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Ms. Tzipi Livni သည် ၀ါရှင်တန်သို့ တစ်ညတာခရီးအဖြစ် သွားရောက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Ms. Condoleezza Rice နှင့်အတူ အမေရိကန်အနေဖြင့် Hamas တို့ လက်နက် ပြန်လည်တပ်ဆင်မှုမှ အရေးယူဆောင်ရွက်နိုင်မည့် ဒုတိယသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် အစီအစဉ် ရှိပါသည်။
အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ Mr. Mark Regev က မိမိတို့အနေဖြင့် တိုက်ခိုက်မှုများကို အဆုံးသတ်နိုင်မည့် နောက်ဆုံးဆောင်ရွက်ချက်ကို လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ဆိုပါသည်။ အစ္စရေးတပ်များသည် ဂါဇာမြို့လယ်ခေါင်သို့ ရောက်ရှိရန် တိုက်ခိုက်လျက်ရှိပြီး Hamas တို့ ကြိုက်နှစ်သက်ခြင်းမရှိသည့် အပစ်အခတ်ရပ်စဲရေးစည်းကမ်းချက်များကို လက်ခံရန် ဖိအားပေးလျက် ရှိပါသည်။ ယမန်နေ့က အစ္စရေးတိုက်ခိုက်မှုသည် အလွန်ပြင်းထန်ပြီး ကုလသမဂ္ဂ ကယ်ဆေယ်ရေး အေဂျင်စီ ပိုင် ကုန်လှောင်ရုံအိမ်များကို ဗုံးကြဲခဲ့ပြီး၊ ဆေးရုံတစ်ရုံကို မီးတင်ရှို့ခဲ့၍ Hamas အမာခံထိပ်တန်းခေါင်းဆောင် Said Sayyam ကိုလည်း သတ်ဖြတ်ခဲ့ပါသည်။ ယနေ့နံနက်တွင် ကယ်ဆယ်ရေးလုပ်သားများက Telal- Hawa မြို့ရှိ အဖျက်အဆီးပုံများထဲမှ သေဆုံးသူ (၂၃)ဦး၏ အလောင်းများကို ဆွဲထုတ်ခဲ့ရပါသည်။ စုစုပေါင်း သေဆုံးမှုသည် ၁,၀၀၀ ကျော်သွားပြီး၊ တစ်ဝက်မှာ အရပ်သားများ ဖြစ်ကြပါသည်။
တိကျသည့် အပစ်အခတ်ရပ်စဲရေးစည်းကမ်းချက်များမှာ လျှို့ဝှက်ချက်အဖြစ် ရှိနေဆဲ ဖြစ်ပါသည်။ သို့ရာတွင် အစ္စရေးတို့၏ ထိပ်တန်းဦးစားပေးရန်မှည်းချက်မှာ ဂါဇာ၏ အီဂျစ်နှင့် ထိစပ်လျက်ရှိသည့် တောင်ဘက်နယ်စပ်ကိုဖြတ်၍ လက်နက်မှောင်ခိုတင်သွင်းမှုများကို ရပ်တန့်ပစ်ရန်ဖြစ်ပြီး Hamas တို့ အနေဖြင့် လက်နက်များ မကိုင်တွယ်နိုင်ရန်အတွက် ဖြစ်ပါသည်။ ဒုတိယအနေဖြင့် ဖော်ပြခြင်းမရှိသော ရည်မှန်းချက်သည် ၂၀၀၆ခုနှစ်ကတည်းက ဂါဇာတွင် အဖမ်းခံထားရသော အစ္စရေးတပ်သား Gilad Shalit ကို လုံခြံုစွာဖြင့် ကယ်ထုတ်သွားနိုင်ရန် ဖြစ်ပါသည်။
Hamas တို့က ကာလအကန့်အသတ်ဖြင့် အပစ်အခတ်ရပ်စဲရေးကို ကမ်းလှမ်းခဲ့ပါသည်။ သို့ရာတွင် အစ္စရေးတို့က အဆိုပါကန့်သတ်ချက်ကို အလိုမရှိပါ။ Hamas တို့က အစ္စရေးတို့ကို ဂါဇာမှ ချက်ခြင်း ရုတ်သိမ်းရန်နှင့် ၂၀၀၇ခုနှစ်တွင် Hamas တို့ အာဏာရယူခဲ့သည်မှစ၍ အစ္စရေးတို့က ပိတ်ခဲ့သည့် နယ်စပ်ဖြတ်ကျော်မှုများကို လျှင်မြန်စွာ ပြန်ဖွင့်ပေးရန် ဖြစ်ပါသည်။ သို့ရာတွင် အစ္စရေးတို့အနေဖြင့် ၎င်းတို့၏ တောင်းဆိုချက်များကို ပထမဆုံးအနေဖြင့် ရရှိရန် လိုလားပါသည်။
အီဂျစ်အနေဖြင့် Hamas တို့အပေါ် အနည်းငယ်သာ သနားပြီး Fatch တို့ကို ပို၍ လိုလားပါသည်။ Fatah တို့သည် ၂၀၀၇ခုနှစ်တွင် ဂါဇာကမ်းမြောင်မှ Hamas တို့ကို မောင်းထုတ်ခဲ့သူများဖြစ်ပါသည်။ ဂါဇာတွင် Fatah တို့ ဩဇာလွှမ်းမိုးနိုင်ရေးအတွက် Fatah တို့ ထိန်းချုပ်သည့် ပါလက်စတိုင်း အာဏာပိုင်မှ တပ်များကို တောင်ဖက်နယ်နမိတ်ကို ကင်းလှည့်ရာတွင် ကူညီရန်အတွက် အစ္စရေးတို့က အတင်းအကျပ် တောင်းဆိုပါ သည်။ ပါလက်စတိုင်း အာဏာပိုင်အနေဖြင့် အခြားနယ်စပ်ဖြတ်ကျော်မှုများကို အစ္စရေးနှင့် ပူးပေါင်းကြီးကြပ်ရန်နှင့် Hamas တို့အနေဖြင့် Fatah တို့နှင့် ညှိနှိုင်းစေ့စပ်ဆွေးနွေးရန် ဖြစ်ပါသည်။
Hamas တို့အနေဖြင့် လွန်ခဲ့သော (၃)ပတ်က အစ္စရေးတို့ အပြင်းအထန်တိုက်ခတ်မှုကြောင့် ဂါဇာတွင် အသက်ရှင်ကျန်ရှိသည့် ခေါင်းဆောင်များအနေဖြင့် တိုက်ခိုက်မှုကို ရပ်တန့်ရန် အလွန်အမင်း လိုလားလျက်ရှိပြီး တပ်များ၏ ဆွေးနွေးနိုင်သည့် အနေအထားမှာလည်း အားပျော့လျက်ရှိပါသည်။
အပစ်အခတ်ရပ်စဲပြီးနောက် မည်သူသည် အနိုင်ရရှိသည်ဆိုသော ပြင်းထန်သည့် အငြင်းပွားမှုသည် ဆက်လက်ပေါ်ပေါက်လာဦးမည်ဖြစ်ပါသည်။ Hamas တို့ကို အင်အား ချိနဲ့အောင် ပြုလုပ်ပြီး၊ အပစ်အခတ် ရပ်စဲရေးစည်းကမ်းချက်များကို ၎င်းတို့စိတ်ကြိုက် ဖန်တီးခဲ့သည့်အပြင် အစ္စရေးခေါင်းဆောင်များအနေဖြင့် ၎င်းတို့သည် စစ်ရေးကျူးကျော်မှုကို ဟန့်တားသည့် စည်းကမ်းများသတ်မှတ်ခဲ့ခြင်း၊ ၂၀၀၆ခုနှစ်တွင် တောင်ဘက်လက်ဖနွန်တွင် ၎င်းတို့ရှုံးနိမ်ခဲ့မှုအပေါ် သိက္ခာပြန်ဆည်မှုနှင့် အိမ်နီးချင်းအာရပ်နိုင်ငံများက အစ္စရေးအား တိုက်ခိုက်မှုမှ သတိပေးခြင်းတို့နှင့်ပတ်သက်၍ စောဒက တက်ဦးမည် ဖြစ်ပါသည်။
ယခုစစ်ပွဲကြောင့် ပြည်သူများသေကြေသည့်အရေအတွက် များပြားလာမှု၊ ပါလက်စတိုင်းပြည်သူများ စစ်ဒဏ်ခံစားရသည့် ခြောက်ခြားစရာကောင်းသော ရုပ်ပုံများ၊ ကုလသမဂ္ဂအခြေစိုက် စခန်းများ အစ္စရေးက ဗုံးကြဲမှုများ၊ အနောက်နိုင်ငံမှ အကူအညီပေးသည့်အဖွဲ့အစည်းများအား ဖျက်ဆီင်္းမှုနှင့် ကုလသမဂ္ဂ တောင်းဆိုသည့် အပစ်အခတ်ရပ်စဲရေးကို တမင်သက်သက် မလိုက်နာမှုများသည် နိုင်ငံတကာ၏အမြင်ကို ဆိုးရွားသွားစေခဲ့ပါသည်။
အနောက်နိုင်ငံ သတင်းမီဒီယာများ ဂါဇာသို့ ၀င်ခွင့်ပြုသည့်အခါ အမှန်တကယ်ပျက်စီးခဲ့ရသည့် အတိုင်းအတာများသည် ပေါ်ပေါက်လာမည်ဖြစ်ပြီး အစ္စရေးခေါင်းဆောင်များအနေဖြင့် စစ်ရာဇဝတ်ကျူးလွန် မှုများဖြင့် တရားစွဲဆိုခံရဖွယ် ရှိနိုင်ပါသည်။

လင်းဦး(စိတ်ပညာ)
2 comments:
ဂါဇာသင်းဆိုလို့ဖတ်ကြည့်တာ၊ အမေရိကန်က လေယျဉ်ပျက်ကျတဲ့သတင်းဖြစ်နေတယ်။
ဟုတ်ကဲ့.. ကိုအောင်ကျော်လွင်ရေ...ခွင့်လွှ့တ်ပါခင်ဗျာ.... ကျွန်တော့်ဆီမှာက ကွန်နက်ကတော်တော် ဆိုးသွားလို့ပါ... အဲ့ဒါနဲ့ ဘယ်လိုလုပ် နှစ်ပုဒ်ထပ်ပြီး ခေါင်းစဉ်ပါ ပြောင်းနေလို့ပါ။ အခု ပြန်ပြင်လိုက်ပါပြီ ခင်ဗျာ :)
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)