Virus ကို ကာကွယ်ဖို့ဆိုပြီး Application အကြောင်း ပြောပြမယ် မထင်ပါနဲ့။ Messenger Virus ခေါ် ထပ်ပွား Virus တွေ ကူးစက်မှုကို မိမိကိုယ်တိုင် ကာကွယ်ဖို့ ပြောပြချင်တာပါ။ တွေ့ကြံုနေရတဲ့ Google Talk ကနေတစ်မျိုး၊ Facebook ချက်ဘောက်ကနေတစ်ဖုံ လင့်တွေ ပို့ပို့ပြီး ဒုက္ခပေးတာဟာ နေ့စဉ် အင်တာနက်သုံးသူတွေ တစ်ဆင့်ချင်း တစ်ယောက်ချင်းစီ ပျံ့နှံ့နေတာ ကြာပါပြီ။ ဒီအတွက်လည်း Removal Softwares တွေထုတ်ပြီး ဖြေရှင်းကြတာမျိုး။ စက်ထဲက သူတို့သွားနိုင်မယ့် နေရာမှာ ဖယ်ရှားရှင်းလင်းပစ်တာမျိုးတွေ လုပ်ကြပါတယ်။
တကယ်တမ်း စဉ်းစားကြည့်ရင် ဒီ Virus Link တွေဟာ ဦးဆုံး ကူးစက်ခံရသူရဲ့ Chat မှတဆင့် ထပ်မံ ပို့ဆောင်ကြတယ်။ Chat List ထဲက သူငယ်ချင်းတွေကလည်း Link ကို ဘာမှန်းမသိ နှိပ်မိကြတယ်။ ထပ်ပွားကြတယ်။
I'm single from India. ASL please ၊ ဒီနောက် Spycam ဆိုပြီးတစ်မျိုး၊ love virus ဆိုပြီးတစ်ဖုံ၊ Youtube လင့်ပေးပြီး Flash ဒေါင်းခိုင်းပြီး ဒုက္ခပေးတာမျိုး၊ HAHA LoL is this your picture? OMG is this your picture? ဆိုပြီး Link တွေ ပေးပို့ပြီး ဒုက္ခပေးမှု ပေါင်းစုံ ဖြစ်ပေါ်ခဲ့တယ်။
အဲ့တော့ စဉ်းစားကြည့်ရင် ရှင်းရှင်းလေးရယ်ပါ။ ကျွန်တော်တို့အားလုံး ဒီလို Messenger Virus ခေါ် ထပ်ပွား ဗိုင်းရပ်တွေ မထိကြအောင် အားလုံးမှာ စောင့်ထိန်းရမယ့် Online Chat စည်းကမ်းလေးလိုပါတယ်။ ဒီစည်းမျဉ်းစည်းကမ်းကို မလိုက်နာရင်လည်း ဘာပြစ်မှုမှလည်း မဖြစ်နိုင်သလို တကယ်တမ်း အဲ့လိုသာ လိုက်နာလိုက်ရင် ဒီ Virus ရန်က ကင်းဝေးမှာပါပဲ။
“မိမိကနေ အခြားသူငယ်ချင်းကို ဖတ်လိုသော Website Link တစ်ခုခု ပေးမယ်ဆိုရင် ဦးဆုံး ခေါင်းစဉ်/ အကြောင်းအရာကို ပြောပြစေချင်ပါတယ်။ ဥပမာ- ဒီ Link က လွတ်လာတဲ့သူတွေအားလုံးနဲ့ တွေ့ဆုံမေးမြန်းခန်းလေးပါ- ဆိုပြီး ပြောပြီးမှ Link လေးချပေးလိုက်တာဟာ အကောင်းဆုံးပါပဲ။ ဒါမှလည်း မိမိသူငယ်ချင်းဟာ စိတ်ချလက်ချနဲ့ Link ကိုနှိပ်ပြီး သွားကြည့်နိုင်မှာပါ။”
“နောက်တစ်ချက်က မိမိသူငယ်ချင်းတွေဆီမှ Link တွေ ရောက်လာရင် မမေး မစမ်းပဲနဲ့ သွားမနှိပ်မိဖို့ပါပဲ။ ဒီအတိုင်း ဘာမှမပြောပဲ လာတဲ့လင့်တွေကို မနှိပ်မိဖို့ပါ။ ဒီအတိုင်းထားလိုက်ပါ။ အကယ်၍ မိမိသူငယ်ချင်းက ခုဏက Link ကြည့်ပြီးပြီလားလို့ မေးလာမှာပါပဲ။ ဒါဆိုရင် မိမိသူငယ်ချင်းက သူကိုယ်တိုင် ပို့တဲ့ Link တစ်ခုဆိုတာ သေချာပြီပေါ့။”
အထက်ပါ (၂)ချက်ကို သေချာစဉ်းစားပြီး လူတိုင်း လိုက်နာလိုက်ရင် Auto Messenger Virus ရန်တွေကနေ ကင်းဝေးနိုင်ပါပြီ။ ကျွန်တော် အထက်မှာ ပြောခဲ့သလို ဥပဒေသ တစ်ခုမဟုတ်သော်ငြားလည်း ဒီလို စောင့်ထိန်းမှုတွေရှိရင် ဒီလို Virus ရန်မျိုးတွေကနေ ကင်းဝေနိုင်မှာပါ။
အခုအခါမှာ Twitter လိုမျိုးမှာ မိမိနေ့စဉ်မှတ်တမ်း ရေးတင်တာမျိုးကနေအစပြုပြီး web short link တွေ သုံးလာကြတယ်။ Google ကလည်း goo.gl ဆိုပြီး Service တွေကို ပေးထားပါတယ်။ အခြားသော Web short link ပေးတဲ့ ဆိုက်တွေလည်း ပေါ်ထွက်နေပါပြီ။ တစ်ဖက်က Link အရှည်တွေကို ချံု့ပစ်လိုက်တာဟာ ကောင်းကျိုးတွေပေးနေပေမယ့် တစ်ဖက်မှာတော့ ဒီ short link တွေဟာ ဗိုင်းရပ်စ်ဖြန့်သူ၊ ဟက်ကာ များအတွက် အသုံးချစရာ နည်းလမ်းသစ်တစ်ခုအဖြစ် ဖန်တီးပေးနေသလို ဖြစ်နေပြန်ပါတယ်။ သူတို့ရဲ့ Virus ထားရာ Hosting တစ်ခုခုကို ဒီ Short Link တွေကို အသုံးပြုပြီး ပုံစံပြောင်း နှိပ်စက်ပါတော့တယ်။ ဒီအတွက် Short Link တွေကိုလည်း သတိထားစေချင်ပါတယ်။
ကျွန်တော်တို့တွေဟာ ဒီလို စောင့်ထိန်းမှုမျိုး၊ အလေ့အထမျိုးလေးတွေ ရှိသင့်ပါတယ်။ Antivirus Software ပေါင်းများစွာ ထားထားတာပဲကွာလို့ ပြောနိုင်ပေမယ့် တစ်နေ့ထက်တစ်နေ့ မြင့်တက်နေတဲ့ နည်းပညာတွေနဲ့အတူ ဒီ Software တွေ မသိလိုက်တဲ့ Virus အမျိုအစားတွေ များစွာပေါ်ထွက်နေဦးမှာပါပဲ။ တစ်ချို့ Virus များဆိုရင် Antivirus Software က သတ်လိုက်တယ်လို့ ပြနေပေမယ့် မိမိကွန်ပျူတာစက်ထဲကို ရောက်ပြီးပြီဆိုတာမျိုးတွေ ရှိနေတတ်ပါတယ်။
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းပါတယ် ဆိုတာနဲ့အညီ ကျွန်တော်တို့ဟာ ဒီလိုမျိုးလေးတွေ ရှောင်ကြဉ်လိုက်ရင် ဒီလို Virus မျိုးတွေကနေ ကင်းဝေနိုင်မယ်လို့ အကြံပြုပါရစေ။
လင်းဦး(စိတ်ပညာ)
2 comments:
ကျေးဇူးပါ... ကိုလင်းဦးရေ
ဒီပို့စ်လေးကို အရင်ကတည်းက ဖတ်ထားမယ်ဆိုရင် ခုလိုဖြစ်မှာမဟုတ်ဘူး။ ဖြစ်ချင်တော့ သူငယ်ချင်းတစ်ယောက်နဲ့စကားပြောနေတာ..၊ သူ့ဆီက လင့်ဝင်လာတော့ သူပို့တယ်ပဲထင်တာပေါ့။ အဲဒါကြောင့် သွားနှိူပ်လိုက်မိတာ..။ မနမ်းရဲ့ ကွန်ပျူတာလေးထဲက ဗိုင်းရပ်စ်ကို ရှင်းပေးတဲ့အတွက်လည်း ကိုလင်းဦးကိုကျေးဇူးတင်ပါတယ်ရှင်..။
ဟုတ်ကဲ့ပါ... မနမ်းရေ... ရေးမယ် ရေးမယ်နဲ့ အခုမှ ရေးဖြစ်သွားလို့ပါ။
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)