၁၉၉၇ ခုနှစ်တွင် ဆရာ ချစ်နိုင်(စိတ်ပညာ)၊ ဆရာ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)တို့နှင့်အတူ ကလောမြို့ စာပေဟောပြောပွဲကို ဟောပြောခွင့် ရခဲ့ပါသည်။ ကလောမြို့က စာပေဟောပြောပွဲ ဖိတ်ကတည်းက ကျွန်တော်ရင်ခုန်နေခဲ့သည်မှာ အမှန်။ ကလောနှင့် ကျွန်တော်က ရင်းနှီးပြီးသား။ ဒီတုန်းက ဟိုတယ်ဝန်ထမ်းများဖြစ်ကြသော ကိုထိန်လင်း၊ ကိုပန် အစရှိသည့် လူငယ်များနှင့် ချစ်ခင်ရင်းနှီးခဲ့ရပါသည်။ မကြာခင်မှာ ကိုထိန်လင်းက နိုင်မွန်(ကလော) ကလောင်အမည်ဖြင့် မဂ္ဂဇင်းတွေမှာ ကဗျာရေးလာပါသည်။ နောက်ပိုင်း နိုင်မွန် (နှင်းဆီတစ်ရာ) အမည်နှင့် ထင်ရှားသော ကဗျာဆရာဖြစ်လာပါသည်။ သူတို့နှင့် ပြန်လည်တွေ့ခွင့် ရနိုင်တော့မည်မို့ ကျွန်တော်ရင်ခုန်ခဲ့ရခြင်းဖြစ်ပါသည်။ ပြီးတော့ ကလောက အပြန်မှာ "ကလောမိုး" ဆိုသည့် ကဗျာလေးတစ်ပုဒ် ရင်ထဲမှ လွင့်စဉ်ကျလာခဲ့သည်ပဲ ။...........။
ကလောမိုး
မှိုင်းလုံးတောင်ထိပ်၊ မိုးသားရိပ်တို့
မှိုင်းရီဆို့လျှင်၊ မြို့ကွက်ထဲမှာ
မိုးက ရွာမြဲ။
ရွာလည်းမသည်း၊ ဖွဲဖွဲည့ံသက်
မိုးစက်နှင်းလို၊ စိုရုံကလေး
ချမ်းမြအေး၏။
သွေးရင်းသားရင်း၊ သူငယ်ချင်းတို့
အလှမြို့မှ၊ နေလို့မဝ
အားမရခင်၊ ပြန်ရန်ပြင်ဆဲ
နှုတ်ဆက်ခွဲတုန်း။
နှလုံးသားတောင်ထိပ်၊ အလွမ်းမိုးရိပ်တို့
မှိုင်းရီဆို့လျက်၊ မျက်ဝန်းထဲမှာ
မိုးစွေရွာသော်
ရင်မှာသောက၊ အပူစနှင့်
ဒေသမိုးလို မအေးချမ်း။
မောင်စိန်ဝင်း(ပုတီးကုန်း)
ကဗျာတစ်ပုဒ် ဖြစ်ပေါ်လာပုံအစအား သိစေချင်၍ တင်ပြရခြင်း ဖြစ်ပါသည်။
လင်းဦး(စိတ်ပညာ)
2 comments:
အကိုရေ.. ကလောမိုးကို လာခံစားသြားပါတယ္...
ၿပန္တြေးတော႔ လမွ်းစရာတချွေည်းပဲ...း)
ကလောမိုးကိုလဲခံစားပါတယ်
ကဗျာဆရာ
အသပြာနတ္တိ
ဝမ်းကျောင်းနေ၏.......။ကိုလဲခံစားခဲ့ပါတယ်
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)