Krygyzstan တွင်​ ​အ​ဓိ​က​ရုဏ်း​ဖြစ်​ပွား

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels: , ,
  • Associated Press နှင့် Timeslive သတင်းများအရ၊ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ မြောက်ပိုင်းရှိ ခါဂျစ်စတန်နိုင်ငံတွင် ကြားဖြတ်အစိုးရအနေဖြင့် လူမျိုးစုအဓိကရုဏ်းကြောင့် လူ(၈၂) ယောက် သေဆုံးပြီး အနီးအနားရှိ ခရိုင်(၂)ခုတွင် (၂၄)နာရီ နေဝင်မီးငြိမ်း အမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။ Osh မြို ့တွင် ထောင်ပေါင်းများစွာသော Uzbeks လူမျိုးများ အိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြပါသည်။ Osh မြို ့သည် အာရှအလယ်ဗဟိုနိုင်ငံဧ။် ဒုတိယအကြီးဆုံးမြို ့ဖြစ်ပြီး အမေရိကန်နှင့် ရုရှားနိုင်ငံများဧ။် လေတပ်အခြေစိုက်စခန်းများကို ဖွင့်လှစ်ခွင့်ပေးထားသော နေရာဖြစ်ပါသည်။ မြို ့အများစု အပိုင်းမှာ မီးလောင်ထားခြင်းခံရပါသည်။

    Jalal-Abad မြို ့တွင် (၁၂-၆-၂၀၁၀)စနေနေ့တွင် သေနတ်ဖြင့် ပစ်ခတ်သံများကြားရပြီး ၎င်းမြို ့ဧ။် အနီးအနားရွာဖြစ်သည့် Bazar-Kurgan တွင် အခြေအနေမှာ တင်းမာလျက်ရှိ ပါသည်။ မြို ့ခံ နိုင်ငံရေးလှုပ်ရှားသူ Asyl Tekebayev က Uzbek လူမျိုး (၄၀၀)လောက်ရှိသည့် လူရမ်းကားတစ်စုသည် ကားများကို မှောက်ပစ်ကြပြီး ရဲအရာရှိတစ်ယောက်ကို သတ်ပြစ်လိုက်သည်ဟု ဆိုပါသည်။ ဒေသ အခြားဖက်အပိုင်းမှ လက်နက်ကိုင် ခါဂျစ်လူမျိုး (Kyrgyz)များ ရွာတွင်းသို့ ၀င်လာကြကြောင်း ဒေသခံလူများက ပြောကြားကြပါသည်။ ဧပြီလ သွေးထွက်သံယို ပုန်ကန်မှုကြောင့် ခါဂျစ်စတန်နိုင်ငံဧ။် သမ္မတ မောင်းထုတ်ခံရပြီးနောက် အဆိုးဝါးဆုံးသော ရုန်းရန်းဆန်ခတ်မှုကြီးပင် ဖြစ်ပါသည်။
    ခါဂျစ်စတန်နိုင်ငံတောင်ပိုင်းရှိ Osh မြို ့တွင် လမ်းတစ်လျှောက် စစ်သားများ လိုက်ပါ လာသည့် သံချပ်ကာကားများ လှည့်လည်လျက်ရှိပါသည်။ ၁၁-၆-၂၀၁၀ (သောကြာ)နေ့တွင် လူ (၁၇)ဦးသည် အဓိကရုဏ်းကြောင့် သေဆုံးခဲ့ရပါသည်။

    ပြည်ထဲရေးဝန်ကြီးဧ။် ကြေညာချက်တွင် Osh မြို ့ရှိ Osh ဒေသ Kara-Suu ခရိုင် နှင့် Aravan ခရိုင်တို့တွင် ၂၄ နာရီ နေဝင်မီးငြိမ်းအမိန့်ကို ထုတ်ထားသည်ဟု ပါရှိပါသည်။ ၁၂-၆-၂၀၁၀ (စနေနေ့)တွင် ယာယီအစိုးရက အသက် (၁၈)နှစ်မှ (၅၀)နှစ်အထိ အရန် တပ်ရင်း အဖွဲ့ဝင်အားလုံးကို အဓိကရုဏ်းကို ဟန့်တားရန်အတွက် ဆင့်ခေါ်လိုက်ပါသည်။

    ဧပြီလသွေးထွက်သံယို ပုန်ကန်မှုသည် ယခင်ဆိုဗီယက်ပြည်နယ်ဖြစ်သည့် ခါဂျစ်စတန် နိုင်ငံတွင် ဖြစ်ပွားပြီးနောက် ကြားဖြတ်အစိုးရအနေဖြင့် တိုးပွားလာသည့် မတည်ငြိမ်မှုများကို ဖြေရှင်းရာမှ ၁၂-၆-၂၀၁၀ (စနေနေ့) နှောင်းပိုင်းတွင် ရဲနှင့် စစ်တပ်ကို ပစ်မိန့် ပေးခဲ့ခြင်း ဖြစ်ပါသည်။

    ဗဟိုအာရှနိုင်ငံဧ။် တောင်ပိုင်းတွင် အဓိကရုဏ်းသည် ပြည်တွင်းစစ်ဖြစ်လုနီး အခြေ အနေသို့ ပျံ့နှံ့ရောက်ရှိခဲ့သည့်အတွက် Jalalabad မြို ့ဧ။် တောင်ဘက်ပိုင်းတွင် အာဏာပိုင် များအနေဖြင့် ဒုတိယအဆင့် အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ကြေညာခဲ့ခြင်းဖြစ်ပါသည်။

    Osh ဒေသတွင် ခါဂျစ်လူမျိုးစု (Kyrgyz)နှင့် အူစ်ဘက်လူမျိုးစု (Uzbeks)အကြား လမ်းများပေါ်တွင် ၁၀-၆-၂၀၁၀ (ကြာသပတေးနေ့)နှောင်းပိုင်းတွင် အဓိကရုဏ်းဖြစ်ပေါ်ခဲ့ပြီးနောက် အစိုးရအနေဖြင့် နေဝင်မီးငြိမ်း အမိန့်နှင့် အရေးပေါ်အခြေအနေတို့ကို အစောတလျင် ကြေညာရသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ပါသည်။

    မောင်းထုတ်ခံခဲ့ရသည့် သမ္မတ ကာမန်းဘက်ဘာကီရက်ဗ်ဧ။် ယခင်က အခိုင်အမာ နေရာဖြစ်ခဲ့သည့် Osh မြိ ့မှာ ယခုအခါတွင် အဆောက်အဦးများ မီးလောင်လျက်နှင့် ကားများမှာလည်း ရိုက်နှက်ဖျက်စီး၍ မီးရှို့ထားခြင်းခံရသော အခြေအနေသို့ ဆိုက်ရောက်လျက် ရှိပါသည်။

    ကြားဖြတ်အစိုးရသမ္မတ မစ္စစ် Roza Otunbayeva က သူမဧ။်တပ်များ၊ သံချပ်ကာ ကားများနှင့် ရဟတ်ယာဥ်များကို အကြမ်းဖက်မှုများ နှိမ်နင်းရန်အတွက် စေလွှတ်ခဲ့သော် လည်း လူပေါင်း ၂၅၀,၀၀၀ ရှိသည့် Osh မြို ့ကို ထိန်းချုပ်ရန် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဟု ဝန်ခံခဲ့ပါသည်။

    သူမဧ။် Osh ဒေသဧ။် အခြေအနေမှာ ထိန်းသိမ်း၍မရသည့် အခြေအနေသို့ ရောက်ရှိ နေပါသည်ဟု သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးမှုများသည် မအောင်မြင်ခဲ့သည့်အပြင် တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့ကို နှိမ်နင်းရန် ပြင်ပမှ တပ်အကူအညီယူရန် လိုပါသည်ဟု ပြောကြားခဲ့ပါသည်။

    ၁၂-၆-၂၀၁၀ (စနေနေ့)အစောပိုင်းက မစ္စစ် Roza Otunbayeva အနေဖြင့် ရှရှားသို့ တပ်များစေလွှတ်ရန် တောင်းဆိုခဲ့သော်လည်း ကရင်မလင်က ခါဂျစ်စတန်နိုင်ငံဧ။် ပြည်တွင်း အဓိကရုဏ်းကိစ္စတွင် ပါ၀င်လိုခြင်း မရှိဟု ပြောကြားခဲ့ပါသည်။ ကရင်မလင်ဧ။် ပြောရေး ဆိုခွင့်ရှိသူ မစ္စစ် Natalya Timakova က မော်စကိုတွင် ပြောကြားရာ၌ ပြည်တွင်းအဓိကရုဏ်း ကိစ္စတွင် မည်သည့်အခြေနှင့်မျှ ရုရှားသည် ၀င်ပါမည်မဟုတ်၊ ခါဂျစ်စတန်နိုင်ငံသို့ ငြိမ်းချမ်းရေး ပူးပေါင်းတပ်ဖွဲ့စေလွှတ်ရန် အလားအလာကို ယခင်ဆိုဗီယက်နိုင်ငံများဧ။် လုံခြံုရေး သဘောတူစာချုပ်တွင် အဖွဲ့ဝင်နိုင်ငံများနှင့် တိုင်ပင်ရန်ရှိပါသည်ဟု ပြောကြားခဲ့ပါသည်။
    ရုရှားအနေဖြင့် ခါဂျစ်စတန်နိုင်ငံတွင် အများဆုံးအနေဖြင့် လေတပ်တပ်ဖွဲ့ဝင် ၅၀၀ခန့် အခြေစိုက်လျက် ရှိပါသည်။ အမေရိကန်အနေဖြင့် အာဖဂန်နစ္စတန်တွင် တာလီဘန်များ ကို ပူးပေါင်းတိုက်ခိုက်ရာ၌ အဓိကအရေးပါသော ထောက်ပံ့ရေးစခန်းအဖြစ် မြို ့တော် Bishkek ရှိ Manas ကို လေတပ်စခန်းအဖြစ် အသုံးပြုလျက်ရှိပါသည်။ ခါဂျစ်စတန် ကြားဖြတ် အစိုးရအဖွဲ့ဧ။် ပြောရေးဆိုခွင့်ရှိသူ Mr.Farid Niyazov က ရုရှားမှအကူအညီပေးရန် ငြင်းဆန် ပြီးနောက် အမေရိကန်ဖက်သို့ စစ်ရေးအကူအညီတောင်းခံမည်လား ဆိုသည့်မေးခွန်းနှင့် ပတ်သက်၍ ရုရှားမှ ၎င်းတို့ဧ။် အဓိကမဟာဗျူဟာမြောက် အဖော်ဖြစ်ပါကြောင်း ပြောကြားပါသည်။

    ခါဂျစ်စတန် ကြားဖြတ်အစိုးရသမ္မတ မစ္စစ် Roza Otunbayeva က ၁၂-၆-၂၀၁၀ (စနေနေ့) တွင် ယခင်မောင်းထုတ်ခြင်းခံရသော သမ္မတ Bakiyev ဧ။် မိသားစုက Osh မြို ့ကို မတည်မငြိမ် ဖြစ်အောင် ပြုလုပ်သည်ဟု အပြစ်ဖို့ပါသည်။ သူမက ၎င်းတို့ ၂၇-၆-၂၀၁၀ နေ့တွင် ပြုလုပ်လို သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတွက် မဲပေးပွဲနှင့် အောက်တိုဘာလတွင် ပါလီမန်ရွေး ကောက်ပွဲကို ဖျက်ဆီးရန် ရည်ရွယ်သည်ဟု ဆိုပါသည်။


     လင်းဦး(စိတ်​ပ​ညာ)

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo