ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတအသစ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့် Mr. Barack Obama သည် ၎င်း၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ (Economic Team) ကို ကြေညာခဲ့ပါသည် ။ Mr. Timothy Geithner ကို နယူးယောက်တွင်ရှိသည့် ပြည်ထောင်စုဗဟိုဘဏ် (Federal Reserve Bank of New York)၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်အဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးဝန်ကြီး (Secretary of the Treasury) နှင့် ဟားဘတ်တက္ကသိုလ် ပါမောက္ခ Mr. Lawrence Summers ကို အမျိုးသားစီးပွားရေးကောင်စီ ညွှန်ကြားရေးမှူး (Director of the National Economic Council)အဖြစ်လည်းကောင်း အမည်စာရင်း ပေးပါသည် ။
Ms. Christina Romer ကို စီးပွားရေးအကြံပေးများကောင်စီဥက္ကဌ (Chair of the Council of Economic Advisors) အဖြစ်လည်းကောင်း၊ Ms. Melody Barnes နှင့် Ms. Heather Higginbottom တို့ကို ပြည်တွင်း မူဝါဒကောင်စီ (Domestic Policy Council)၏ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ အဖြစ် သတ်မှတ်ပါသည် ။
အမေရိကန်နိုင်ငံအား လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်ရေး၊ မိမိတို့နိုင်ငံ၏ စီးပွားရေး တည်ငြိမ်ရေး၊ အလုပ်အကိုင်များ ဖန်တီးပေးရေးတို့အတွက် စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ၎င်းတို့၏ အမြင်နှင့် ကျွမ်းကျင်မှုများကို ပေါင်းစပ် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အဆိုပါ စီးပွားရေဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကို မိမိနှင့် ဒုတိယသမ္မတအသစ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် Mr. Biden တို့က ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကြီးမားသော စီးပွားရေးဆိုင်ရာစိန်ခေါ်မှုကြီးကို ရင်ဆိုင် ရသည့်တိုင် မိမိတို့အနေဖြင့် ရဲရင့်လျှင်မြန်စွာဆောင်ရွက်ပါကမိမိတို့လက်ထဲတွင် အခွင့်အရေးများ ရှိသည်ကို မိမိတို့ သိရှိပါကြောင်း၊ ဖော်ပြခဲ့သည်များမှာ မိမိတို့၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ဆောင်ရွက်ရမည့် သတ်မှတ်ထားသော တာဝန်များပင် ဖြစ်ပါကြောင်းဖြင့် သတင်းထုတ်ပြန်ချက်တွင် Mr. Obama က ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် Mr. Obama က ပြောကြားရာ၌ မိမိတို့ဆောင်ရွက်နိုင်သည့် အရေးပေါ် တုန့်ပြန်ချက်များအပြင် Wall Street နှင့် Main Street အတွက် စီးပွားရေး ပြန်လည်နလံထူလာရေး စီမံကိန်းကို အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ အဆိုပါ စီမံကိန်းအတွက် အကြံပြုချက်များကို ဆောင်ရွက်ရန် မိမိ၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကို တောင်းခံထားပါကြောင်း၊ လွှတ်တော်နှင့် လည်းကောင်း၊ လက်ရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ဗဟိုဘဏ်တို့ဖြင့် လာမည့် (၂)လကျော်တွင် ချက်ခြင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးအပေါ် ဆွေးနွေးတိုင်ပင်ရန်ရှိပါကြောင်း၊ ၎င်းအဖွဲ့ကို အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ မိမိအား နေ့စဉ်အစီရင်ခံရန် တောင်းဆိုထားပါကြောင်းနှင့် လာမည့်အပတ်တွင် ၎င်းတို့၏ စတင်အကြံပြုချက်များကို အမေရိကန်ပြည်သူများနှင့် ပေါ်ပေါက်လာမည့်လွှတ်တော်အသစ်တွင် မိမိ တင်ပြမည်ဖြစ်ပါကြောင်းဖြင့် Mr. Obama က ပြောကြားခဲ့ပါသည် ။

လင်းဦး(စိတ်ပညာ)
1 comments:
ဗဟုသုတရစရာကောင်းတဲ့ အတွက်---
၀မ်းသာမိပါတယ်ရှင်--ကိုလင်းဦးအားလုံးအတွက်ဝေငှပေးတာ---
ကျေးဇူးပါရှင်--
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)