အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့ရှိ ရေခဲတမျှ အေးစက်နေသည့် ဟတ်ဆန်မြစ်အတွင်းသို့ လေယာဉ်ပျက်ကျပြီးနောက် လေယာဉ်ပေါ်ပါ ခရီးသည် (၁၅၅)ယောက်စလုံးကို ကယ်တင်နိုင်ခဲ့ပါသည်။ ခရီးသည်တစ်ယောက်မှာ ခြေနှစ်ချောင်းကျိုးသွားပြီး အခြားခရီးသည်များ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိဟု ဆိုပါသည်။
၁၅-၁-၂၀၀၈ (ကြာသာပတေးနေ့)တွင် အမေရိကန် လေကြောင်း ဂျက်လေယာဉ်သည် ဟတ်ဆန်းမြစ်ပေါ်သို့ အရေးပေါ်ဆင်းသက်ခဲ့ပြီးနောက် ဖယ်ရီသင်္ဘော များ၊ အငှားရေယာဉ်များနှင့် အခြားရေယာဉ်များက လေယာဉ်အမှုထမ်းနှင့် ခရီးသည် (၁၅၅)ယောက်စလုံးကို ကယ်တင်နိုင်ခဲ့ကြပါသည်။ (၅)မိနစ်အတွင်း လေယာဉ်တောင်ပံ(၂)ဖက်စလုံးပေါ်ရှိ တုန်ခိုက်နေသော ခရီးသည်များကို အန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ခဲ့ပါသည်။ လေယာဉ်အမျိုးအစားမှာ Airbus A 320 ဖြစ်ပြီး လေယာဉ်စက်ရပ်ပြီး ရေခဲတမျှအေးနေသော မြစ်ထဲသို့ လျှောထိုးဆင်းခဲ့ခြင်း ဖြစ်ပါသည်။
လေယာဉ်ခရီးစဉ်အမှတ် 1549 ဖြင့် ဖော်ပြပါ Airbus A 320 သည် LaGuardia လေဆိပ်မှ Charlotte မြို့သို့ စတင်ပျံသန်းစဉ် ကနေဒါငန်းအုပ်စုနှင့်တိုက်မိပြီး အင်ဂျင်များအတွင်းသို့ ငှက်အချို့ စုတ်ယူခြင်းခံရပြီး နောက် ယခုကဲ့သို့ ဖြစ်ပွားခြင်းဖြစ်သည်ဟု ပြည်ထောင်စုအရာရှိများက ပြောပါသည်။ အဆိုပါ လေယာဉ်မှာ ဂျော့ဝါရှင်တန်တံတားအနီးသို့ ထိုးဆင်းလာပြီးနောက် မန်ဟေတန်ရပ်ကွက်အစပ်တစ်လျှောက် ရေပြင်တွင် ရှပ်ပြေးဆင်းခဲ့ခြင်း ဖြစ်ပါသည်။ ရေပြင်သို့ အင်အားပြည့် ရိုက်ခတ်မိပြီးနောက် လေယာဉ်မှာ ရပ်တန့်သွား ခဲ့သည်ဟု Good Morning America စာစောင်မှ အမျိုးသမီးဖြစ်သူ Ms. Robin Roberts က ၎င်း၏ အိမ်ခန်း ပြတင်းပေါက်မှ မြင်တွေ့ခဲ့သမျှကို ABC သတင်းဌာနသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
လေယာဉ်သည် ရေပြင်ပေါ်သို့ အင်အားပြည့်ရိုက်ခတ်မိသော်လည်း ပုံမပျက်ရပ်တန့်သွားခဲ့၍ လေယာဉ်တောင်ပံပေါ်သို့ ခရီးသည်များ လမ်းလျှောက်ထွက်နိုင်ခဲ့ပြီး ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အချို့မှာ မြစ်အတွင်းသို့ ပြုတ်ကျခဲ့မှုများ ရှိခဲ့ပါသည်။
Gov. Thomas H.Kean အမည်ရှိ ဖယ်ရီရေယာဉ်မှ သင်္ဘောသား Mr. Cosmo Mezzina က ယခုကဲ့သို့ ခိုက်ခိုက်တုန်နေသော ခရီးသည်များကို မမြင်တွေ့ခဲ့ဖူးပါကြောင်း၊ ၎င်းက လူငယ်တစ်ဦးကို ကယ်ဆယ်ခဲ့ပြီး ၎င်း၏ ကုတ်အင်္ကျ ီကို ချွတ်၍ တုန်ခိုက်နေသောလူငယ်ကို နွေးထွေးအောင် ပြုလုပ်ပေးခဲ့ ရကြောင်း ဆိုပါသည်။
ခရီးသည်တစ်ဦးမှာ ခြေနှစ်ချောင်းကျိုးသွားသည့်အတွက် ဆေးရုံသို့ပို့လိုက်ရကြောင်းဖြင့် Associated Press သတင်းစာက သတင်းပို့ပါသည်။ သို့ရာတွင် ဒဏ်ရာအပြင်းအထန်ရရှိသူများ မရှိဟု ဆိုပါသည်။
ခရီးသည်များမှာ လေယာဉ်ပေါ်တွင် အရေးပေါ်ရေပြင်သို့ ဆင်းသက်မှုနှင့်ပတ်သက်၍ ပုံမှန် သရုပ်ပြမှုကို မြင်တွေ့ခဲ့သော်လည်း ယခုလို ရေပြင်တွင် လေယာဉ်ပျက်ကျရာ၌ ပုံမပျက်ဆင်းသက်နိုင်မှုမှာ အလွန်ပင် ရှားပါးသည်ဟု ဆိုနိုင်ပါသည်။ ၁၉၈၂ ခုနှစ်၊ ဇန်နဝါရီလတွင် Air Florida ဂျက်လေယာဉ်သည် ၀ါရှင်တန်မြို့ရှိ တံတားတစ်ခုကို တိုက်ခိုက်မိပြီး ပိုတိုမက်မြစ်အတွင်းသို့ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါရှိသည့် ခရီးသည် (၇၉)ဦးအနက် (၅)ဦးသာ အသက်ရှင်ကျန်ခဲ့ပါသည်။
ယခုပျက်ကျသည့်လေယာဉ်ကို မောင်းသည့် လေယာဉ်မှူးသည် Mr. Chesley B. " Sully" Sullenberger III ဖြစ်ပါသည်။ ၎င်းမှာ ကာလီဖိုးနီးယားပြည်နယ် ၊ ဒန်ဗီမြို့မှ တိုက်လေယာဉ်မှူးဟောင်း တစ်ယောက်ဖြစ်ပါသည်။ ၎င်းသည် ယုံကြည်အားကိုးလောက်သော အသက်အန္တရာယ်ကင်းရေး နည်းလမ်း များ သင်ကြားသည့်ကျောင်း (Safety Reliability Methods Inc) ကို တည်ထောင်ခဲ့သူ ဖြစ်ပါသည်။ ၎င်း၏ ကျောင်းမှာ အဆင့်မြင့် အသက်အန္တရာယ်ကင်းရေးစနစ်အသုံးပြုမှုများကို သင်ကြားပြီး အချို့စနစ်များသည် လေယာဉ်တင်သင်္ဘောရှိ ပျံသန်းရေးဆိုင်ရာလုပ်ငန်းများ၏ အမြင့်မားဆုံး စွန့်စားနိုင်မှုဆောင်ရွက်ချက်များ အပေါ် အခြေခံသည်ဟု ၎င်း၏ Website က ဆိုပါသည်။
နယူးယောက်မြို့တော်ဝန် Mr. Michael R. Bloomberg က အဆိုပါ လေယာဉ်မှူးသည် အံ့ဩစရာ ကောင်းလောက်သည့် အလုပ်တစ်ခုကို ထမ်းဆောင်နိုင်ခဲ့သည်ဟု ဆိုပါသည်။ အမျိုးသားပို့ဆောင်ရေး လုံခြံုမှုဘုတ်အဖွဲ့မှ စုံစမ်းစစ်ဆေးသူများနှင့် စကားပြောခဲ့သည့် Mr. Bloomberg က လေယာဉ်မှူး Mr. Sullenberger ကို စကားပြောခဲ့သည်ဟု ဆိုပါသည်။ သို့ရာတွင် အများပြည်သူများသိရှိရန် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းမရှိဟု ဆိုပါသည်။ Mr. Bloomberg က လေယာဉ်မှူး Mr .Sullenberger သည် ၎င်းအနေဖြင့် လေယာဉ်မှာ နောက်ဆုံးမစွန့်ခွာမီ လေယာဉ်ပေါ်ပါ ခရီးသည်များအားလုံး ပါရှိရန်အတွက် ကျန်ခဲ့ခြင်း မရှိရလေအောင် လေယာဉ်အတွင်း ခေါက်တုန့် ခေါက်ပြန် ရှာဖွေပေးခဲ့သည်ဟု ဆိုပါသည်။
လေယာဉ်ထိုးဆင်ခဲ့မှုနှင့် ကယ်ဆယ်မှုသည် ကျွမ်းကျင်မှုအပေါ်တွင် မူတည်သည်ဟု ဆိုသော်လည်း ကံ၏ အကျိုးခံစားခွင့်ကို ရရှိခဲ့သည်ဟု ဆိုပါသည်။ လေယာဉ်ထိုးဆင်းခဲ့သည့်အချိန်သည် ညနေ ၃း၃၀ မတိုင်မီဖြစ်ပြီး ဟတ်ဆန်မြစ်နှစ်ဖက်ရှိ ဖယ်ရီရေယာဉ်များ ခရီးသည်များကို ပို့ဆောင်ပေးသည့် အလုပ် အများဆုံးအချိန်လည်း ဖြစ်ပါသည်။ ထိုအခြေအနေသည် ပျက်ကျသည့် လေယာဉ်ဆီသို့ ချက်ခြင်းရောက် နိုင်အောင် အခြေအနေပေးနေသကဲ့သို့ ရှိပါသည်။ ထိုအချိန်တွင် ကမ္ဘာပေါ်တွင် ရေလမ်းအရှုပ်ဆုံးဖြစ်သည့် ဟတ်ဆန်မြစ်တွင် မကြာခဏ ဖယ်ရီရေယာဉ်များ၊ ကုန်တွဲသင်္ဘောများ၊ ကုန်တင်သင်္ဘောကြီးများနှင့် ခရီးသည်ပို့ဆောင်ရေးရေယာဉ်များဖြင့် စုပုံနေလေ့ရှိသော်လည်း လေယာဉ်ထိုးဆင်းသည့်အချိန်၌ မည်သည့် ရေယာဉ်ကိုမျှ ထိခိုက်မှုမရှိအောင် ရေလမ်းရှင်းလျက် ရှိပါသည်။
ဖော်ပြပါ လေယာဉ် Airbus A 320 သည် LaGuardia မှ ညနေ ၃ း၂၆ နာရီတွင် ထွက်ခွာပျံသန်း ခဲ့ပြီးနောက် ဘယ်ဘက်သို့ ချိုး၍ ဟတ်ဆန်ရှိရာအနောက်ဖက်သို့ ပျံသန်းခဲ့ခြင်း ဖြစ်ပါသည်။
ပြည်ထောင်စုလေကြောင်း ပျံသန်းအုပ်ချုပ်ရေးဌာနအနေဖြင့် ယခုအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှု များ ပြုလုပ်နေပါသည်။ သီအိုရီတစ်ခုမှာ လေယာဉ်သည် ပျံသန်းနေသည့် ငန်းအုပ်တစ်အုပ်ကို တိုက်မိခဲ့သည် ဟူသော အဆိုဖြစ်ပါသည်။ ပို့ဆောင်ရေးအတွင်းဝန် Ms. Mary E. Peters က ယခု အဖြစ်အပျက်မှာ နယူးယောက်နယ်မြေမှတဆင့် ပျံသန်းလာသော ကနေဒါငန်းအုပ်စုကြောင့်ဖြစ်ပြီး လေယာဉ်အင်ဂျင် (၂)ခုစလုံးကို တိုက်မိခဲ့ခြင်း ဖြစ်နိုင်သည်ဟု မိမိကို ပြောကြားကြောင်းဖြင့် လွှတ်တော်အမတ် Mr. Charles E. Schumer က ဆိုပါသည်။
အပြည်ပြည်ဆိုင်ရာလေကြောင်း လေယာဉ်မှူးများအသင်း၏ အမှုဆောင် လေကြောင်းလုံခြံုရေး ဥက္ကဌ Mr. Rory Kay က လေယာဉ်မှူးများခေါ်သည့် ငှက်မျိုချမှု (Bird Ingestion) အဖြစ်အပျက်သည် လေယာဉ် အင်ဂျင်ကို တစ်စိတ်တစ်ပိုင်း ရပ်တန့်စေနိုင်သည်ဟု ဆိုပါသည်။ အကယ်၍ ငှက်များသည် လေယာဉ် အင်ဂျင်တစ်ခု၏ စုပ်ယူမှုကို ခံရပါက လေယာဉ်မှူးအနေဖြင့် အနီးဆုံးလေယာဉ်ကွင်း (သို့မဟုတ်) လေဆိပ်သို့ ဆင်းသက်နိုင်ရန်သာ ဖြစ်သည်ဟု ဆိုပါသည်။
Ms. Kay မှ ဆက်လက်ပြောကြားရာ၌ ကျန်အင်ဂျင်တစ်လုံးမှာ အသုံးပြု၍ရပါက ကံကောင်းနိုင်သော အခြေအနေတွင်ရှိသည်ဟု ဆိုရမည်ဖြစ်ပြီး အင်ဂျင်(၂)လုံးစလုံး ထိပါက ဆုံးဖြတ်ချက်အချို့ကို လျင်မြန်စွာ ချရန်လိုအပ်သည်ဟု ဆိုပါသည်။
ယခုလို အင်ဂျင်(၂)လုံးစလုံးအား ငှက်များဝင်ရောက်တိုက်ခိုက်မှုသည် အလွန်ရှားသော အဖြစ်အပျက် မျိုး ဖြစ်သည်ဟု ဆိုပါသည်။
လေယာဉ်၏ အင်ဂျင်ပါ၀ါများ ဆုံးရှုံးသည်ဟု တိကျရှင်းလင်းစွာ မသိရသေးကြောင်း၊ သို့ရာတွင် အဆိုပါလေယာဉ်ဖြတ်ပျံသည့် Bronx မြို့ရှိ အထက်တန်းသိပ္ပံကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်သူ Mr. Nick Reade က မိမိတို့ကြီးမားသည့် တိုက်မိသံကြားရ၍ မော့ကြည့်ရာ လေယာဉ်တစ်စီးကို တွေ့ရကြောင်း၊ လေယာဉ်မှာ ပတ်ချာလည်ဖြစ်နေပြီး ဘယ်ဘက်အင်ဂျင်မှ မီးစများတွေ့ခဲ့ရကြောင်းနှင့် လေယာဉ်မှာ အနောက်တောင်ဘက်သို့ လှည့်သွားသည်ကို မြင်လိုက်ကြောင်းဖြင့် ဆိုပါသည်။ ၎င်းဦးတည်သွားသည့် ဘက်သည် ဟတ်ဆန်မြစ် ဖြစ်ပါသည်။
လူမှုရေးအလုပ်သမားဖြစ်သူ ၃၅နှစ်အရွယ်ရှိ Mr. Patrick Wilder သည် ၁၂၅လမ်း အနီး ၊ ဟတ်ဆန်မြစ်တလျှောက် မြောက်ဖက်သို့ စက်ဘီးဖြင့်သွားစဉ် ဂျော့ဝါရှင်တန်တံတားကို အဆိုပါလေယာဉ် ဖြတ်ကျော်သွားသည်ကို တွေ့ရကြောင်းနှင့် လေယာဉ်မှာ ပုံမှန်လမ်းကြောင်းမှ မပျံသည်ကို သိရ၍ လေယာဉ် တစ်ခုခုဖြစ်နေသည်ဟု သိလိုက်ကြောင်း၊ လေယာဉ်မှာ အနည်းငယ်ဆွဲလျက်ရှိပြီး လေယာဉ်မှာ ထိုးကျသွား၍ ရေပြင်နှင့်တိုက်မိသံကို ကြားလိုက်ရကြောင်းဖြင့် ဆိုပါသည်။ လေယာဉ်မှာ ပျံတက်ပြီး (၃)မိနစ်အကြာ ထိုးကျခဲ့ခြင်း ဖြစ်ပါသည်။
လေယာဉ်ခရီးသည်ဖြစ်သူ ကွန်နက်တီးကပ်ပြည်နယ်၊ နောဝေါ့မြို့မှ Mr. Jeff Kolodjay က AP သတင်းဌာနကို ပြောကြားရာ၌ မိမိအနေဖြင့် လေယာဉ်တက်ပြီး (၂)မိနစ် သို့မဟုတ် (၃)မိနစ်ခန့်တွင် ကျယ်လောင်သောအသံကို ကြားရကြောင်း၊ ဘယ်ဘက်သို့လှည့်ကြည့်လိုက်ရာ အင်ဂျင်တစ််ခုမှာ မီးစတင် လောင်နေသည်ကို တွေ့ရကြောင်းဖြင့် ဆိုပါသည်။
လေယာဉ်သည် ရေပြင်ပေါ်သို့ ထိုးကျပြီးနောက် ဖယ်ရီရေယာဉ်များနှင့် အခြားရေယာဉ်များ ချက်ခြင်း ရောက်ရှိလာပါသည်။ ပထမဦးဆုံး ဖယ်ရီဖြစ်သည့် Thomas Jefferson သည် ခရီးသည် (၅၆)ဦးကို ကယ်တင်နိုင်ခဲ့ပါသည်။ အသက်ကယ်ဖောင်ပေါ်တွင် ပါရှိသည့် ခလေးငယ်နှင့် အမျိုးသမီးကိုလည်း ကယ်ဆယ်နိုင်သည်ဟု ဆိုပါသည်။ ပထမပိုင်းတွင် မိခင်က ခလေးကိုပေးရန် ငြင်းဆန်ခဲ့သည်ဟု ဆိုပါသည်။
လေယာဉ်တောင်ပံများသည် ခရီးသည်များတန်းစီ၍ ကယ်ဆယ်ရေးယာဉ်ပေါ်သို့ တိုက်ရိုက်တက်နိုင် အောင် ရေပြင်တွင် ပေါ်နေပါသည်။ သို့ရာတွင် အချို့ခရီးသည်များမှာ ရေယာဉ်များအနီးသို့ ရောက်ရန် အတွက် ရေထဲသို့ ခုန်ချခဲ့ကြပါသည်။ အမျိုးသမီးတစ်ဦးမှာ လေယာဉ်အနီးတွင် မျောနေသည့်အတွက် ရေထဲသို့ဆင်း၍ ကယ်တင်ခဲ့ရသည်ဟု ဆိုပါသည်။
နယူးယောက် ရဲဌာန ရေငုတ်သမားဖြစ်သူ Mr. Michael Delancy က ပြောကြားရာ၌ ၎င်းအနေဖြင့် လေယာဉ်အတွင်းသို့ ရောက်ရှိရာတွင် ရေများသည် ထိုင်ခုံ၏ ခေါင်းမှီနေရာသို့ ရောက်နေပြီး ခရီးသည်များ ကျန်ရှိခြင်း မရှိစေရန် ရှာဖွေခဲ့သည်ဟု ဆိုပါသည်။
လေယာဉ်မှာ ရေပြင်နှင့်ထိတွေ့ပြီးနောက် တစ်နာရီခန့်ပေါ်နေပြီး ၎င်းလေယာဉ်ကို ပြန်လည်၍ ရေပေါ်တွင် ပေါ်ရန်ပြုလုပ်ပြီး မန်ဟေတန်သင်္ဘောကျင်းဆီသို့ သယ်ဆောင်ခဲ့သည်ဟု ဆိုပါသည်။
နယူးယောက်ရဲမင်းကြီးဖြစ်သူ Mr. Raymond Kelly က လေယာဉ်သည် ရေနှင့်ထိပြီးနောက် (၅)မိနစ်အတွင်း ခရီးသည်အားလုံးကို ရေယာဉ်များပေါ်သို့ ကယ်တင်နိုင်ခဲ့ကြောင်းဖြင့် ခန့်မှန်းပြောကြား ပါသည်။

လင်းဦး(စိ်တ်ပညာ)
1 comments:
အင်မတန်စိတ်ဝင်စားဖွယ်သတင်းတစ်ပုဒ်ပါဗျာ....။
မိမိကိုယ်ကိုခရီးသည်နေရာကဝင်ကြည့်ရတာတောင် မတွေးရဲစရာပါပဲ...။
အသေအပျောက်မရှိဘူးဆိုတော့လည်းကြားရတာစိတ်ချမ်းသာပါတယ်ဗျာ။
သတင်းအသေးစိတ်ကိုဖောပြပေးတဲ့ကိုလင်းဦးရေ..ကျေးဇူးအထူးပါ..။
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)