မင်းတို့ရဲ့ အတ္တနဲ့ အပြစ်ရှာ မေတ္တာမဲ့လုပ်ရပ်တွေအတွက်
ငါ ၀မ်းနည်းတယ် ။
စာပေဟာ ငါ့ဘဝ
ဂီတဟာ ငါ့အသက်
ငါဖြတ်သန်းခဲ့တဲ့ နယ်ပယ်အတွက် ငါပေးဆပ်မယ်
ငါ သိမ်းပိုက်နေတာ မဟုတ်ဘူး
ငါ ပေးဝေနေတာ
ငါ ဘယ်တော့မှ ကျောက်ရုပ် မလုပ်ဘူး ။
ငါ့ဘဝကို ဇောက်ထိုးလုပ်
ငါ့ သိက္ခာကို မြေချ
အသေသတ်နေတဲ့ မင်းတို့
စာပေနဲ့ ဂီတကိုတော့ မသတ်နိုင်ပါဘူး
ငါ့ရင်ထဲက မြစ်တစ်စင်းကို
မင်တို့ ဘာနဲ့ တားဆီးမလဲ ။
ငါလုပ်တဲ့ အလုပ်ကို ငါနားလည်တယ်
မင်းတို့ နားမလည်တဲ့ စီးဆင်းမှုတစ်ခုကို
ဘာနဲ့ တားဆီးမလဲ
ဒီတော့
ငါ့ကို ကျောက်ရုပ်မလုပ်ခိုင်းပါနဲ့
ပြီးတော့
ငါဟာ ကြိုးဆွဲရာကရမယ့် ရုပ်သေးမဟုတ်ဘူး ။
အရာရာကို ဇောက်ထိုးမြင်နေတဲ့
မင်တို့က ဘာလဲ ။
ငါ့ စာပေ အစော်ကားခံခဲ့ရတယ်
ငါ့ စေတနာ ကျူးကျော်ခံခဲ့ရတယ်
ငါလေ
ဒဏ်ရာတွေကို မြစ်ထဲ ထည့်ခဲ့ရတယ်
ငါ့ မြစ်မှာ အရောင်တစ်ခု ရောသွားရပြီ ။
ငါ ဆက်ရေးနေဦးမယ်
ငါ ဆက်ရှင်သန်နေဦးမယ်
ငါ့ မနက်ဖြန်တွေနဲ့
မြစ်တစ်စင်းကတော့ စီးဆင်းနေဆဲ
ကဲ.......
မင်းတို့ တားဆီးကြဦးမလား ။
အနုပညာကို
လုပ်ချင်တိုင်း လက်ဝါးကြီးအုပ်လို့ မရဘူးဆိုတာ
......................................
ငါနောက်ထပ် ပြောဦးမယ်...
ငါ ကျောက်ရုပ်မဟုတ်ဘူး
ဆက်ပြောဦးမယ်...
အဓိပ္ပါယ်မရှိတဲ့
တားမြစ်မှုအတွက်တော့
ငါ့ မြစ်က ရပ်တန့်သွားမှာ မဟုတ်ဘူး ။ ။
လင်းဦး (စိတ်ပညာ)
2 comments:
စီးလိုက်စမ်းဗျာ... အရှိန်နဲ့ ပြင်းပြင်း
ဒီကဗျာလေးကို အရမ်းကြိုက်တယ်ဗျာ.. အားပေးတယ်ဗျာ.. အဆင်ပြေပါစေ
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)