ဂီတ ဆိုတာကျွန်တော်တို့တွေရဲ့ နားခိုရာ အိုအေစစ်လေးတစ်ခုပါ။ ဂီတတစ်ခုဟာ လူနေမှုတစ်ခု၊ ပတ်ဝန်းကျင်တစ်ခု၊ အရာအားလုံး တော်တော်များများကို ကိုယ်စားပြုနေတာကို တွေ့ရမှာပါ။ ကျွန်တော်ကိုယ်တိုင် ဒီအနုပညာကို ခုံမင်နှစ်သက်နေသူပါ။ ကျွန်တော်တို့ ကမ္ဘာကြီး လူနေမှုအဆင့်အတန်းတွေ တိုးတက်လာသည်နှင့်အမျှ ဂီတအမျိုးအစားတွေ အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။ ကမ္ဘာ့နေရာတိုင်းမှာ ဂီတသံမျိုးစုံကို ကြားနေရပါပြီ။ ဂီတသံမျိုးစုံ၊အမျိုးစားများစွာ ကြားနေရာကနေ ပြဿာနာပေါင်းစုံနဲ့ ငြင်းကြ၊ခုံကြ ဖြစ်လာကြပါတယ်။ ကျွန်တော် ကမ္ဘာနဲ့ချီပြီးပြောတယ်လို့တော့ မထင်ပါနဲ့။ အခုပြောမှာကတော့ မြန်မာပြည်က ဂီတအကြောင်းလေးတွေပါ။
ခေတ်ရေစီးကြောင်း၊ ခေတ်ရေစီးကြောင်းဆိုပြီး ပြောနေကြတယ်။ ဆော်နေကြတယ်။ လူငယ်တွေ ရေလဲသုံးတဲ့ စကားတစ်ခုပါ။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်တာကို လက်ခံနိုင်ပါတယ်။ ခေတ်တစ်ခေတ်ရဲ့ လူငယ်တွေမှာ သူတို့ရဲ့ စံပြဇာတ်ကောင်တွေ၊ စံပြသီချင်းတွေ သူတို့ဘဝလေးတွေကို ထုဆစ်နေတယ်ဆိုရင် ဘယ်သူက ငြင်းနိုင်မလဲ။ အခုတော်တော်များများဟာ Rap , Hip Hop ဆိုတဲ့ သီချင်းတွေကို အတော်ကြိုက်နှစ်သက်တာကို တွေ့ရပါတယ်။ ကျွန်တော်လည်း နားထောင်ဖြစ်တယ်၊ ကြိုက်ပါတယ်။ ခက်တာက Rapper အဆိုတော်တွေ တစ်ယောက်နဲ့တစ်ယောက် အတင်းပုတ်ခတ် ဝေဖန်ပြစ်တင်နေကြတယ်။ ဘယ်သူက ဒီကာရံတွေကို ဘယ်လိုထွင်ခဲ့တာ၊ဒီပွဲမှာ ငါကတော့ ဒီကောင့်ကို ဘယ်လိုလုပ်ပစ်လိုက်မယ် ဆိုတာလေးတွေကို တွေ့နေရတယ်။ စိတ်ဝမ်းတွေကွဲနေကြတယ်။ ဒါက Rap ဆိုတဲ့ အဆိုတော် အချင်းချင်းဖြစ်နေကြတာပါ။
အဲ့မှာပဲ ပရိတ်သတ်က သူ့ပရိတ်သတ်၊ ကိုယ့်ပရိတ်သတ်တွေက စကားတွေများကြ။ သူတို့ကြိုက်နှစ်သက်တဲ့ သူတွေရဲ့ ပဋိပက္ခဟာ ပရိတ်သတ်ဆီ ကူးစက်လာပါပြီ။ ရိုက်ပွဲတွေဖြစ်ကြ၊ ရန်တွေဖြစ်ကြနဲ့ တော်တော်လေးကို ဆိုးရွားစွာ တွေ့နေရပါတယ်။ ဟို Rapper လေးကို မိန်းကလေးတွေက တမ်းတမ်းစွဲဖြစ်နေတော့ ယောကျ်ားလေးအများစုရဲ့ အမြင်ကတ်ခြင်းကို ခံရတော့တာပါပဲ။ Hip Hop က သက်သက်၊ Rap က သက်သက်ဆိုပြီး အမြင်တွေလွဲမှားနေတာကိုလဲ တွေ့ရပြန်ပါတယ်။ ရှင်းရမယ်ဆိုရင် Hip Hop ဆိုတဲ့ နေထိုင်မှုပုံစံမှာ Rapသီချင်း ဆိုတဲ့သူတွေကို Rapper လို့ခေါ်ပါတယ်။ ဒါကို မသိကြဘူး။ ဇွတ်ကန်ပြီးတော့ကို ငြင်းနေကြပါတယ်။ ဆိုနေတဲ့သူတွေကကော မရှင်းပြဘူးလား။ ဒါမှမဟုတ် သူတို့ကိုယ်တိုင် မသိကြတာလားတော့ မသိပါ။
ပြီးတော့ စင်ပေါ်တက်ပြီး မင်းဘာကွ၊ ငါဘာကွနဲ့ ကိုယ့်အကြောင်းကိုယ်ဆိုနေတာ မြန်မာပြည်က Rapper အများစုရဲ့ ရောဂါတစ်ခုလို့ မြင်မိပါတယ်။ ငါကတော့ တတိယမြောက်မျိုးဆက်သစ်ကွဆိုပြီး အတိလင်း ပြောထားတဲ့ပုဂ္ဂိုလ်လေး၊ J Me နဲ့ စင်ပေါ်မှာ ဆိုတဲ့အခါ ဒုတိယမြောက် မျိုးဆက်သစ်ပါဆိုပြီး ပြောပြန်ပါတယ်။ ရှေ့နဲ့နောက် လွဲနေတယ်။ တစ်ခုရှိတာက J Me ကို ကိုယ်စားပြုပြီး ပြောတာလားတော့ မသိပါ။
မင်းတို့ကကွာ .. ဂီတာကြီးကိုင်ပြီး လျှောက်အော်နေတာ ။ ကြည့်လို့ကိုမရဘူး......။ ဒီလို အားမနာတမ်း ပြောနေကြတဲ့ Rapper တွေလည်း ရှိပါသေးတယ်။ သူ့ ဂီတ ကိုယ့်ဂီတနဲ့ အပြိုင်ကြဲနေကြတာ ရှိုးပွဲတိုင်းမှာ တွေ့နေရတယ်။ ဟို Rocker လေးကလည်း သူ့ဂီတမှ သူ့ဂီတဆိုပြီး ထအော်လိုက်သေးတယ်။ Punk ကောင်တွေတွေ့ရင် ၀ိုင်းချကွာဆိုတဲ့ စိတ်ဓါတ်ကို အရည်မြင့်နေတဲ့သူတွေလည်း တွေ့ရပြန်ပါသေးတယ်။ အခု နောက်ပိုင်း အဖွဲ့တွေ တော်တော်လေးကို ကောင်းလာပါတယ်။ ဆိုပုံ ဆိုပေါက်လေးတွေကအစ တော်တော်လေးကို ကောင်းပါတယ်။ ပြောရမယ်ဆိုရင် လူငယ်တွေကြားမှာ ရေပန်းစားအောင်၊ သူများထက်သာအောင် Rapper အချို့ လုပ်နည်းကတော့ ဆင်ဆာမပေးအောင် ဆိုတဲ့ အခွေတွေပါ။ ခပ်ရိုင်းရိုင်းကို ဆိုကြပါတယ်။ အဲ့လိုမျိုး ဆင်ဆာမပေးဘူးဆိုရင် လူတွေက ပိုပြီး စိတ်ဝင်စားကြတယ်။ အဲ့လိုမျိုး နာမည်ကြီးလာတဲ့ Raper တွေလည်း ရှိပါတယ်။ ဒါလည်း နာမည်ကြီးအောင် လုပ်နည်းတစ်မျိုးလို့ပဲ ထင်ပါတယ်။ သူ့ကိုယ်သူ ဘယ်လိုပဲ အကောင်းပြောပြော သူဟာ နာမည်ကြီးချင်လို့ လုပ်တာပါပဲ။ နာမည်ကြီးချင်လို့ ကိုယ်ဟာကို မြှှုင့်ပြီးဆိုရုံသာ မဟုတ်တော့ဘူး အခြားအဆိုတော်တွေ၊ အခြားဂီတတွေကိုပါ ပုတ်ခတ် ဆိုကြပါတယ်။ ဟိုဘက်ကလည်း Hip Hop ဆိုတာ ဂီတ တစ်ခု မဟုတ်ဘူးလို့ မပြောသင့်ပါဘူး။ ပြီးတော့ အသုံးအနှုန်းလေးတွေကလည်း မှားနေပါသေးတယ်။ ဒီဂီတဟာ ကမ္ဘာမှာ အားလုံး နှစ်သက်လက်ခံနေတာပါ။ ဒါကို သတိချပ်သင့်ပါတယ်။
ကျွန်တော်ပြောချင်တာက ကိုယ့်ဂီတကို ကိုယ်တန်ဖိုးထားပါ။ သူများဂီတကို မပုတ်ခတ်ပါနဲ့။ အားလုံး စောင့်ထိန်းသင့်တာတွေကို စောင့်ထိန်းရပါမယ်။ Punk တွေက မျက်နှာမသစ်ကြဘူး၊ သွားမတိုက်ကြဘူးကွ၊ Punk မှန်ရင် အဲ့ဒါတွေမလုပ်ပါဘူး၊ ဒါကြောင့်သူတို့သွားတွေ မဲနေကြတာ၊ ....... ဆိုတဲ့ ပုဂ္ဂိုလ်လေးတွေ လွဲမှားစွာ ကျင့်သုံးနေတာကို ကိုယ်တိုင် ကြံုဖူး တွေ့ဖူးပါတယ်။ ပြီးတော့ ပူအိုက်လွန်းတဲ့ ရာသီမှာ ရှုပ်နေအောင် အထပ်ထပ်ဝတ်ထားတဲ့ Rapper လေးတွေကိုကြည့်ပြီး တော်တော်လေးကို စိတ်ပင်ပန်းပါတယ်။ သူတို့ကတော့ သူတို့ကို Rapper လေးတွေမှန်း သိအောင် အပြည့်အစုံကို ၀တ်ထားကြတာပါ ။ အခု မြန်မာနိုင်ငံက Rap အဆိုတော်များအနေနဲ့ ဒီနိုင်ငံရဲ့ရာသီဥတုနဲ့ လိုက်မယ့် စတိုင်လေးတွေကို ထွင်သင့်တယ်လို့ထင်တယ်။ သူတို့ အနောက်တိုင်း အတိုင်း လိုက်ဝတ်မှ Rapper ဖြစ်မယ်လို့ဆိုရင် မဟုတ်သေးပါဘူးလို့ထင်ပါတယ်။ ကိုရီးယားက Rapper တွေကို ကြည့်ပါ။ သူတို့ စတိုင်နဲ့ သူတို့၊ ကိုရီးယား Rapper စတိုင်ဆိုပြီးတော့တောင် နာမည်ကြီး နေပါပြီ။ အဲ့လိုမျိုး ကျွန်တော်တို့ နိုင်ငံက Rap အဆိုတော်လေးတွေ မလုပ်နိုင်ဘူးလား။
ပြီးတော့ အခုခေတ် လူငယ်တွေရဲ့ အမြင်လေးတွေကို ပြောင်းသင့်ပါတယ်။ ကိုတိုးကြီးတို့ကတော့ အဆင့်မရှိတော့ပါဘူးကွာ၊ ဘီယာဆိုင်မှာဆိုရတဲ့အဆင့်ကို ရောက်ကုန်ပြီ........ ဆိုတဲ့ အပြောမျိုးတွေကိုလည်း ကြားနေရပါတယ်။ သူ့ခေတ်နဲ့ သူ့ဂီတပါ။ တစ်ချိန်မှာလည်း နောက်ထပ် ဂီတစတိုင်အသစ်တွေ အများကြီး ပေါ်လာဦးမှာပါ။ အဲ့အချိန်ကျရင် ဒီ Hip Hop လည်းမှေးမှိန်မသွားနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်မှာလဲ။ ပြီးတော့ Rap မှာလည်း ကော်ပီကူးတာတွေ ရှိတာပါပဲ။ ဒါကို ကိုယ်ပိုင်တီထွင်မှုလို့ ပြောပြောနေတာကတော့ မဟုတ်သေးဘူးလို့ထင်ပါတယ်။ ပြီးတော့ စကားပြောတိုင်း Rap မဖြစ်ဘူးဆိုတာ အခုနောက် Rapper လေးတွေ ချပြနေတာ ၀မ်းသာစရာပါ။
ကျွန်တော် ဒီဆောင်းပါးရေးတာဟာ Rapper နဲ့ Rap တွေကို နှိမ်ချ၊ ရှုတ်ချတဲ့ ဆန္ဒ လုံးဝ မပါပါ။ ဖြစ်နေတာတွေကိုသာ ရေးပြနေခြင်းသာ ဖြစ်ပါတယ်။ အားလုံးဟာ သူ့ပညာနဲ့ သူ ရှိကြသူချည်းပါပဲ။ အနုပညာသမားချင်း၊ အဆိုတော်ချင်း လေးစားကြစေလိုပါတယ်။

လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ရှိသည်.......................... လင်းဦး (စိတ်ပညာ)
4 comments:
အမြင်ချင်းတူပါတယ်..
စောင်းမြောင်း အပုတ်ချမှ သီချင်းတစ်ပုဒ်အဖြစ် ရပ်တည်နိုင်တဲ့ သီချင်းတွေ ... ဆင်ဆာမဲ့ ရိုင်းစိုင်းတဲ့ အသုံးတွေ နဲ ့ သီချင်းတွေ ဆိုနေတဲ့ ဟစ်ဟော့...ရက်ပါ ... အချို ့ကို စိတ်ကုန်နေတာ အတော်ကြာပါပြီ ...။
အရမ်းကောင်းပါတယ်ဗျာ..။ အမှန်တရားတွေပါပဲ။ ခုနောက်ပိုင်းရက်ပ်သီချင်းတွေက personal အကြောင်းတွေအရမ်းများလာတယ်.. ရိုင်းရိုင်းစိုင်းစို်င်းဆိုတာတွေလဲများလာတယ်။ အဲဒါမျိုးတွေကိုတော့ ဘာဂီတဖြစ်နေပစေ ရှုံ့ချသင့်တယ်.. ပရိတ်သတ်တွေဖက်က။
အဲအမြင်လေးကို ကြိုက်တယ်
ဒီပိုစ့်လေးကိုထပ်တင်ပါလား။
♫♫♫ ဟိုတစ်ဘက်ကမ်းက တရားဒေသနာ
အာရုဏ်ဦးရဲ့ ငြိမ်းချမ်းမှုလေလား
ပူလောင်ကျွမ်းတဲ့ နှလုံးသားကိုယ့် အသည်းကို
ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ....။
(ခင်ဝမ်း)..... ♫♫♫
လွတ်လပ်စွာ တူညီသွားပါတယ်...။
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)