ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်ရှိ ထွက်ခွာဆောင်ဧရိယာကို ပြည်သူ့မဟာမိတ် ဒီမိုကရေစီ ပါတီ (People's Alliance for Democracy) အဖွဲ့ဝင်များက ပိတ်ဆို့လိုက်သဖြင့် လေယာဉ်ထွက်ခွာရေး ခရီးစဉ်များ ယာယီရပ်ဆိုင်းလျက် ရှိပါသည် ။ ဆန္ဒပြသူများအနေဖြင့် ထိုင်းဝန်ကြီးချုပ် Mr. Somchai Wongsawat ရာထူးမှ နှုတ်ထွက်ပေးရန်အတွက် ဆန္ဒပြခြင်းဖြစ်ပါသည် ။ ၀န်ကြီးချုပ်အား နှုတ်ထွက်ရန် ဆန္ဒပြသူ ရာပေါင်းများစွာက ထွက်ခွာဆောင်ကို ပိတ်ဆို့လိုက်သဖြင့် လေယာဉ်ခရီးစဉ်အားလုံးကို တာဝန်ရှိသူများက ဖျက်သိမ်းလိုက်ရပါသည် ။ ဆန္ဒပြသူများအား အားပေးသူများနှင့် အစိုးရထောက်ခံသူများ အကြား လမ်းပေါ်တွင် တိုက်ခိုက်မှုများကြောင့် (၁၁)ဦးဒဏ်ရာ ရရှိသည်ဟု သတင်းများက ဆိုကြပါသည် ။
ပြည်သူ့မဟာမိတ် ဒီမိုကရေစီပါတီ၏အဖွဲ့ဝင်များနှင့် ထောက်ခံသူများက သုဝဏ္ဏဘူမိလေဆိပ်ရှိ ရဲများတားမြစ်ထားသည့် လိုင်းများကို အတင်းဖြတ်ကျော်၍ လေဆိပ်၏ (၄)ထပ်ရှိ ထွက်ခွာဆောင်ဧရိယာသို့ ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြုလုပ်သဖြင့် လေယာဉ်ထွက်ခွာရေးခရီးစဉ်များကို တာဝန်ရှိသူများက ဆိုင်းငံ့ထားခဲ့ရပါသည်။ အချို့ ရောက်ရှိလာသော လေယာဉ်များအနေဖြင့် မြို့တော်မြောက်ဘက်ရှိ ချင်းမိုင် (သို့မဟုတ်) တောင်ဘက်ရှိ အပန်းဖြေ ဖူးခက်ကျွန်းသို့ ခရီးစဉ်ကို ပြန်လှည့်၍ သွားကြရပါသည် ။
ဆန္ဒပြသူများ ၀ိုင်းထားသော လေဆိပ်ဆောင်တွင်းရှိ ဒေါသထွက်နေသော ကမ္ဘာလှည့်ခရီးသွားများ၏ အားကိုးရာမဲ့အခြေအနေကို ကမ္ဘာအနှံ့ ထုတ်လွှင့်ပြလျှက် ရှိပါသည် ။ လေဆိပ်တွင် ပိတ်မိနေသူပေါင်း ၄,၀၀၀ လောက်ရှိသည်ဟု ဆိုပါသည် ။ ယခုအချိန်အခါသည် အပန်းဖြေစခန်းများနှင့် ဟိုတယ်များအနေဖြင့် အားလပ်ရက်ရှည်ကာလ အထွတ်အထိပ်အတွက် ပြင်ဆင်နေသော အချိန်လည်း ဖြစ်ပါသည် ။ အမေရိကန် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံစီးပွားရေးအတွက် အရေးကြီးသော အစိတ်အပိုင်းအနေဖြင့် ပါ၀င်ပါသည် ။ တစ်နှစ်လျှင် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ (၁၆)ဘီလီယံ ရရှိပါသည် ။
လေဆိပ်ညွှန်ကြားရေးမှူး Mr. Serirat Prasutanont က အာဏာပိုင်များကို ပြောကြားရာ၌ ဒုက္ခရောက်နေကြသော ခရီးသည်များ ခရီးဆက်ရေးအတွက် ဆန္ဒပြသူများနှင့် ညှိနှိုင်းဆွေးနွေးမည် ဖြစ်ကြောင်း၊ ယခုအဖြစ်အပျက်သည် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို ပျက်စီးစေပြီး နိုင်ငံ၏ စီးပွားရေးကိုလည်း အဖတ်ဆယ်မရအောင် ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားပါသည် ။
လေဆိပ်မှာ ကမ္ဘာ့(၁၈)နေရာမြောက် အစည်ကားဆုံးလေဆိပ်ဖြစ်ပြီး၊ တစ်နေ့ ပျမ်းမျှလေကြောင်း ခရီးစဉ် (၇၀၀)ရှိပြီး ၂၀၀၇ခုနှစ်မှစ၍ ခရီးသည်ပေါင်း သန်း(၄၀)ကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပါသည် ။
ယနေ့ (၂၆-၁၁-၂၀၀၈) ဗုဒ္ဓဟူးနေ့တွင် လေဆိပ်အနေဖြင့် ခရီးသည်များအား အခမဲ့လွန်းပျံခရီးသည် တင်ကားများနှင့် အခမဲ့ဟိုတယ်များကို စီစဉ်ပေးမည်ဖြစ်ပြီး၊ နောက်ဆုံးလေယာဉ်ခရီးစဉ် သတင်းများကိုလည်း ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ကြေညာပါသည် ။
လေယာဉ်ခရီးစဉ်(၂၀)ကို ယခင်အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်ခဲ့ပြီး ယခုအခါ ပုံမှန်ပြည်တွင်း လေယာဉ်ခရီးစဉ်များကို ကိုင်တွယ်ဆောင်ရွက်နေသော ဘန်ကောက််ဒွန်မောင်းလေဆိပ်သို့ ပြောင်းပေးခဲ့ ပါသည်။ အခြားလေယာဉ်ခရီးစဉ် ဒါဇင်ခန့်ကို ဘန်ကောက်မြို့အရှေ့ဘက်ရှိ ၁၉၀ ကီလိုမီတာခန့် (၁၁၈မိုင်) ဝေးသော U Taphao တပ်မတော်လေယာဉ်ကွင်းသို့ ပြောင်းပေးခဲ့ပါသည် ။ အလားတူ ဟောင်ကောင်နှင့် စင်္ကာပူလေဆိပ်များသို့ လေယာဉ်ခရီးစဉ်များ ပြောင်းပေးခဲ့သည်ဟု လေဆိပ်တာဝန်ခံ အရာရှိများက ဆိုပါသည်။
ဘန်ကောက်မြို့၏ လေယာဉ်ကွင်းငယ်နှင့် လေဆိပ်ဟောင်းဖြစ်ခဲ့သည့် ဒွန်မောင်းလေဆိပ်တွင် ဆန္ဒပြသူများက ထရပ်ကားတစ်ခုအပေါ်အတက်တွင် အစိုးရကိုထောက်ခံသူများက ခဲများဖြင့် ပစ်ပေါက်သည့် အတွက် ပြည်သူ့မဟာမိတ်ဒီမိုကရေစီပါတီကို ထောက်ခံသူများက ပစ္စတိုသေနတ်များဖြင့် လက်လွတ်စပယ် ပစ်ခတ်နေပုံ ဗီဒီယိုရိုက်ကူးထားမှုအား ထိုင်းနိုင်ငံရုပ်မြင်သံကြားမှ အင်္ဂါနေ့ (၂၅-၁၁-၂၀၀၈) တွင် ထုတ်လွှင့် ပြသခဲ့ပါသည် ။
လူ(၁၁)ယောက် ဒဏ်ရာရရှိကြောင်း သတင်းပို့ပါသည် ။ ဒဏ်ရာရသူအများစုမှာ အစိုးရကို ထောက်ခံသူများ ဖြစ်ပါသည် ။ တစ်ယောက်မှာ ရင်ဘတ်တွင် သေနတ်ဒဏ်ရာရထားပြီး အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေတွင် ရှိပါသည် ။
ယခင်လက ၀န်ကြီးချုပ် Mr. Somchai Wongsawat အနေဖြင့် ၎င်းရုံးစိုက်ရာ ပါလီမန် အဆောက်အအုံကို ထောင်ပေါင်းများစွာသော ပြည်သူ့မဟာမိတ်ဒီမိုကရေဒီပါတီကို ထောက်ခံသူများက ၀ိုင်းရံခဲ့သဖြင့် ဒွန်မောင်းလေဆိပ်ဟောင်းတွင် ၎င်း၏ယာယီရုံးခန်းကို ဖွင့်လှစ်ခဲ့ပါသည် ။ Mr. Somchai အနေဖြင့် ပါလီမန်အဆောက်အအုံကို ၀ိုင်းရံစဉ်အခါက နောက်ဖက်ခြံစည်းရိုးမှကျော်၍ ထွက်ပြေး လွတ်မြောက်ခဲ့ပါသည် ။ ၎င်းအနေဖြင့် ပီရူးနိုင်ငံတွင် ပြုလုပ်သည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးမှ ယနေ့ပြန်လည်ရောက်ရှိပါသည် ။
Mr. Somchai က လေယာဉ်ပေါ်တက်စဉ် ထိုင်းသတင်းအေဂျင်စီကို ပြောကြားရာ၌ မည်သူမဆို အစိုးရကို ဆန့်ကျင်ခြင်းနှင့် ဖြုတ်ချရန် ကြိုးစားမှုသည် ပုန်ကန်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည် ။
Mr. Somchai မှာ ၂၀၀၆ခုနှစ်တွင် စစ်တပ်မှ သွေးထွက်သံယိုမှုမရှိဘဲ အာဏာသိမ်းခြင်းခံရပြီး ပြည်နှင်ဒဏ်ဘဝဖြင့်နေရသူ ယခင်ဝန်ကြီးချုပ်ဟောင်း Mr. Thaksin Shinawatra ၏ ယောက်ဖဖြစ်ပါသည် ။ Mr. Somchai ကို မိုဘိုင်းဖုန်းသူဌေးကြီး၏ ရုပ်သေးရုပ်အဖြစ် ဆန်ကျင့်သူများက သတ်မှတ်ကြပါသည် ။
လွန်ခဲ့သောလက တရားရုံးချုပ်မှ Mr. Thaksin ကို ၎င်း၏ ဇနီးက မြေကို ဈေးနှုန်းသတ်မှတ်၍ အစိုးရ အေဂျင်စီထံမှ ၀ယ်ယူရာတွင် ဥပဒေချိုးဖောက်ပြီး ကူညီခဲ့သည့်အတွက် အပြစ်ကျူးလွန်ကြောင်း အမိန့် ချမှတ်ခဲ့ပါသည် ။
၂၀၀၆ခုနှစ် အာဏာသိမ်းမှုသည် ကန့်ကွက်ဆန္ဒပြမှုများ ပြန့်နှံ့လာအောင် ပြုလုပ်ပေးသကဲ့သို့ရှိပြီး ပြည်သူ့မဟာမိတ်ဒီမိုကရေစီပါတီအနေဖြင့် အဆိုပါအဖြစ်အပျက်သည် စစ်တပ်မှ ထပ်မံကြားဝင် ဆောင်ရွက်ရန် လှုံ့ဆော်မှုတစ်ရပ်ဖြစ်သည်ဟု မျှော်လင့်ခဲ့ပါသည် ။
သုံးသပ်သူများက ပြည်သူ့မဟာမိတ်ဒီမိုကရေစီပါတီအနေဖြင့် စီးပွားရေးလုပ်ငန်းရှိ ၎င်းကို အဓိက ထောက်ခံသူများနှင့် အလယ်အလတ်လူတန်းစားများ၏ ထောက်ခံမှုများကျဆင်းလာလျက်ရှိသည်ဟု ဆိုပါသည်။ အကြောင်းမှာ ထောက်ခံသူများအနေဖြင့် ကမ္ဘာ့စီးပွားရေး ဆိုးဝါးလာမှု၏ အကျိုးဆက်ကို ခံစားနေရသည့်အတွက်ကြောင့် ဖြစ်သည်ဟု ဆိုပါသည် ။
အစိုးရကိုဆန့်ကျင်သည့် ပြည်သူ့မဟာမိတ်ဒီမိုကရေစီပါတီအနေဖြင့် လွန်ခဲ့သော တနင်္လာနေ့က နောက်ဆုံးတိုက်ပွဲအဖြစ် ဆင်နွှဲခဲ့သော်လည်း ခန့်မှန်းထားသည့် ၊ ၎င်းကို ထောက်ခံသူတစ်သိန်းကို ပါ၀င်လာရန် စည်းရုံးနိုင်ခြင်း မရှိခဲ့ပါ ။ ရဲများက ပြောကြားရာတွင် ဒွန်မောင်းလေဆိပ်ပြင်ပတွင် ဆန္ဒပြခဲ့သူ အရေအတွက်၏ ဆယ်ပုံတစ်ပုံသာရှိသည်ဟု ဆိုပါသည်။ ပြည်လုံးကျွတ် ဆန္ဒပြပွဲဆင်နွှဲရန် ကြွေးကြော် ခဲ့မှုသည် မအောင်မြင်ဖြစ်ခဲ့ရပါသည် ။
ပြည်သူ့မဟာမိတ်ဒီမိုကရေစီပါတီအနေဖြင့် ၎င်းတို့၏ကြေညာချက်တွင် ဆန္ဒပြမှုကို တိုးမြှင့်ရန် အကြမ်းဖက်ခြင်းမရှိသော ဆန္ဒပြမှုကို အသုံးပြုရန်နှင့် သုဝဏ္ဏဘူမိလေဆိပ်ကိုပိတ်၍ Mr. Somchai နှင့် ၎င်း၏ အစိုးရကို နောက်ဆုံးရာဇသံပေးရန်တို့ ပါရှိပါသည် ။ အဆိုပါကြေညာချက်တွင် ၀န်ကြီးချုပ်အား ချွင်းချက်မရှိ ရာထူးမှ ချက်ခြင်းနှုတ်ထွက်ပေးရန်ကိုလည်း တောင်းဆိုထားပါသည် ။
၀န်ကြီးချုပ် Mr. Somchai အနေဖြင့် ယနေ့(၂၆-၁၁-၂၀၀၈) ဗုဒ္ဓဟူးနေ့ နောက်ပိုင်းတွင် သီးခြား တပ်မတော်လေယာဉ်ကွင်း၌ ဆင်းသက်ရန်ရှိပါသည် ။ ထိုင်းနိုင်ငံအနေဖြင့် လပေါင်းများစွာ နိုင်ငံရေး မငြိမ်သက်မှုနှင့် ကမ္ဘာ့ငွေကြေးဆိုင်ရာအကြပ်အတည်းများကို ခံစားရလျက်ရှိပါသည် ။

လင်းဦး(စိတ်ပညာ)
0 comments:
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)