ကလေးကလားဆန်သည့် လုပ်ရပ်သာ ဖြစ်သည်ဟု မြောက်ကိုရီးယားမှ ပြောကြား

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels:
  • ကိုရီးယားကျွန်းဆွယ်၏ အနောက်ကမ်းခြေအလွန် အငြင်းပွားနေသောကျွန်း၌ တောင်ကိုရီးယားက အမြောက်များဖြင့် စစ်ရေးလေ့ကျင့်မှုအပေါ် တုန့်ပြန်ရန် မထိုက်တန်ကြောင်းဖြင့် မြောက်ကိုရီးယားက ပြောဆိုလိုက်သည်။

    မြောက်ကိုရီးယား၏ စစ်ဌာနချုပ် ကြေညာချက်ကို အစိုးရပိုင် KCNA သတင်းဌာနက ကိုးကားပြောကြားရာ၌ မြောက်ကိုရီးယား၏ တော်လှန်ရေးတပ်မတော်အနေဖြင့် အထိုးခံရ၍ ပြန်လည်ကလဲ့စားခြေသော ပုံစံဖြစ်သည့် မနှစ်မြို ့စရာကောင်းသော စစ်ရေးလုပ်ရပ်အပေါ် တုန့်ပြန်ရန် ခံစားချက် မရှိကြောင်းဖြင့် ဆိုပါသည်။

    ၎င်းတို့၏ စစ်ရေးလုပ်ရပ်သည် မြောက်ကိုရီးယားကို စစ်ဖြစ်ပွားစေရန် နှုတ်ခမ်းဝသို့ ဆွဲခေါ်သည့် ဉာဏ်နီဉာဏ်နက်များသော အကြံအစည်ပင်ဖြစ်ပြီး အမေရိကန်-အာရှ ပေါ်လစီမူဝါဒနှင့် မဟာဗျူဟာကို ကာကွယ်ရန်နှင့် မြောက်ကိုရီးယားကို ချွတ်ခြံုကျစေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ စစ်ရေးလေ့ကျင့်မှုသည် လက်ရှိ တောင်ကိုရီးယား အာဏာပိုင်များအနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာ အကျပ်အတည်းဖြစ်ပေါ်မှုကို ကျော်လွှားရန်အတွက် ရည်ရွယ်ကြောင်းဖြင့် ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါ ကြေညာချက်တွင် ယခုလို စစ်ရေးလေ့ကျင့်မှုသည် ဘာမှမဟုတ်ကြောင်း၊ ပြိုင်ဘက်မရှိဘဲ ကလေးကစားသည့်ပွဲသာဖြစ်ကြောင်းဖြင့် ဆက်လက်ဖော်ပြထားပါသည်။ 


    အစောပိုင်းနေ့တွင် မြောက်ကိုရီးယားမှ တန်ပြန်တိုက်ခိုက်မည်ဟု အကြိမ်ကြိမ် သတိပေးနေသည့်ကြားမှ ယခင်လက မြောက်ကိုရီးယားမှ အမြောက်များဖြင့် ပစ်ခတ်ခဲ့သော ယုံပြံုးကျွန်းပေါ်တွင် တောင်ကိုရီးယားက ကျည်အစစ်ဖြင့် ပစ်ခတ် လေ့ကျင့်ခဲ့ပါသည်။ အဆိုပါ ကျွန်းမှာ ကိုရီးယားနှစ်နိုင်ငံအကြား ပိုင်ဆိုင်မှုနယ်နမိတ်အဖြစ် အငြင်းပွားလျက်ရှိသော ကျွန်းငယ် ဖြစ်ပါသည်။ ၎င်းကျွန်းသည် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအပြီးတွင် အမေရိကန် ဦးစီးသည့် ကုလသမဂ္ဂစစ်တပ်က ရယူထားခဲ့ခြင်းဖြစ်ပါသည်။ နှစ်ဘက်နိုင်ငံတို့ အကြား ပင်လယ်နယ်နမိတ်အနီးတွင် မတော်တဆ ဖြစ်ပွားသည့် ရေကြောင်းတိုင်ပွဲငယ်များ များစွာဖြစ်ပေါ်ခဲ့ပါသည်။

    လင်းဦး(စိတ်ပညာ)

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo