ဧရာမြန်မာယူနီကုဒ်စာလုံး အသစ်များ ထပ်မံထွက်ရှိ

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels:
  • နိုင်ငံတကာယူနီကုဒ်စံပြုရေးအဖွဲ့ကြီး၏ ယူနီကုဒ်ဗားရှင်း ၆.၀ ကို အခြေခံထားသည့် မြန်မာယူနီကုဒ်စာလုံးသစ် ၁၀ မျိုးကို ဧရာမြန်မာယူနီကုဒ်အဖွဲ့က ထပ်မံထုတ်ဝေလိုက်ပါသည်။

    ဤယူနီကုဒ်စာလုံးအသစ်များတွင် စာလုံးဒီဇိုင်း အမျိုးမျိုး ပါဝင်သည့် အပြင်၊ ဧရာမြန်မာယူနီကုဒ် စာလုံး တစ်မျိုးတည်း ရှိရုံမျှဖြင့် အခြား မြန်မာတိုင်းရင်းသားစာပေများ ဖြစ်သည့် ကရင်၊ မွန်၊ ရှမ်း၊ ကယား၊ ကယားလီ၊ ပအိုဝ်;၊ ပလောင် စသည့် စာပေများကိုပါ ရေးသားဖတ်ရှုနိုင်မည် ဖြစ်သည်။ ထို့ပြင် ဤစာလုံးများကို နိုင်ငံတကာစံပြုရေး အဖွဲ့ကြီး၏ စံသတ်မှတ်ချက်နှင့်အညီ မည်သည့် ကွန်ပျူတာ မောင်းနှင်စနစ် (Operating Systems) တွင်မဆို အသုံးပြုနိုင်မည် ဖြစ်သည်။

    မြန်မာကွန်ပျူတာသုံးစွဲသူများနှင့် မြန်မာအွန်လိုင်းစာပေလောက တိုးတက်ဖွံဖြိုးရေးကို ရည်ရွယ်၍ အောက်ပါ ဆော့ဖ်ဝဲရ် ပရိုဂရမ်များကိုလည်း ဧရာမြန်မာယူနီကုဒ်အဖွဲ့က အခမဲ့ ထုတ်လုပ် ဖြန့်ချိနေပါသည်။

    ၁။ မြန်မာ-မြန်မာ၊ မြန်မာ–အဂင််လိပ်-မြန်မာ ဧရာ အွန်လိုင်းအဘိဓာန် (http://www.ayar.co)

    ၂။ မိမိ၏ ကွန်ပြူတာတွင် ထည့်သွင်း၍ သုံးစွဲနိုင်သည့် ဧရာအဘိဓာန် Download


    ၃။ အွန်လိုင်းတွင် မြန်မာစာ ရေးသားသည့်အခါ လွယ်ကူစေသည့် အွန်လိုင်းသုံး မြန်မာစာ အယ်ဒီတာ (http://www.ayaronlineeditor.co.cc)

    ၄။ ဧရာနှင့် အခြား မြန်မာစာလုံးများကို တမျိုးမှ တမျိုးသို့ လွယ်ကူတိကျစွာ ပြောင်းလဲပေးနိုင်သည့် အွန်လိုင်း စာလုံးပြောင်း ကွန်ဗာတ(http://ayaronline.co.cc)
     
    ၅။ မိမိ၏ ကွန်ပြူတာတွင် ထည့်သွင်း၍ သုံးစွဲနိုင်သည့် စာလုံးပြောင်း ကွန်ဗာတာ အင်စတော်လာ Download

    ၆။ ဘလောဂ်ရေးသူများအတွက် မြန်မာဘာသာသုံး ဝဘ်ပရက်စ် (Wordpress) (http://mya.wordpress.org)

    ရ။ ဧရာမြန်မာယူနီကုဒ်စာလုံးများ မရှိပဲ ဝဘ်ပရက်စ်ဆိုဒ်များအား ဖတ်ရှုရေးသားနိုင်အောင် စီမံပေးထားသည့် Wordpress Ayar Web Kit (Download)

    ၈။ လူသုံးများသည့် phpBB စနစ်သုံး ဖိုရမ်များ အတွက် Ayar Online Keyboards Download

    ၉။ ဧရာဖောင့်နှင့် အခြား Application များကို တစ်ပါးတည်း ဒေါင်းလုပ်လုပ်ယူနိုင်သည် (Download)

    ထို့ပြင် Wordpress ချစ်သူများအတွက် သတင်းကောင်းအဖြစ် Wordpress မှ မြန်မာဘာသာစာလုံးအဖြစ် ဧရာယူနီကုတ်ကို ရွေးချယ်လိုက်ပြီဖြစ်ပါသည်။ ထို့ကြောင့် Wordpress ဖြင့် Blogging ချင်သူများအတွက် အကောင်းမွန်ဆုံး အဆင်ပြေနေပါပြီ။  ပိုမိုကောင်းမွန် တိကျသည့် မြန်မာဘာသာပြန် ဖြစ်ထွန်းနိုင်စေရန် http://my-mm.ayar.co/projects တွင် သွားရောက် ကူညီပြန်ဆိုနိုင်ပါသည်။

    အထက်ပါ ဧရာမြန်မာယူနီကုဒ်စာလုံးများနှင့် ဆော့ဖ်ဝဲရ်များကို http://add.ayar.co တွင် လည်း မည်သူမဆို အခမဲ့ ရယူနိုင်ပါသည်။ ဤစာလုံးများနှင့် ဆော့ဖ်ဝဲရ်များကို စီဒီခွေများဖြင့် ရယူလိုပါက မိမိ၏ အမည်နှင့် နေရပ်လိပ်စာ အပြည့်အစုံတို့ကို sendme@ayarunicodegroup.org သို့ ပေးပို့ခြင်းအားဖြင့် အခမဲ့ ရယူနိုင်ပါသည်။


    လင်းဦး(စိတ်ပညာ)

    1 comments:

    အၤဂါဟူး said...

    မရောက်ဖြစ်တာကြာပြီ ဆရာရေ..အခု အသစ်တင်မှ ပဲ ရောက်ဖြစ်တော့တယ်.. လိုတာတွဒေေါင်းသွားမယ်။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo