ကျဉ်မြောင်းလှတဲ့ လက်တံတွေ
မင်းရောက်နေတဲ့ ဘဝ
ငါရောက်နေတဲ့ နေရာ
တကယ်တော့
ဘာမှ မထူးခြားဘူးညီမလေး......။
အဆစ်လိုက် သီကုံးထားတဲ့ သဘောတရားတွေ
ဝေးရမယ်၊ ဆွေးရမယ်၊ လွမ်းရမယ်
နေ့နဲ့ည နမ်းရှိုက်ကြမယ်
အိပ်မက်တွေ ယစ်မူးကြမယ်
မထပ်ခဲ့တဲ့ ကောက်ကြောင်းတွေ
ရင်ခုန်သံဆိုတာ
သော့ခတ်ထားလို့မှ မရတာ ညီမလေး...........။
ခပ်ရေးရေးတွေးကြည့်
မဆန်းပြားတဲ့ ကကွက်တွေ
ခိုလှုံရာ တံတိုင်းဆိုတာ ယိုင်နဲ့လို့
စည်းစိမ်အကျီ င်္က ကြပ်ထုပ်
ခပ်ပါးပါး မနက်ဖြန်တွေရဲ့ အသက်ရှူသံမှာ
သတ်မှတ်ချက်တွေ ကြမ်းကျွံနေတဲ့အဖြစ်
ဆူးတွေက ထပ်ခါ ထပ်ခါ
ငါဖျော်သောက်ခဲ့တဲ့ ညလယ်တေးတစ်ပုဒ်
ခါးတော့ ခါးတာပေါ့ ညီမလေး......။ ။
Lin Oo (psy)
1 comments:
ကောင်းကင်ကိုတယောက် သနားပါတယ် ဒါနဲ ့ဘယ်လို သောက်ခဲ့သလဲ ပြုတ်သလား ရေနွေးဖျောရုံလား
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)