အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ တိုက်ခိုက်ခံရခြင်း

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels: , ,

  • အိန္ဒိယနိုင်ငံ၊ စီးပွားရေးအချက်အချာမြို့ဖြစ်သည့် မြို့တော်မွန်ဘိုင်း(Mumbai)တွင် သေနတ်သမားများ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ(၈၆)ဦး သေဆုံးခဲ့ပြီး နိုင်ငံခြားသားများကို ဓါးစာခံအဖြစ် ဖမ်းဆီးထားသော ဇိမ်ခံဟိုတယ်ကြီး(၂)ခုသို့ လုံခြံုရေးတပ်ဖွဲ့များ ချီတက်လျက်ရှိသည်ဟု (၂၇-၁၁-၂၀၀၈) (ကြာသာပ တေးနေ့)တွင် တာဝန်ခံအရာရှိများနှင့် မျက်မြင်သက်သေများက ဆိုပါသည် ။


    အော်တိုမက်တစ်လက်နက်များနှင့် လက်ပစ်ဗုံးများကိုင်ဆောင်ထားသည့် လက်နက်ကိုင် လူတစ်စုသည် မြို့တော်ရှိ ဟိုတယ်များနှင့် အခြားနေရာများသို့ တိုက်ခိုက်မှုကြောင့် နောက်နှစ်တွင် ကျင်းပပြုလုပ်မည့် အမျိုးသားရွေးကောက်ပွဲနှင့် ကက်ရှမီးယားအပါအဝင် နိုင်ငံ၏ ရွေးကောက်ပွဲများအတွက် အခြေအနေကို မငြိမ်မသက်ဖြစ်အောင် ပြုလုပ်သကဲ့သို့ ဖြစ်သွားပါသည် ။

    ရဲများက ပြောကြားရာ၌ သေနတ်သမား(၄)ဦးကို ပစ်သတ်ပြီး မသင်္ကာသူ(၉)ဦးကို ဖမ်းဆီးလိုက်ကြောင်း၊ အကြမ်းဖက်နှိမ်နင်းရေးအကြီးအကဲအပါအဝင် ရဲ(၁၂)ယောက် အသတ််ခံရကြောင်း ဖြင့် ပြောကြားပါသည် ။ အခြေအနေကို မထိန်းသိမ်းနိုင်သေးကြောင်း၊ မိမိတို့အနေဖြင့် ဟိုတယ်(၂)ခုအတွင်း ကျန်ရှိမည့် အကြမ်းဖက်သမားများကို ရှင်းလင်းနေရကြောင်း၊ မဟာရပ်ရှ်တာပြည်နယ် ၀န်ကြီးချုပ် H.E. Mr. Vilasrao Deshmukh က ဆိုပါသည် ။ Mr. Deshmukh က သတင်းစာရှင်းလင်းပွဲတွင် အခြေအနေမှာ မငြိမ်သက်သေးပါကြောင်၊ ဟိုတယ် (၂)ခုအတွင်း အကြမ်းဖက်သမားများ ဘယ်နှစ်ယောက်ရှိသည်ကို ပြောရန်ခက်ခဲပါကြောင်းဖြင့် ပြောကြား ပါသည် ။ အစောပိုင်းက အိန္ဒိယပြည်ထဲရေးဝန်ကြီး H.E. Mr. Shivraj Pati က (၄)ဦးမှ (၅)ဦးစီခန့် ဟိုတယ် (၂)ခုတွင် ရှိမည်ဟု ဆိုပါသည် ။

    မွန်ဘိုင်းမြို့ ဗဟိုထိန်းချုပ်ခန်းမှ ရဲအရာရှိဖြစ်သူ P.D.Ghadge က ရိုက်တာသတင်းဌာနသို့ ပြောကြားရာ၌ အကြမ်းဖက်သမား(၄)ဦးကို အသေပစ်သတ်ခဲ့ပြီး မင်္ကာသူ လူ(၉)ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုပါသည် ။ ရိုက်တာသတင်းဌာန မျက်မြင်သက်သေက ပြောကြားရာ၌ Taj ဟိုတယ်ကို အကြမ်းဖက်သမားများက စီးနင်းပြီးနောက် ရဲများက ၀ိုင်းရံထားကြောင်း၊ ပစ်ခတ်သံများကို ကြားရကြောင်း၊ ဟိုတယ်အတွင်းရှိ မီးလောင်နေမှုကို မငြိမ်းသတ်နိုင်သေးကြောင်းဖြင့် ပြောကြားသည် ။

    ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အနည်းဆုံးဂျပန်နိုင်ငံသားတစ်ဦး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ ကြောင်းဖြင့် ပြောဆိုပါသည် ။ တောင်ကိုရီးယားက ၎င်းတို့၏ နိုင်ငံသား(၂၆)ဦးမှာ ဘေးအန္တရာယ်ကင်းစွာဖြင့် လွတ်မြောက်သွားသည်ဟု ဆိုပါသည် ။

    သေနတ်သမားများ ၀ိုင်းရံထားခြင်းခံရသော Oberoi ဟိုတယ်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားပြီး၊ ဆေးရုံတွင်လည်း ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိပါသည် ။ လုံခြံုရေးတပ်ဖွဲ့များ ဟိုတယ်များသို့ ၀င်ရောက် စီးနင်းနေသည်ကို မြင်ရကြောင်းဖြင့် ပြောကြားသည် ။

    ရဲအင်စပက်တာ Ashok Patil က ရိုက်တာသတင်းဌာနသို့ ပြောကြားရာ၌ အကြမ်းဖက်သမားများက ၎င်းတို့ကို Taj ဟိုတယ်အမိုးပေါ်မှနေ၍ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်၍ ရှေ့မတက်နိုင်အောင် ပြုလုပ်နေကြောင်းဖြင့် ပြောကြားသည် ။

    ယခုတိုက်ခိုက်မှုတွင် အနည်းဆုံး လူ (၂၅၀) ဒဏ်ရာရရှိကြောင်း၊ ဘူတာရုံနှင့် Café Leopold စသည့် နာမည်ကြီးစားသောက်ဆိုင်နှင့် ကမ္ဘာလှည့်ခရီးသည်များ ကျက်စားရာနေရာများကိုလည်း ပစ်မှတ်ထား ကြောင်းဖြင့် ရဲများက ဆိုပါသည်။

    ယခုတိုက်ခိုက်မှုကို Mujahideen အဖွဲ့က မိမိတို့ပြုလုပ်သည်ဟု ရုပ်မြင်သံကြားမှ ဆိုပါသည်။ Taj Mahal ဟိုတယ်တွင် လုပ်ငန်းကိစ္စနှင့်ရောက်နေသူ ဟောင်ကောင်တွင်နေထိုင်သည့် ဗြိတိသျှလူမျိုး Rakesh Patel က အကြမ်းဖက်သမားများသည် နိုင်ငံခြားသားများကို ပစ်မှတ်ထားပါကြောင်း၊ အကြောင်းမှာ ၎င်းတို့သည် စားသောက်ဆိုင်မှ လာကြပြီး မိမိတို့ကို အပေါ်ထပ်သို့ ခေါ်သွားကြောင်း၊ အကြမ်းဖက်သူများမှာ လူငယ်များဖြစ်ပြီး အသက်(၂၀)မှ (၂၅)ပတ်ဝန်းကျင်တွင်ရှိပြီး သေနတ်(၂)လက်ကို ကိုင်ဆောင်ထားကြောင်းဖြင့် NDTV သတင်းဌာနသို့ ပြောကြားပါသည် ။

    အိန္ဒိယအနေဖြင့် ယခုနှစ်များတွင် မကြာခဏဗုံးများဖြင့် တိုက်ခိုက်ခြင်းကို ခံနေခဲ့ရသည် ။အများဆုံး အနေဖြင့် အစ္စလာမ်အစွန်းရောက်ပြည်သူ့စစ်များအပေါ် အပြစ်များပုံချခဲ့ကြပါသည် ။ အချို့တိုက်ခိုက်မှုများ နောက်ကွယ်တွင် ပါ၀င်နိုင်သည်ဟု ယူဆသည့် ဟိန္ဒူအစွန်းရောက်သူများကိုလည်း ရဲက ဖမ်းဆီးခဲ့သည် ။

    အာရှ၏ အကြီးဆုံးနှင့် အမြန်ဆုံးစီးပွားရေးတိုးတက်လာသည့် မွန်ဘိုင်းမြို့တိုက်ခိုက်ခံရမှုကြောင့် ရင်းနှီးမြှပ်နှံသူများအနေဖြင့် အထိတ်တလန့်ဖြစ်လျက်ရှိပါသည် ။ Travel Security Expert နှင့် DET Intelligent Risk System ဥက္ကဌဖြစ်သူ Mr. Bruce Mc Indoe က ယခုတိုက်ခိုက်မှုသည် လက်ရဲ ဇက်ရဲ ပြုလုပ်သည့် အကြီးမားဆုံးတိုက်ခိုက်မှုကြီးဖြစ်ပါကြောင်းဖြင့် ဆိုပါသည် ။ ဗြိတိသျှလူမျိုး ရှေ့နေ Mr. Mark Abell က မိမိတည်းခိုသည့် Oberoi ဟိုတယ်တွင် ပေါက်ကွဲသံ (၂)ခုကြားပြီးနောက် မိမိ၏အခန်းကို သော့ခတ်၍ နေရသည်ဟု ဆိုပါသည် ။

    Taj ဟိုတယ်မှ ဧည့်သည်အမြောက်အများကို ကယ်တင်လျက်ရှိပြီး၊ အများအပြားမှာ အတွင်းတွင် ကျန်ရှိနေကြောင်း၊ (၅)ထပ်မှနေ၍ အကူအညီများကို အော်ဟစ်တောင်းခံလျက်ရှိပါကြောင်း၊ ပိတ်မိနေသော ဧည့်သည်များကို မှန်မှားခွဲ၍ မီးသတ်သမားများက ကယ်တင်ရန် ကြိုးစားလျက်ရှိကြောင်းဖြင့် မျက်မြင်သက်သေတစ်ဦးက ဆိုပါသည်။

    နိုင်ငံခြားသားတစ်ဦးက ပြည်တွင်းရုပ်မြင်သံကြားဌာနကို ပြောကြားရာ၌ မိမိတို့အရေးပေါ် ထွက်ပေါက်မှ ထွက်ခဲ့ကြောင်း၊ သို့ရာတွင် လူအချို့ကို အကြမ်းဖက်သမားများက အမိုးပေါ်သို့ ခေါ်သွားခဲ့ကြောင်း ၊ ဓါးစာခံအဖြစ် လူ(၁၅)ယောက်ကို ခေါ်ဆောင်သွားကြောင်း၊ တစ်ဝက်မှာ နိုင်ငံခြားသားများဖြစ်ကြောင်းဖြင့် ပြောကြားသည် ။

    စပိန်လူမျိုးတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားရာ၌ Oberoi ဟိုတယ်တွင်ရှိသည့် စားသောက်ဆိုင်တွင် မိမိရှိခဲ့ပြီး အတွဲလိုက်သေနတ်ပစ်ခတ်မှုများ၊ သေကြေမှုများကို မိမိမြင်တွေ့ခဲ့ရကြောင်း၊ နောက်တစ်ကြိမ် ယခုလိုအဖြစ်မျိုး မိမိအနေဖြင့် မကြံုတွေ့လိုကြောင်း ပြောကြားပါသည် ။ ၀ါရှင်တန်ရှိ အိမ်ဖြူတော်နှင့် အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် Mr. Barack Obama က ယခုတိုက်ခိုက်မှုကြီးကို ရှုတ်ချလိုက်ပါသည်။ အလားတူပြင်သစ်၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Ban Ki-moon တို့ကလည်း ရှုတ်ချခဲ့ကြသည် ။

    အိမ်ဖြူတော်မှ အဆိုပါတိုက်ခိုက်မှုကြီးအတွက် တန်ပြန်အကြမ်းဖက်နှိမ်နင်းရေး၊ ထောက်လှမ်းရေးနှင့် ကာကွယ်ရေးအရာရှိများကို စုစည်းပြီး၊ အိန္ဒိယအာဏာပိုင်များထံသို့ အမေရိကန်အစိုးရက အကူအညီများ ပေးအပ်ခဲ့သည်။

    ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက တိုင်းပြည်ရှိ နိုင်ငံသားများကို မွန်ဘိုင်းမြို့သို့ ခရီးမထွက်ရေး နှင့် မွန်ဘိုင်းမြို့တွင် ရှိနေသည့် မိမိတို့လူမျိုးများအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များ၏ ညွှန်ကြားချက်များ အတိုင်း လိုက်နာ၍ လုံခြံုသည့်နေရာတွင် နေထိုင်ရန် ကြေညာပါသည် ။


    လင်းဦး(စိတ်ပညာ)

    2 comments:

    CMS said...

    ဒီသတင်းနှင့် ထိုင်းနိုင်ငံသတင်းတွေကတော့ ကြားရတာ စိတ်မကောင်းစရာပဲ။ ကြားထဲက ပြည်သူတွေကတော့ မြေစာပင် ဖြစ်ရရှာတယ် :(

    ပျံသန်းခြင်းရပ်ဝန်း said...

    သတင်းတွေကိုခုလိုအပင်ပမ်းခံဝေမျှပေးတာကျေးဇူးပါဗျာ...

    အားပေးလျက်
    နွေသူရ

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo