ကောင်မလေးရေ......
အစကတည်းက
ပွင့်လန်းမယ့်ပန်းတွေအကြောင်း....
အချစ်လမ်းနဲ့ ကမ်းတွေအကြောင်း .....
အဖြစ်ဆန်းတဲ့ စခန်းတွေအကြောင်း...
ဘာလို့ ငါ့ကို ပြောခဲ့သလဲ။
အခုတော့ အမြဲစိမ်းသစ်တောတွေပဲ ဝေဆာလို့.....
စခဲ့တဲ့ဇာတ်လမ်းမှာ
ငါ့ကို အစကတည်း ပြောပါလားဟာ..
အဲ့လောက် မပွင့်လန်းဖို့နဲ့
အဲ့လောက် အချစ်မဆန်းဖို့ အကြောင်းပေါ့။
အခုတော့ အချစ်...အချစ် ဆိုတာကိုတောင် မကဘဲ
ချစ်တယ် ချစ်တယ် ဆိုတာကိုတောင်
လှောင်ပြတယ်....
ရယ်ကြတယ်...
ကဲ.... ငါ ဘယ်လောက် ရှက်ရမလဲ။
ကောင်မလေးရေ.......
ဖြစ်နိုင်ရင် ငါ့အချစ်ကို မြိုမချနိုင်ရင်တောင်မှ
ထွေးမထုတ်ပါနဲ့။
င့ါကို အကြိမ်ကြိမ် ကစားခဲ့တာလေးကိုတော့
ပြန်ငဲ့ကြည့်ပေးပါ.....
အချိန်တွေ မလွန်ခင်ပေါ့..........။
ငါ့ညကို ငါထုဆစ်ခဲ့တာ
ဒါပေမယ့် အလွမ်းချည်းပဲ
အလွမ်းတိုင်းလည်း မလှပခဲ့သလို
လွမ်းတဲ့ညတိုင်းလည်း လမသာခဲ့ပါဘူး။
ချစ်လွန်းလို့ ရူးတာကိုတောင်မှ
ဟားတိုက် ခံရသေးတယ်။
ငါကိုယ်တိုင်က ကျောက်ရုပ်ကို
ချစ်ခဲ့မိတာလား.........သံယတွေဖြစ်လို့......။
ဇာတ်လမ်းအစကတော့ ရွက်ဖျင်တဲနဲ့ပဲ
သက်တမ်းကတော့ မကြာသေးဘူးပေါ့။
မျှော်လင့်ချက်လေးကလည်း တဖြတ်ဖြတ်နဲ့
လေထဲလွင့်နေတာလေ။
ခံစားချက်ကတော့ မိုးရေထဲ မျောပါနေတာ
ကြွေလွင့်ရွက်ဝါတိုင်းမှာ ရှိုက်သံတွေမြည်နေတာ
သတိထားမိလာတယ်။
ငါကိုယ်တိုင်လည်း သိသားပဲ
နင်ကိုယ်တိုင်ကတော့ သတိထားမိမလားပဲ
ဘာမှမဖြစ်သလိုနေတတ်တာကိုတော့ ချီးကျူးတယ်။
ငါ့အချစ်ကို တန်ဖိုးမထားတတ်တဲ့.......မင်း
ငါ့အပြစ်ကိုတော့ ရှာတတ်သားပဲ ။
"သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်"
ပြောခဲ့တဲ့ အဲ့ဒီပုဂ္ဂိုလ်ကိုလည်း ဒေါသထွက်မိတယ်။
ငါက မင်းရဲ့ ဘာမှမဟုတ်တဲ့ ကစားစရာ အရုပ်တစ်ရုပ်ပဲ။
ဖြစ်ပျက်တာတွေကို ပြန်မြင်တိုင်း
ချစ်ခဲ့တာက အဆိပ်အလားပဲ...။
ကျော်ကြားမှုကို အဲ့လောက်တောင် တပ်မက်လား
အဖော်တလွှားနဲ့ ပျော်ပါးနေချင်ရင်
မော်ကြွားဖို့တော့ မကောင်းဘူး
အဲ့ဒါ.....မင်းအတွက်
ဖော်ထားတဲ့ ဆေးတစ်ခွက်လည်း ဖြစ်ရင်ဖြစ်မှာပေါ့။
ငါ့ကို ဘေးလူလို့သဘောထားနေရင်
အစကတည်းက ဖေးကူဖို့လို့ ပြောထားပါလား
အခုတော့ သွေးပူအောင် ကစားပြီးမှ
မေ့မရသေးတဲ့ ရင်ခွင်ဟောင်းနဲ့
ရှေ့ဆက်မယ့် အနာဂတ်သားကောင်တစ်ယောက်အကြောင်း
ခဏခဏ ပြောပြမနေစမ်းပါနဲ့
ငါ့အတွက်တော့ ငါ့ဟာ လူမိုက်တစ်ယောက်ဖြစ်နေပြီ။
လင်းဦး (စိတ်ပညာ)
6 comments:
ကောင်းပါတယ် လာခံစားသွားတယ်နော် အဟဲ အကိုလူမိုက်ကြီးအစား ...
ကဗျာ အရှည်ကြီးပဲ..။
ခုမှ အချိန်ယူပြီး သေချာပြန်ဖတ်ဖြစ်ပါတယ်။
အမြဲစိမ်း ကျောက်ရုပ်နဲ့ တူတဲ့ ကောင်မလေးပုံပြင် ပေါ့..။
ကဗျာကောင်းတယ်ဗျာ။
မိုုးကြယ်
ငါ့ကို ဘေးလူလို့သဘောထားနေရင်
အစကတည်းက ဖေးကူဖို့လို့ ပြောထားပါလား
အခုတော့ သွေးပူအောင် ကစားပြီးမှ
မေ့မရသေးတဲ့ ရင်ခွင်ဟောင်းနဲ့
ရှေ့ဆက်မယ့် အနာဂတ်သားကောင်တစ်ယောက်အကြောင်း
ခဏခဏ ပြောပြမနေစမ်းပါနဲ့
ငါ့အတွက်တော့ ငါ့ဟာ လူမိုက်တစ်ယောက်ဖြစ်နေပြီ။
အဲဒီစာသားလေး ထိတယ်ဗျို့ မိုက်တယ်
လာဖတ်ဖြစ်တယ်ဆိုတာပဲ ပြောချင်တော့တယ်...။ အဆင်ပြေပါစေ။
ကဗျာလေးတွေ၊ စာလေးတွေကို တော်တော်သဘောကျပါတယ်။ ဒါပေမယ့် တစ်ချို့စကားလုံးတွေအတွက်တော့ တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ့်ကိုကိုယ်သွေးနားထင်ရောက်နေတယ်လို့လည်း ခံစားမိပါတယ်။
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)