ယခုအခါ မြန်မာအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များအဖြစ် Social Ning ဆိုက်များစွာကို အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထူထောင်လျှက်ရှိရာ မြန်မာ Ning ဆိုက်များ အများအပြား မြင်တွေ့ရပါသည်။ ထိုသို့ မြင်တွေ့လျက်ရှိရာ ရွယ်ချက်ချက် အမျိုးမျိုးဖြင့် ရပ်တည်လျှက် ရှိနေကြပါသည်။
နည်းပညာများ၊ မှတ်စုများ.... စသဖြင့် ဝေမျှရာ နေရာဌာနအဖြစ် Ning သည် လူသုံးများလာသည်ကို တွေ့ရှိ နေရသော်လည်း အချို့ မြန်မာ Ning ဆိုက်များ၏ ရပ်တည်မှုနှင့် ရည်ရွယ်ချက်မှာ စိတ်ပျက်စရာ ကောင်းလောက်အောင် သိက္ခာမဲ့စွာ ရပ်တည်လျက်ရှိနေသည်ကို တွေ့မြင်နေရပါသည်။
ယနေ့ Social Ning ဆိုက်များ၊ နည်းပညာ Ning ဆိုက်များ အနေဖြင့် ရသစုံဝေမျှနေသည်ဖြစ်ရာ အများအတွက် အလွန်အကျိုးရှိနေသည်မှာ ကျေနပ်ဖွယ်ဖြစ်ပါသည်။ ထို့ထက် လူထဲက လူများဖြစ်၍ အမှားများ ဖြစ်လာပါက တာဝန်ယူ ရင်ဆိုင်ဖြေရှင်းပေးသည့်သတ္တိဖြင့် သိက္ခာရှိရှိ ရပ်တည်နေကြသည်မှာလည်း လေးစားစရာပင် ဖြစ်ပါသည်။
ဤနေရာတွင် အယူအဆများစွာ ကွဲပြားနေပါလိမ့်မည်။ "ဤ ဆိုက်မှ စာများသည် အခြားဆိုက်မှ စာများအား ကူးယူဖော်ပြထားခြင်း ဖြစ်သည်" ဟု စာတန်းလေးချိတ်ယုံနှင့် Copy ကူးယူခြင်း ရည်ညွှန်းချက်ကို အပြည့်အစုံ ကာကွယ်သွားခြင်း မဖြစ်နိုင်ပါ။ မသက်ရောက်ပါ။ ထို့နောက် အမေးစကား ဖြစ်လာသည်။ အများသိစေရန် အလို့ငှာ၊ ဗဟုသုတ အလို့ငှာ မကူးယူနိုင်ဘူလားဟု မေးစရာဖြစ်လာသည်။ ကူးယူ ဝေမျှနိုင်ပါသည်၊ သို့သော် ရည်ညွှန်းချက်၊ ရေးသူအမည်၊ (သို့မဟုတ်) ဖြည့်စွက်သည်ဆိုပါက Credit အနေဖြင့် မူလ နေရာ၊ ဆိုက်၊ ပုဂ္ဂိုလ်အား ပြန်လည် ညွှန်းပြရပါမည်။
ဤနေရာတွင် ရှင်းလင်းချင်ပါသည်။ Create အလွယ်တကူပင် Free ပြုလုပ်နိုင်သော Ning တွင် "ငါ့ဟာငါ ဘာကူးကူး၊ ဘာရေးရေး ၊ ဒင်းတို့ ဘယ်လို ဥပဒေနှင့် အရေးယူမလဲ"ဟု မထီမဲ့မြင်ဖြင့် ကူးယူနေခြင်းသည် ၎င်းဆိုက်၏ သိက္ခာ၊ လူအများ၏ ယုံကြည်မှု၊ သုံးစွဲနေသော Member များ ၏ လေးစားမှုကို စော်ကားရာ ရောက်ပါသည်။
"Rapper သုံးယောက် ဒဂုံစင်တာဖောက်" မှာ စာရေးသူ ရေးသားထားသော သတင်းဖြစ်ပါသည်။ သို့သော် Myanmar Selection Ning ဆိုက်တွင် Admin ကိုယ်တိုင်မှ ကူးယူထားကာ သတင်းရေးသူ စာရေးသူ၏ နာမည်အား မထည့်သွင်းထားပါ။ ထို့ကြောင့် အဆိုပါ Myanmar Selection Ning ဆိုက်အား ပြင်ဆင် ဖော်ပြပေးပါရန် တောင်းဆိုခဲ့ပါသည်။ သို့သော် Admin မှနေ၍ ဖော်ပြချင်မှ ဖော်ပြမယ်... ကူးယူတယ်ဟုသာ တုန့်ပြန်ခဲ့ပါသည်။
၎င်း Myanmar Selection Ning ၏ အမည်မဖော်ပဲ ကူးယူဖော်ပြမှုကြောင် သန်လျင်နည်းပညာဆိုက်မှ ထပ်မံကာ ကူးယူကာ ဖော်ပြခဲ့သည်။ သန်လျင်နည်းပညာဆိုက်မှ Myanmar Selection Ning မှ သတင်းအား ရေးသည်ထင်၍ Myanmar Selection ထံမှ ကူးယူထားပါကြောင်း ဖော်ပြခဲ့သည်။
ထို့ကြောင့် စာရေးသူမှ သန်လျင်နည်းပညာဆိုက်သို့ ၎င်းသတင်းမှာ Myanmar Selection Ning မှ ရေးသားထားခြင်းမဟုတ်ဘဲ လင်းဦး(စိတ်ပညာ) ရေးသားထားသော သတင်းဖြစ်ပါကြောင်း၊ သို့ပါ၍ သတင်းဖော်ပြလိုပါက လင်းဦး(စိတ်ပညာ)ဖြင့်သာ ဖော်ပြပေးရန် တောင်းဆိုခဲ့ပါသည်။ အကြောင်းစုံသိရသော သန်လျင်နည်းပညာဆိုက်မှ Admin အဖွဲ့သည် လင်းဦး(စိတ်ပညာ)အမည်ဖြင့် ပြန်လည်ပြင်ဆင် ဖော်ပြပေးခဲ့ ပါသည်။ ထိုသို့ တာဝန်ယူ လုပ်ဆောင်ပေးသော သန်လျင်နည်းပညာဆိုက်အားလည်း အလွန် ကျေးဇူးတင် လေးစားမိပါသည်။
Myanmar Selection ဆိုက်အနေဖြင့် တစ်ပတ်ခန့် ကြာမြင့်ခဲ့သော်လည်း ၎င်း၏ မဆင်မခြင် ရေးသားမှုများနှင့်အတူ ဘာပဲဖြစ်ဖြစ်ဟူသော မူကိုထားလျက် ပြင်ဆင်ခြင်း မလျဉ်းမရှိခဲ့ပါ။ ထို့ပြင် စာရေးသူ၏ ဘဝထဲက အစိတ်အပိုင်းများ ဆောင်းပါးထဲမှ တစ်ခုဖြစ်သော "ကျွန်တော်နှင့် ဆရာ Key" ဆောင်းပါးအား ကူးယူထားသည့်အပြင် လင်းဦး(စိတ်ပညာ)မှာ ကူးယူထားခြင်းဖြစ်သည်ဟု ရေးသားထားပါ၍ စာဖတ်သူများ အနေဖြင့် စာရေးသူ လင်းဦး(စိတ်ပညာ)သည် ၎င်း Myanmar Selection ဆိုက်မှ ကူးယူထားသယောင်ယောင် ဖော်ပြထားသည်ကို တွေ့ရှိရပြန်ပါသည်။
သို့ပါ၍ မိမိ စာရေးသူအနေဖြင့် စာဖတ်သူများ အမြင်မမှားစေရန် ကာကွယ်ရမည့်အပြင် Myanmar Selection ဆိုက်အားလည်း မနစ်နာစေလို၍ ၎င်းထံ ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ပါသည်။ သို့သော် ယခုအချိန်ထိ ၎င်း၏ အပြုအမူသည် သိက္ခာရှိသော ဆိုက်တစ်ခုမဟုတ်ဘဲ ပို၍ဆိုးကာ တုန့်ပြန်လာခဲ့သည့်အတွက် အများသိစေရန် အလို့ငှာ ဤသို့ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
မြန်မာ Ning ဆိုက်များအနေဖြင့်လည်း ယခုလိုကိစ္စမျိုးမဖြစ်စေရန် ကြိုစားသင့်ပါကြောင်းနှင့် လူတစ်ဦး တစ်ယောက်၏ ကြိုစားထားမှုများကို အလွယ်တကူ ကူးယူကာ အလွဲသုံးစားလုပ်မှုများအား ဆန့်ကျင်ရှုတ်ချခြင်းဖြင့် ဂုဏ်သိက္ခာရှိသော၊ မှန်ကန်သော၊ လေးစားယုံကြည်အပ်သော ဆိုက်များအဖြစ် ဆက်လက် ရပ်တည်စေလိုပါကြောင်း စေတနာရှေ့ထားကာ ရေးသားတင်ပြလိုက်ပါသည်။

လင်းဦး(စိတ်ပညာ)
5 comments:
ခုတလော ကူးပြီး ခရက်ဒစ်မပေးတာက တစ်မှု။
ကူးပြီး ဟိုပြင်ဒီပြင်လုပ်ထားပြီး ကိုယ်တိုင်ရေးသလိုလို ရူးချင်ယောင်ဆောင်တာက တစ်မှု။
ကူးပြီး ကိုယ့်အာဘော်တွေ ထည့်ရေး ထပ်ဖွပြီး မူရင်းစာရေးသူ နာမည်တပ်ထားတာက နောက်ဆုံးပေါ်တစ်မှု။
လူတွေ.. ခက်တယ်
ဟုတ်တယ် ပြောသင့်တာ ကြာပြီဗျာ
ကျနော်လဲ ကိုယ် လေးစားတဲ့ စာရေးသူ ပိုစ့်ပိုင်ရှင် အကျိုးရှိမဲ့ စာတွေဆို အများအတွက် အကျိုးရှိမယ်ထင်ရင် ကူးယူ ဖြန့်ဝေတာပါပဲ၊ ဒါပေမယ့် Credit အမြဲပေးပါတယ်
တကယ်တော့ မူပိုင်ခွင့်ဆိုတာကို နားမလည်တာလား သိသိနဲ့ လုပ်နေတာလားဆိုတာတော့
သူတို့သာ သိပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် စာရေးသူရဲ့ အမှာစာထဲကလို "ဂုဏ်သိက္ခာရှိရှိ ရပ်တည်စေလို" ပါတယ်ဗျာ။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
ကိုလင်းဦးရေ....
ရောက်လာတယ်ဗျ......။
တချို့ဆိုဒ်တွေက ဘာလို့များ အဲ့သလို လုပ်ကြတယ်မသိဘူးနော်......။
စာရေးနေတဲ့သူတိုင်း..... ကိုယ်ရေးတဲ့စာကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ကိုယ်ချင်းစာသင့်ပါတယ်ဗျာ.......။
ပျော်ရွှင်ပါစေဗျ.......။
ခင်မင်တဲ့
ဏီလင်းညို
အဲလိုလုပ်တဲ့သူတကွေ “စာပေ”ဆိုတာ ဘာမှန်းမသိ၊ “ကိုယ်ပိုင်အားထုတ်မှု”ဆိုတာကို နားမလည်၊ “ဘဝတန်ဖိုး”ဆိုတာ မကြားဖူး၊ ကန်ပျွူတာဆိုတာလေး သိရုံနဲ့တင် လူတင်ကျွယ်လုပ်ချင်နတေဲ့သူတပွေါ။ ကိုဏီလင်းညိုပြောသလို ကိုယ်ချင်းစာစိတ်ရှိဖို့ကလည်း သူတို့က ကိုယ်တိုင်တောင် စာဖြစ်မြောက်အောင် မရေးနိုင်တော့ ကိုယ်ချင်းမစာတတ်တော့တာထင်ပါတယ်။ ;( အကုသိုလ်မဖြစ်အောင် ဥပက္ခောပြုထားလိုက်တာအကောင်းဆုံးပဲ။
ထောက်ခံတယ်.
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)