Abhisit Vejjajiva ထိုင်းနိုင်ငံ ၀န်ကြီးချုပ်သစ် ဖြစ်လာ

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels: , ,

  • ထိုင်းနိုင်ငံ၏ အတိုက်အခံပါတီခေါင်းဆောင် Mr. Abhisit Vejjajiva သည် ပါလီမန်တွင် အထူးမဲ ရရှိပြီးနောက် နိုင်ငံ၏ ၀န်ကြီးချုပ်အသစ် ဖြစ်လာပါသည်။ အောက်လွှတ်တော်၏ ပြောဆိုခွင့်ရှိသူ Mr. Chai Chidchob က ယခုရွေးကောက်တင်မြှောက်ခြင်း ခံရသော ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Mr. Abhisit Vejjajiva သည် ယခင်ရဲချုပ် Mr. Pracha Promnok ကို ၂၃၅ မဲဖြင့် အနိုင်ရရှိခဲ့ပါသည်။ Mr. Pracha Promnok သည် ၁၉၈ မဲသာ ရရှိပါသည်။ Mr. Abhisit သည် (၂)နှစ်ကျော်ခန့်တွင် ထိုင်းနိုင်ငံ၏ ပဥ္စမမြောက် ခေါင်းဆောင်ဖြစ်လာပါသည်။

    ယခင်ဝန်ကြီးချုပ်ဟောင်း Mr. Somchai Wongsawat ကို တရားရုံးမှ ယခုလအစောပိုင်းက ရာထူးမှ နှုတ်ထွက်ရန် အမိန့်ချမှတ်ခဲ့ပါသည်။ အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော တရားရုံးမှ လွန်ခဲ့သော တစ်နှစ်က ယခင်ဝန်ကြီးချုပ်ဟောင်း Mr. Somchai ၏ ပါတီဖြစ်သော ပြည်သူ့အင်အားပါတီ (People Power Party-PPP) သည် လိမ်လည်မှုဖြင့် အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့ပြီး ၎င်း PPP ပါတီနှင့် အစိုးရညွန့်ပေါင်းပါတီ အတွင်းရှိ အခြားပါတီ(၂)ခုတို့ကို ပိတ်ပင်ခဲ့ပြီး Mr. Somchai နှင့် အခြား PPP ခေါင်းဆောင်အများအပြားကို နိုင်ငံရေးမလုပ်ရန် တားမြစ်ခဲ့ပါသည်။

    သို့ရာတွင် ဖော်ပြပါ ပါတီ(၃)ခုမှ နိုင်ငံရေးမလုပ်ရန် တားမြစ်ခြင်းမခံရသော ဥပဒေပြုသမားများ (Lawmakers) က အမာခံပါတီ (Shell Party)ဖြစ်သည့် Puea Thai (ထိုင်းနိုင်ငံအတွက်) ပါတီအသစ်ကို လျင်မြန်စွာဖွဲ့စည်းခဲ့သလို အခြားပါတီများသို့လည်း ၀င်ရောက်ခဲ့ပါသည်။

    တနင်္ဂနွေနေ့တွင် ယခင်ဝန်ကြီးချုပ်ဟောင်း Mr. Somchai ၏ ယောက်ဖဖြစ်သူ ပြည်နှင်ဒဏ် ခံနေရသည့် ယခင်ဝန်ကြီးချုပ်ဟောင်း Mr. Thaksin Shinawatra က တပ်မတော်အား တရားရုံးကိုအသုံးပြု၍ အစိုးရအား လုပ်ပိုင်ခွင့်အာဏာအားနည်းသွားအောင် ပြုလုပ်သည်ဟု စွပ်စွဲခဲ့ပြီး နိုင်ငံရေးကိစ္စရပ်များတွင် ၀င်မပါရန် သတိပေးပြောကြားခဲ့ပါသည်။

    အတိုက်အခံပါတီအနေဖြင့် လက်ရှိအစိုးရပါတီကို အနိုင်ရခဲ့မှုသည့် ယခင်ဝန်ကြီးချုပ်ဟောင်း Mr. Thaksin ၏ သစ္စာခံများကို ဘက်ပြောင်းရန် ဆွဲဆောင်ခြင်းဖြစ်သည့် လွှတ်တော်၏ အကျိုးအမြတ်ရရှိနိုင်သော နေရာများနှင့် ငွေကြေးအမြောက်အများကို ပုံပေး၍ စွဲဆောင်ခြင်းများပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့ ပါသည်။

    လွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai က လွှတ်တော်အတွင်းရှိ အမတ်ပေါင်း (၄၃၆)ဦးအား ၀န်ကြီးချုပ်အသစ်ကို မိမိတို့ဆန္ဒဖြင့် ရွေးချယ်ပေးပါရန် ပြောကြားချက်အရ မဲအများစုရရှိသည့် Mr. Abhisit သည် အနိုင်ရရှိခဲ့ပြီး ဒီမိုကရက်တစ်များအနေဖြင့် သက်တမ်း(၈)နှစ်အတွက် စိုးမိုးအုပ်ချုပ်နိုင်ရန် အခွင့်အရေး ကို ပထမဦးဆုံး ရရှိခဲ့ခြင်း ဖြစ်ပါသည်။

    လွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai က Mr. Abhisit အနေဖြင့် မဲတစ်ဝက်ကျော်ထက် ပိုမို ရရှိခဲ့သဖြင့် Mr. Abhisit သည် ၀န်ကြီးချုပ်အသစ်ရွေးချယ်တင်မြှောက်ခြင်းခံရပါကြောင်း မိမိအနေဖြင့် ကြေငြာပါကြောင်း ပြောဆိုပါသည်။ လွှတ်တော်အပြင်ဘက်ရှိ ဖျက်သိမ်းခြင်းခံခဲ့ရသော အစိုးရကို ထောက်ခံသူ လူ(၂၀၀)လောက်က အသံတိတ်အာဏာသိမ်းခြင်း (Silent Coup)ဖြစ်သည်ဟု ဒေါသတစ်ကြီး အော်ဟစ်ကြပြီး လွှတ်တော် ဂိတ်ပေါက်များရှိ အတားအဆီးများကို ကြမ်းတမ်းစွာ ဖယ်ရှား၍ ပါလီမန်အမတ်များ ထွက်ခွာမှုကို တားဆီး ခဲ့ပါသည်။ ကားအများအပြား၏ မှန်များကိုလည်း ရိုက်ခွဲခဲ့ကြပါသည်။ ဘန်ကောက်ရှိ BBC သတင်းဌာနအကြီးအကဲ Jonathan က ယခုရွေးကောက်တင်မြှောက်ခံရသည့် Mr. Abhisit သည် ၎င်း၏ သက်တမ်းအစတွင် ခက်ခဲမှုများနှင့် ပြည့်နှက်နေသော စိန်ခေါ်မှုများကို ကြံုတွေ့ ရလိမ့်မည်ဟု ဆိုပါသည်။

    ဗြိတိသျှနိုင်ငံတွင် မွေးဖွားခဲ့သော Mr. Abhisit သည် တိုင်းပြည်၏ ချံုးချံုးကျနေသော စီးပွားရေးကို ပြန်လည်နလန်ထူရန် ၊ နိုင်ငံရေးရာသီဥတု မတည်ငြိမ်ဖြစ်နေမှုကို ငြိမ်သက်သွားစေရန်၊ လွှတ်တော်တွင် နေ့ပေါင်းများစွာ မိမိ၏ ညွန့်ပေါင်းအစိုးရလုပ်ဖော်ကိုင်ဖက်များကို မိမိ၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ အပေးအယူပြုလုပ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် BBC သတင်းထောက်တစ်ဦးက ဆိုပါသည်။
    အစိုးရအား ဆန့်ကျင်ဆန္ဒပြသူများက PPP ပါတီကို ပြိုလဲသွားစေရန် လူထုဆန္ဒပြပွဲများဖြင့် တိုက်ပွဲ ၀င်မှုများကို ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံအနေဖြင့် လပေါင်းများစွာ နိုင်ငံရေး မငြိမ်မသက်မှုဒဏ်ကို ခံစားခဲ့ရ ပါသည်။

    ပြည်သူ့မဟာမိတ်ဒီမိုကရေစီပါတီ (The People's for Democracy-PAD) သည် PPP ပါတီ ကို ၂၀၀၆ခုနှစ်က အာဏာသိမ်းမှုတွင် ရာထူးမှ နှုတ်ထွက်ပေးခဲ့ရသော Mr. Thaksin ၏ ကိုယ်စားပါတီဟု စွပ်စွဲခဲ့ကြပါသည်။ ကန့်ကွက်ဆန္ဒပြမှုသည် ဘန်ကောက်၏ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တစ်ပတ်ကြာ သိမ်းပိုက်သည်အထိ ကျယ်ပြန့်ခဲ့ပြီး နိုင်ငံခြားကမ္ဘာလှည့်ခရီးသည် (၃)သိန်းသည် လေဆိပ်တွင် ခိုးကိုရာမဲ့ သောင်တင်ခဲ့ရပါသည်။ PAD ပါတီသည် ၎င်း၏ကန့်ကွက်ဆန္ဒပြမှုကို အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့်တရားရုံးက ၀န်ကြီးချုပ်ဟောင်း Mr. Somchai အစိုးရကို ဖျက်သိမ်းရန် အမိန့်ချမှတ်ပြီးနောက် ရုပ်သိမ်းပေးခဲ့ပါသည်။


    လင်းဦး(စိတ်ပညာ)


    နိုင်ငံတကာ သတင်းများကို ရေးသားရာတွင် Bloomberg, NewYorkTimes, CNN, BBC , ABC news စသော သတင်းဌာနများမှ သတင်းများကို အားလုံးပေါင်းစပ်ကာ ဘာသာပြန်၍ အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည် .......အတတ်နိုင်ဆုံး သတင်းများကို Update ဖြစ်အောင် ရေးနေပါသည်... သို့သော် သတင်းများသည် အချိန်နှင့် Source ယူရာ သတင်းဌာနများပေါ်တွင် မူတည်နေပါ၍ အမှားအယွင်းများ ပါခဲ့လျှင် ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်.....

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo