တရုတ်နိုင်ငံမှ တိုက်ခိုက်မှုများသည် ဒီဇင်ဘာလမှစ၍ အင်တာနက်ကွန်ယက်အတွင်း သိမ်မွေ့ ရှုပ်ထွေးသော ထိုးဖောက်ဝင်ရောက်မှုများ ရှိခဲ့သည်။ ဇန်ဝါရီလဆန်း ပိုင်းတွင် အမေရိကန်မှ ဂူဂဲလ်အင်တာနက်ကုမ္ပဏီသည် တရုတ်အစိုးရ၏ အင်တာနက်ထိန်းချုပ်မှု မူဝါဒများ ကြောင့် ဆက်လက်လုပ်ကိုင်ရန် မဖြစ်နိုင်တော့သဖြင့် တရုတ်ဈေးကွက်မှ နှုတ်ထွက်မည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။
တရုတ်အာဏာပိုင်များဖက်မှလည်း အင်တာနက်တွင် ဆင်ဆာထားရှိသည်ကို အတိအလင်း ပြောကြားထားပြီး ဖြစ်သည့်အပြင် တရုတ်နိုင်ငံတွင် လုပ်ငန်းလာရောက်လုပ်ကိုင်သော ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်း များကို လိုက်နာရမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ သာမန်အားဖြင့် ကုမ္ပဏီတစ်ခု အခြေစိုက်လုပ်ကိုင်ရာနိုင်ငံမှ ရုပ်သိမ်းထွက်ခွာသွားခြင်းမှာ မထူးဆန်းသော်လည်း ဂူဂဲလ်နှင့် တရုတ်အစိုးရတို့အကြား အရှုပ်အထွေးအပေါ် သတင်းလွတ်လပ်ခွင့်၊ လူ့အခွင့်အရေးတို့နှင့် ဆက်စပ်၍ အမေရိကန်နို်င်ငံခြားရေးဝန်ကြီင်္းမှ ထိုဖြစ်ရပ်ကို စိုးရိမ်ပူပန်ကြောင်း ပြောကြားလိုက် သည်။ အမေရိကန် အစိုးရဌာနများတွင် ဆိုက်ဘာနည်းပညာထိုးဖောက်ခံရမှုများ ပိုမိုများပြား လာပြီး၊ လက်ဆုပ်လက်ကိုင် သက်သေမပြနိုင်သေးသော်လည်း ၊ တရုတ်ပြည်မကြီးမှ လာသော ဟက်ကာ(Hacker)များဖြစ်ကြောင်း စွပ်စွဲထားသည်။ တရုတ်အစိုးရမှလည်း တရုတ်ပုဂ္ဂလိကနှင့် အစိုးရဌာနများတွင်လည်း ထိုကဲ့သို့ ဆိုက်ဘာနည်းပညာတိုက်ခိုက်ခံရမှု များ ရှိနေပါကြောင်း ပြန်လည်ချေပထားသည်။
၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံဈေးကွက်သို့ ဂူဂဲလ်စတင်ဝင်ရောက်လာရာတွင် တရုတ်နိုင်ငံ ဥပဒေများအတိုင်း search engine တွင် သတင်းအချက်အလက်ရှာဖွေရာ၌ ဆင်ဆာတည်းဖြတ်မှု ပြုလုပ်ခဲ့သော်လည်း ယခုအခါ ၎င်းတို့အနေဖြင့် ဆင်ဆာမပါဘဲ ဆောင်ရွက်နိုင်ရန် ညှိနိ်ှုင်းမရပဲ ရှိနေခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက် သုံးစွဲသူအများဆုံးဖြစ်သော်လည်း တင်းကြပ်သော ဆင်ဆာစနစ်ကို ကျင့်သုံးပါသည်။ ညစ်ညမ်းဝက်ဆိုက်များ၊ နိုင်ငံရေးဝက်ဆိုက်များကို ပိတ်ထားသည့်အပြင် အချို့ဝက်ဆိုက်များကို အချိန်ကာလအလိုက် ပိတ်ထားခြင်းများလည်း ရှိနေသည်။ ၂၀၀၉ ခုနှစ် ဇွန်လမှာပင် e-mail များသို့ပင် သွားမရအောင် ပိတ်ထားခြင်းများ ရှိခဲ့ပါသည်။
တရုတ်အစိုးရမှ ဂူဂဲလ်ထွက်ခွာသွားခြင်းဖြင့် တရုတ်ဒေသခံကုမ္ပဏီဖြစ်သော ပိုင်တု(Baidu)က ဈေးကွက်ဝေစု ပိုရမည်ဖြစ်၍ ဂူဂဲလ်မရှိသော်လည်း တရုတ်အင်တာနက်မှာ ရှင်သန်နေမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ပိုင်တု(Baidu)သည်လည်း ၁၉၉၉ ခုနှစ်နောက်ပိုင်း ဆိုက်ဘာတိုက်ခိုက်မှုများ အဆိုးဝါးဆုံး ကြံုတွေ့ခဲ့ရသည့်အပြင် Iranian Cyber Army အမည်ရှိအဖွဲ့၏ နှောက်ယှက်မှုကြောင့် ဇန်နဝါရီ(၁၂) ရက်နေ့က ၀က်ဆိုက်ယာယီပျက်စီး ခဲ့ရသည်ပင် ရှိခဲ့သည်။
မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှ ဘီလ်ဂိတ်ကလည်း နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက် အလုပ်လုပ်ရာ၌ ထိုနိုင်ငံများ၏ စည်းကမ်းများကို လိုက်နာသင့်သည်ဟု ၀င်ရောက် ပြောဆိုခဲ့ပါသည်။
ဆိုင်ဘာနည်းပညာတိုက်ခိုက်မှုသည် ၂၀၀၈ ခုနှစ်တွင် ၁၄၈%အထိ မြင့်တက်လာခဲ့ပြီး ပြည်ပ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ ၁၂.၁၄ ဘီလီယံဒေါ်လာဖြစ်သဖြင့် လွန်ခဲ့သောနှစ်ကထက် ၁၀၃.၁ % တိုးတက်ခဲ့သဖြင့် ဂူဂဲလ်ကုမ္ပဏီထွက်သွားလျှင်လည်း နိုင်ငံအတွက် ထိခိုက်မှု မရှိဘဲ ပြည်တွင်းကုမ္ပဏီများအတွက် ပိုပြီးပင်ကောင်းကြောင်း တရုတ်အစိုးရမှ ထုတ်ဖော် ပြောကြားခဲ့သည်။ နိုင်ငံတော်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှလည်း တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ကိုင်သော နိုင်ငံခြားကုမ္ပဏီများသည် တရုတ်နိုင်ငံစည်းကမ်းဥပဒေကို လိုက်နာရမည်ဖြစ်ကြောင်း ကြေငြာလိုက်သည်။
ဂူဂဲလ် တရုတ်ဈေးကွက်သို့ ၀င်ရောက်စဉ်က ပြစ်တင်ဝေဖန်ခံခဲ့ရပြီး ယခု ရုပ်သိမ်းမည်ဆို သဖြင့် လူ့အခွင့်အရေးသမားများက ကြိုဆိုထောက်ခံလိုက်သည်။ ထို့ပြင် အမေရိကန် အနေဖြင့် တရုတ်တွင် ဆင်ဆာပိတ်ဆို့မှုကို ကျော်လွှားနိုင်မည့် နည်းပညာကို အထောက်အကူ ပေးသင့်ကြောင်း ပြောဆိုခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ထိုဖြစ်ရပ်ကို လွန်စွာစိုးရိမ်ပူပန်မိပါကြောင်း၊ တရုတ်အစိုးရ၏ ရှင်းလင်းချက်ကို သိလိုကြောင်း ပြောကြားခဲ့သည်။ ယမန်နှစ်ကလည်း တိဘက်ခေါင်းဆောင် ဒလိုင်းလားမားနှင့် အခြားသံတမန်ဆိုင်ရာရုံးများတွင် ထိုးဖောက် ၀င်ရောက်မှုများရှိခဲ့ပြီး တရုတ်နိုင်ငံမှ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကနေဒါအခြေစိုက် အင်တာနက်လုံခြံုရေးကုမ္ပဏီမှ ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။
တရုတ်အစိုးရအနေဖြင့် ယခုအခါ အင်တာနက် ဟက်ကာများ လေ့ကျင့်သင်ကြား ပေးနေသည့် ဟူပေအခြေစိုက် Black Hawk Safety Net ကို ပိတ်သိမ်း ဖမ်းဆီးခဲ့ပြီး၊ ၎င်းဆိုက်သည် အဖွဲ့ဝင် တစ်သောင်း နှစ်ထောင်ကျော်ထံမှ ယွမ် ရ သန်းခန့် ၀င်ငွေရရှိသည်ဟု ဆိုပါသည်။
၂၀၀၉ ခုနှစ်အတွင်း ဟက်ကာများကြောင့် ဆုံးရှုံးနစ်နာမှုမှာ ယွမ် ရ.၅ ဘီလီယံခန့် ရှိကြောင်း တရုတ်နိုင်ငံအမျိုးသားအင်တာနက်လုံခြံုရေးဗဟိုဌာန (National Computer Network Emergency Response Coordination Center)မှ ထုတ်ပြန်ကြေငြာပါသည်။ ယခုအချိန်တွင် ဂူဂဲလ် တရုတ်ဈေးကွက်မှ ထွက်ခွာသွားလျှင် နှစ်ဘက်စလုံးအတွက် နိုင်ငံရေး စီးပွားရေး အကျိုးအမြတ်များ မရရှိနိုင်ပါ။ မည်သို့ပင် နှုတ်ထွက် ရုပ်သိမ်းမည်ကို ပြောကြားနေသော်လည်း နှစ်ဘက်စလုံးမှ လက်ရှိအခြေအနေအတိုင်း ဆက်လက် လုပ်ကိုင်ရန် လိုလားကြသည်ကို တွေ့ရှိနေရပါသည်။ ယခုအခါ နိုင်ငံရေး၊ စီးပွားရေးအားပြိုင်မှုများတွင် အင်တာနက် လုံခြံုရေးနှင့် နည်းပညာတိုးတက်မှုများသည် များစွာ အရေးပါနေသည်ကို တွေ့ရှိနေရသည်။ ထိုတိုက်ခိုက်မှုများ၊ နည်းပညာများကို အစိုးရများအနေဖြင့် မည်သို့ ထိန်းချုပ်မည်၊ ထိန်းချုပ်နိုင်လိမ့်မည် ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာပင် ဖြစ်ပါတော့သည်။
လင်းဦး(စိတ်ပညာ)
5 comments:
Google ကို တရုတ်ကနေ မထွက်စေပါ..
သူ့ကြောင့် အဆင်ပြေမှုတွေက အများကြီးပါ..
တရုတ်အစိုးရရဲ့ ပိတ်ဆို့ချက်တွေကတော့
မြန်မာနဲ့ ထူးမခြားနား
မြန်မာထက်တောင် သာလိမ့်ဦးမယ်
ဗဟုသုတ ရသွားပါတယ်။ ကျေးဇူးတင်ပါတယ်။
ဖတ်လိုက်ရတာ
ဗဟုသုတ ရတယ် .. !
ကိုလင်းဦးရေ ဗဟုသုတရစေပါတယ် ... ကျေးဇူးပါ
ဒီပို့စ်လေးဖတ်ခွင့်ရအောင်
ဗဟုသုတတိုးပွားအောင်ဝေမျှပေးတဲ့အတွက်
ကျေးဇူးပါ အကိုလင်းဦး
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)