တကယ်တော့
အချစ်ရဲ့
ဒဏ်ရာဆိုတာ....
အဲ့လောက်
လတ်ဆတ်နေဖို့ မကောင်းဘူး။
တကယ်တော့
ဝေဒနာဆိုတာ
အဲ့လောက်
တမြေ့မြေ့ ကျွမ်းလောင်မနေသင့်ဘူး။
တကယ်တော့
တွေ့ဆုံခြင်းဆိုတာ
အဆုံးသတ်မကောင်းခြင်းရဲ့နိဒါန်း
မဖြစ်သင့်ဘူး။
တကယ်တော့
စာနာတတ်ခြင်းဆိုတာ
ဘာမှမရှိတဲ့လူတစ်ယောက်ကို
ဒဏ်ရာတွေ လှူဒါန်းပေးဖို့မဟုတ်ဘူး။
တကယ်တော့
နားလည်မှုဆိုတာ
အဖြည့်ခံသက်သက်
ထိုးကျွေးလိုက်ရခြင်းကို ခေါ်တာမဟုတ်ဘူး။
တကယ်တော့
သီအိုရီတွေရဲ့ ပြင်ပက
ဥပေက္ခာပြုခံရတဲ့ လူတစ်ယောက်
အဲ့ဒီလူ.................. ငါပဲ။
လင်းဦး(စိတ်ပညာ)
0 comments:
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)