ဝန်းကျင်က ရိုက်ခတ်တဲ့အခါ
ထိခတ်ခံစားချက်အဖြစ်
"ကဗျာ" ဆိုတာထွက်ကျလာတယ်။
ကဗျာတွေကလည်း
အဲ့ဝန်းကျင်ကို
နှိုးဆွရိုက်ခတ် ခံစားစေတယ်။
ဒီမှာ မိတ်ဆွေ......
ကဗျာဆိုတာ
ခံစားချက်ကိုအရင်းပြု
ခေတ်ကိုလည်း ကိုယ်စားပြုတယ်။
ကဗျာရေးသူတွေ
တာဝန်ကျေကြပါစေ။
ကဗျာဖတ်သူတွေလည်း
ခံစားနားလည် နိုးကြားကြပါစေ။
အဲဒါ ကဗျာပဲ။
လင်းဦး(စိတ်ပညာ)
0 comments:
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)