ထိုင်းဝန်ကြီးချုပ်သစ် Mr. Abhisit Vejjajiva သည် ထိုင်း-တရုတ်အထက်တန်းလွှာ မိသားစုမှ ဆင်းသက်လာသူဖြစ်ပါသည်။ မိဘနှစ်ပါးစလုံးသည် ဆေးပညာပါမောက္ခများ ဖြစ်ကြပါသည်။
၎င်းကို ဗြိတိသျှမြို့ဖြစ်သည့် Newcastle တွင် ၁၉၆၄ တွင် မွေးဖွားခဲ့ပြီး အင်္ဂလန်နိုင်ငံ၏ ထိပ်တန်း ပုဂ္ဂလိကကျောင်း Eton တွင် ပညာသင်ကြားခဲ့ပါသည်။ ထို့နောက် Oxford တက္ကသိုလ်မှ နိုင်ငံရေး၊ ဒဿနိက ဗေဒနှင့် စီးပွားရေး (Politics, Philosophy and Economic , PPE) ဘွဲ့ကို ရရှိခဲ့ပါသည်။
တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ Chulachomklao ဘုရင့်တပ်မတော်တက္ကသိုလ် တွင် ဆရာအနေဖြင့် ၀င်ရောက်သင်ကြားခဲ့ပါသည်။ ထို့နောက် Oxford တက္ကသိုလ်သို့ ပြန်လာပြီး Master ဘွဲ့အတွက် သင်ကြားခဲ့ပါသည်။ ထို့နောက် Ramkhamhaeng တက္ကသိုလ်တွင် ဥပဒေဘွဲ့အတွက် မသင်ကြားမီ Thammasat တက္ကသိုလ်၌ စီးပွားရေးဘာသာရပ်ကို ဆရာအဖြစ် ပို့ချခဲ့ပါသည်။
၎င်း၏ အမနှစ်ယောက်အနက် တစ်ဦးမှာ ကလေးဒဿနိကဗေဒဆိုင်ရာ ပါမောက္ခဖြစ်ပြီး အခြား တစ်ဦးမှာ ထိုင်းနိုင်ငံ၏ ကျော်ကြားသော စာရေးဆရာမဖြစ်ပါသည်။ ၎င်း၏ ဇနီးသည် သွားဆရာဝန်ဖြစ်ခဲ့ပြီး ယခုအခါ Chulalongkorn တက္ကသိုလ်တွင် သချင်္ာကထိကအဖြစ် ပို့ချနေသူ ဖြစ်ပါသည်။ ၎င်းတို့တွင် ကလေး(၂)ဦး ရှိပါသည်။

လင်းဦး(စိတ်ပညာ)
1 comments:
ဒီနှစ်အတွင်း Oxford တို့ Harvard တို့ ကအောင်တဲ့သူတွေ ခေါင်းဆောင်ဖြစ်တာ အိုဘားမား၊ မာရင်ကျိုနဲ့ သူပါဆို သုံးယောက်ရှိပြီ။
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)