ရန်ကုန်မြို့ ကန်တော်ကြီးစောင်းတွင် ကျင်းပပြုလုပ်သည့် မြန်မာ ရိုးရာ သကြင်္န်ပွဲများ ကျင်းပ နေချိန်တွင် လူစည်ကားသည့် မဏ္ဍာပ်တစ်ခုဖြစ်သော X2O (Special One) မဏ္ဍာပ်တွင် ဗုံး သုံးလုံး ပေါက်ကွဲပြီး၊ မပေါက်ကွဲသေးသည့် ဗုံးတလုံးတွေ့ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ တွေ့ရှိသောဗုံးသည် လက်လုပ်ဗုံး အမျိုးအစားဖြစ်ပြီး၊ (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာတပ်မှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ပေါက်ကွဲမှုကြောင့် အခင်းဖြစ်ပွားရာတွင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦး နေရာတွင် သေဆုံးခဲ့ပြီး၊ အယောက် ၅၀ ထက်မနည်း ဒါဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ နောက်ဆုံးရရှိသောသတင်းအရ လူ ၃၀ ခန့် သေဆုံးပြီး၊ စစ်ဘက်ဆိုင်ရာအရှိကြီးတဦးပါ ဒဏ်ရာရရှိခဲ့ကြောင်း ထပ်မံသိရှိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး သန့်ဇင်သိန်း (ငြိမ်း)၊ မဌေးဌေးရီ ၄၅ နှစ်၊ ဦးခင်မောင်လေး ၆၁ နှစ်တို့ သေဆုံးသွားပြီး၊ သေဆုံးသူများတွင် အသက် အငယ်ဆုံးမှာ ၃၅ နှစ် ဖြစ်ပြီး၊ အသက်အကြီးဆုံးမှာ ၆၁ နှစ် ဖြစ်ကာ မျက်မြင်သက်သေများ၏ ပြောဆိုချက်အရ ဒဏ်ရာ ရသူများအများစုသည် အသက် ၁၄ နှစ်မှ ၁၈ နှစ်အတွင်းဖြစ်ပြီး အများစုမှာ မိန်းခလေးငယ်လေးများဖြစ်ကြောင်း သိရသည်။ ရရှိသည့်သတင်းများအရ ဒဏ်ရာပြင်းထန်သည့် သူများတွင် အသက် ၁၀ နှစ်အရွယ် မဧပရယ်ကျော်ဟိန်း ပါဝင်သည် ကိုတွေ့ရှိရသည်။ အဆိုပါ ပေါက်ကွဲမှုသည့် မဏ္ဍာပ် အပေါ်တွင် ပေါက်ကွဲခဲ့ခြင်း မဟုတ်ဘဲ မဏ္ဍာပ် အောက်ဘက်မှ ပေါက်ကွဲခြင်း ဖြစ်ကြောင်းမျက်မြင် သက်သေများက ပြောဆိုကြသည်။
ဗုံးကွဲမှုကြောင့် အနီးရှိ လူအများ ဝရုန်းသုံးကား ထွက်ပြေးမှုကြောင့် ထိခိုက်လဲပြို လူပိပြီး ထိခိုက် ဒဏ်ရာရတဲ့သူတွေလည်း မနည်းကြောင်း အခင်းဖြစ်ပွားရာ အနီးတွင်ရောက်ရှိနေသူတဦးက ပြောဆိုခဲ့သည်။ အခင်းဖြစ်ပွားပြီး မကြာမီ မှာပင်အနီးနားရှိ Black Culture, Black Jack, 16.9 စသည့် မဏ္ဍာပ်များကိုပါ လုံခြံုရေး အရ ချက်ချင်း ပိတ်လိုက်ပြီး၊ ကန်တော်ကြီးစောင်းတွင် ကျင်းပပြုလုပ်သည့် အခမ်းအနားများ အပါအဝင် ပျဥ်းမနားနှင့် နေပြည်တော်ရှိ မဏ္ဍာပ်များ အားလုံးကို လုံခြံုရေးအရဆိုကာ နောက်ပိုင်းတွင် လုံးဝပိတ်ပြစ်ခဲ့ကြောင်းသိရှိရသည်။
မြန်မာ စစ်အစိုးရဘက်မှ အဆိုပါဖြစ်စဥ်နှင့် ပက်သတ်၍ မည်သူ၏ လက်ချက်ဖြစ်ကြောင်း ချက်ချင်း သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း စစ်အစိုးရသည် မကြာခဏ ပြည်ပရောက်အဖွဲ့အစည်းများ၏ လက်ချက်ဟု ပြောဆိုလျှက် ပြည်တွင်း အတိုက်အခံ နိုင်ငံရေးသမားများ ဖမ်းဆီး အပြစ်ပေးလျက်ရှိသည်။ ပြည်တွင်းရှိ နိုင်ငံရေး အသိုင်းအဝန်းများကြားတွင်လည်း မကြာမီ အတိုက်အခံနိုင်ငံရေးသမားများ ထပ်မံဖမ်းဆီးခံတော့မည် အလားအလာရှိနေကြောင်း ပြောဆိုနေသံများလည်း ထွက်လျက်ရှိသည်။

2 comments:
အရင္ကရော . .
အခုရော . .
နောင္ရော . .
ထာဝရ အနနေဲ့ပါ . . .
ဒီလို လုပ်ရပ်အား ရှုတ်ချပါတယ်။
စိတ်ပျက်စရာပါပဲ။
သွေးစနွ်းတဲ့ နတေ့စ်နထေ့ပ်ဖြစ်ပြန်ပြီပေါ့။
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)