ဧရာဝတီမြစ်ပေါ်၌ (၁၅၂)ပေမြင့်သော ကမ္ဘာပေါ်တွင် (၁၅)ခုမြောက် အကြီးဆုံး မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းစီမံကိန်းနှင့် ပတ်သက်၍ အသိပညာရှင်၊ အတတ်ပညာရှင်များအပြင် စာပေ၊ ဂီတ အနုပညာရပ်ဝန်းတစ်ခုလုံးမှ ဤစီမံကိန်းအား တားမြစ် ရှုတ်ချနေသည်ကို တွေ့နေ ကြားနေရသည်။
ဧရာဝတီကို တေးရေးဆရာ၊ အဆိုတော်တွေ ရာဇဝင်ထဲက သတို့သမီးအဖြစ်၊ သက်ရှိမြစ်အဖြစ် ခံစားကြသည်၊ ကဗျာဆရာတွေရဲ့ ခံစားကြည်နူးစရာ မြင်ကွင်း အိမ်မက် ဖွဲ့တည်ရာဖြစ်သည်။ အနုပညာ ခံစားသူတို့၏ အတွေး၊ အရေးတို့နှင့် ပြည့်နှက်နေသော မိခင်ဧရာဝတီအား အလှပျက်စီးစေမည့် စီမံကိန်းကြီးကို တွေးပြီး စိတ်မကောင်းဖြစ်မိသည်။ ထို့ထက် မှီတင်း အသက်ရှင်် လုပ်ကိုင်နေကြသော ပြည်သူများအပေါ် သက်ရောက်နိုင်သော နောက်ဆက်တွဲ ဘေးဒုက္ခဆိုးများကို သိရသည့်အခါ စိုးရိမ်ထိတ်လန့်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။
တက်ကြွစွာ ပါဝင်လှုပ်ရှားနေသော ရဲတိုက် (ဓါတ်ပုံ-ဧရာဝတီ) |
သဘာဝဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပြီး ရာသီဥတုပြောင်းလဲမှုများ၊ လူတွေပင်မဟုတ်ဘဲ၊ သဘာဝဇီဝပြောင်းလဲမှုကြောင့် ဧရာဝတီပေါ်တွင် ပေါက်ဖွားရှင်သန် နေထိုင်ကြသော ငှက်များ၊ ငါးမျိုးစိတ်များ၊ ဧရာဝတီလင်းပိုင်များ သေဆုံး ပျောက်ရှသွားမည်။ ဤကဲ့သို့သော ဆိုးကျိုးများကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက လစ်လျူရှူပြီး လုပ်ကိုင်နေကြသည်။
ကချင်လူငယ်ကွန်ယက်မှ ထုတ်ဝေသော စာများအား ဖတ်ကြည့်ရာ ဆည်အတွင်းရေများ ရေသေဖြစ်နေပါက ပုပ်သိုးလာသော ဇီဝရုပ်ကြွင်းများကို စားသုံးနေထိုင်ကြသော ဘတ်တီးရီးယားများက ရေထဲတွင် ရှိနေသော ပြဒါးဓါတ် (မာကျူရီ)များကို မီသိုင်းမာကျူရီ (methylmercury) အဖြစ်သို့ ပြောင်းလဲကြောင်း၊ ထိုပြဒါးဓါတ်များသည် လူများကို ဒုက္ခပေးနိုင်ကြောင်း ရေးသားထားကို ဖတ်ရ၍ အသက်အန္တရာယ်ကို တိုက်ရိုက် ဒုက္ခပေးနိုင်ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေကာတာကြီး ဆောက်လုပ်ပြီးစီးသည်ဆိုကြပါစို့………။ ဆည်ကျိုးလျှင် ဖြစ်ပေါ်လာမည့် အန္တရာယ်များ၊ လူ့အသက်ဆုံးရှံုမှုများအတွက် တရုတ်ကုမ္ပဏီနှင့် အစိုးရတာဝန်ရှိသူများ မည်သို့မည်ပုံ တာဝန်ယူပေးမည်နည်း။
အကျိုးအမြတ်တဲ့လား။……..။ တရုတ်ကုမ္ပဏီမှ ရ၀%၊ မြန်မာအစိုးရမှ ၂၀ %၊ ကျန် ၁၀% အား အကျိုးဆောင်ပွဲစားကုမ္ပဏီအား ပေးရမည်။ ကိုယ့်နိုင်ငံတွင်ဆောက်လုပ်ခွင့်ပေးသည်၊ လျှပ်စစ်မီးအား တရုတ်ကယူမည်။ အမိမြေရှိ တိုင်းရင်းသားများ၏ အသက်အန္တရာယ်များနှင့်အတူ သဘာဝရင်းမြစ်များဆုံးရှံုးမှုများကို အကျိုးအမြတ် ၂၀% နှင့် လဲယူမည်။ ကိုယ့်နိုင်ငံကပဲ အကုန်အကျခံကာ ဆောက်ပြီး ၁၀၀% အကျိုးအမြတ်ရယူမည်ထားဦး….၊ ထိုအပေးယူသည် ထိုက်တန်သည်လား။ ထို့အပြင် အမိဧရာဝတီမြစ်ပေါ် လုပ်ကိုင်စားသောက်နေကြသော အလွှာမျိုးစုံ လူတန်းစားမျိုးစုံအား မည်သည့်နည်းလမ်းဖြင့် အသက်ရှင်နေထိုင်စားသောက်ခွင့် ပေးမည်နည်း။
ဧရာဝတီမြစ်ဆုံစီမံကိန်းအပေါ် ကန့်ကွက်မှုသည် ပါတီ နိုင်ငံရေးမဟုတ်။
ဧရာဝတီမြစ်ဆုံစီမံကိန်းအပေါ် ရှုတ်ချမှုသည် နိုင်ငံတော်ပုန်ကန်မှုမဟုတ်။
ထို့ထက် အရေးကြီးသော တစ်မျိုးသားလုံးအတွက် ပူးပေါင်းပါဝင်သင့်သော အမျိုးသားရေးတာဝန် အဖြစ် မှတ်ယူကြစေလိုပါသည်။
ဧရာဝတီမြစ်သည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်လှသည်ဟုဆိုသော မြန်မာနိုင်ငံ ပေါ်ထွန်းလာရန် အဓိကကဏ္ဍက ပါဝင်နေသည် မဟုတ်ပါလော။ ယခုအခါ မိခင် ဧရာဝတီမြစ်ကြီးအား တိမ်ကော ပပျောက်ရန် ပြုလုပ်ကြံစည်နေသော ထိုစီမံကိန်းအား လုံးဝ လုံးဝ ကန့်ကွက်သည်။ မြောက်များစွာသော အသွေးအသားနှင့်အတူ အသက်ဆက်ခွင့်ပေးနေသော မြစ်ဧရာဝတီကြီးအား စာရေးသူတို့ ကာကွယ်ရမည့် အချိန်ဖြစ်နေပေပြီ။ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ပြောသလို မြစ်ကောလျှင် တိုင်းပြည်ပျောက်မည်ကို စိတ်နှလုံး သွင်းကြစေလိုသည်။
ဤတွင် ဒေါင်းကာ PDF ဖြင့် ဖတ်နိုင်သည်။
လင်းဦး(စိတ်ပညာ)
8 comments:
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြငွ်းမဲ့ ကန့်ကက်ွခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။
ဟူးးးး
ဧရာဝတီအကြောင်း ဖတ်လိုက်ရင် ၀မ်းနည်း လာတယ် ..း( ဧရာဝတီကို ကယ်တင်ခြင်းသည် မြန်မာလူသားမျိုးနယ်စွုကို ကယ်တင်တာနဲ့ တူတူပါပဲ ..
ဧရာဝတီ သည် မြန်မာပြည်သား အားလုံးနဲ့ဆိုင်သည့်အတကွ် ၊
ဧရာဝတြီမစ်ဆုံဆည်စီမံကိန်းကို ကန့်ကက်ခွငွ့်လည်း မြန်မာပြည်သားအားလုံးတင်ရွှိပါသည် ။
ဧရာဝတြီမစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကက်ပွါသည် ။
ခင်မင်စွာ
မကိ
ဧရာဝတီနဲ့ မြန်မာပြည်
ဧရာဝတီနဲ့ ဗမာလူမျိုး
ခွဲခြားလို့မရဘူး...။
ဧရာဝတြီမစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကက်ပွါသည် ။
'မြစ်ဧရာ' လက်ရှိအခက်အခဲများကျော်လွှားပြီး ထာဝရအေးချမ်းစွာစီးဆင်းနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အြေးမပါစကေယွ်။
မတ္တောဖြင့်
အန်တီတင့်
မြစ်ဆုံရကောတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကက်ပွါတယ်၊ ဧရာဝတြီမစ်ကြီး အဓနွ့်ရှည်ပါစေ ...
မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကက်ပွါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။
ဟုတ်တယ် အမျိုးသားရေး စိတ်ဓာတ် အပြည့်နဲ့ ကန့် ကက်သွင့်တယ်...
မြစ်ဘေးမှာ နတေဲ့ ဆင်တဲသား ကျန်ွတော်ကလဲ ကန့် ကက်ပွါတယ်ဗျာ...
လင့်ပါယူသွားပါတယ်ဗျာ...
ကိုပြည်သားရေ..
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)