တန့်ကြည်တောင်ပေါ်မှ ဧရာဝတီမြစ်အား မြင်ရပုံ(Ko Ze Yar)
အို… ဧရာဝတီ…. အခုတော့ သူတို့ရဲ့ အတ္တလောဘအောက်မှာ ပျောက်ကွယ်ရတော့မှာလား။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ဧရာဝတီအပေါ် ခံစားချက်တွေကို နားထောင်ခဲ့ရပြန်တယ်။ အခုတစ်လော သတင်းတွေက ခပ်များများရယ်။ သမ္မတကြီးက ပြည်သူတွေရဲ့ တုန့်ပြန်မှုပေါ် မူတည်ပြီး ဆုံးဖြတ်ချက် ချမယ်ဆိုလား။ ဘယ်လိုဖြစ်ဖြစ် ကိုယ့်သွေးကြော ကိုယ်တိုင်ဖြတ်ထုတ် ဖောက်ထုတ်မယ့် အဖြစ်မျိုးတော့ မလုပ်ကြပါနဲ့လို့။ အခုဆိုရင် ဘယ်တိုင်းရင်းသား ဘယ်သူမဆို မြန်မာ့မြေပေါ်ကနေ ဧရာဝတီပျောက်ကွယ်သွားမယ့် အဖြစ်မျိုးကို မလိုလားကြဘူးဆိုတာ သက်ဆိုင်ရာပုဂ္ဂိုလ်များ သိရှိကြပြီး ဒီစီမံကိန်းကြီးကို ရပ်စဲဖြတ်သိမ်းပေးပါလို့……..။ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းပြ ကွန်ပျူတာ ဒီဇိုင်းပုံ (link) |
လွန်ခဲ့သော ၁၅ နှစ်က ပို့စ်ကတ်အတွက် ရေးခဲ့သောကဗျာ
မေခနဲ့ မလိခ ဆုံမိကြသည်မှာ
သံယောဇဉ်မြစ်ဆုံဖြင့်
ချစ်ကြသောအခါ ၊
သမုဒယ မြစ်နှစ်စင်းရဲ့
ချစ်ခြင်းဖွဲ့အလင်္ကာ၊
ဧရာဝတီရယ်လို့ဖြစ်
ကမ္ဘာတည်သရွေ့
မြန်မာပြည်ဟေ့ရယ်လို့
ကြွေးကြော်ပြီး
စီးနေမယ့်မြစ် ။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
မြစ်ကော
မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းရပေမည်၊
ရေဝေတောတွေ စိုင်းဆွတ်လို့
မှိုင်းညို့ညို့မှုန်ရီ၊
ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊
တစ်တောလုံးပြောင်
တစ်တောင်လုံးလင်း
မြစ်ကျဉ်းကာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ် အပျက်သဘောက
မြစ်ကောမယ့်နေ့။
မောင်စိန်ဝင်း(ပုတီးကုန်း)
မြောင်စာပေဟောပြောပွဲမှ မောင်စိန်ဝင်း(ပုတီးကုန်း)၏ ဧရာဝတီအပေါ် ခံစားချက် အသံဖိုင်အား ဖြတ်ထုတ် တင်ပြပါသည်။
အသံဖိုင်ဒေါင်းရန်
Irrawaddy River Links
Wikipedia (Irrawaddy)
Travel Myanmar
တိုက်စိုးရဲ့ ဧရာဝတီ
ဧရာဝတီလှိုင်းတံပိုးများ
ကျန်းမာပါစေ အမေဧရာဝတီ
ထလော့ ဧရာဝတီ
အဖြူရောင်သတို့သမီး
တိုက်ပွဲခေါ်တဲ့ ဧရာဝတီ
နှုတ်ဆက်တော့မည့် ဧရာဝတီ
ငါတို့ ဧရာဝတီ
လင်းဦး(စိတ်ပညာ)
3 comments:
ခက္တယ္ဗ်ာ။
မြန်မာဆိုတာ တစ်နေ့ ဘယ်နရောမှာ ရှာပြရပါ့မလဲ။
ဧရာဝတီဆိုတာ ကျန်မွတို့ ဗမာတရွေဲ့ အသက်သွေးကြောပါ။
အမျိုးသားရေးစိတ်ဓာတ်ရှိသူတိုင်း ဒီပရောဂျက်ကို ရှုံ့ချသင့်ပါတယ်..။
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့အသံဖိုင်ကိုနားထောင်ရတာ ကျေးဇူးတင်မိပါတယ် ကိုလင်းဦးခင်ဗျား။ ကဗ်ာခံစားတတ္တဲ့ ကၽနြ္တော့္အတကြ္တော့ အရသာရွိလိုက္တာခင္ဗ်ာ။
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)