မိုးသောက်ပြီလား.......
အဲ့အချိန် ကျွန်တော်မအိပ်သေးဘူးတဲ့ ....
ချပြချင်တဲ့ အကြောင်းအရာကို
ချပြချင်တာပဲ သိတယ် ... ခင်ဗျား ပြောခဲ့ဖူးတယ်.... ။
လေထန်ကုန်းမှာ လူ့ဖလံလေးလာရင်
တဟားဟားနဲ့ ၀ိုင်းကျဖူးတယ်....
ကျွန်တော်ရေးတာ ပုံပြင်မဟုတ်ဘူးဗျလို့
ပြင်ဆင်ချက်ဗလာနဲ့ ပြန်ပြန်ပြောတတ်တယ်...
မူးပေမယ့် မရူးပါဘူးတဲ့ ....
အထူးအထွေ မဟုတ်ပေမယ့်
လူးနေအောင် မသောက်ဖို့
ခဏခဏ နားချဖူးတယ်...။
ပြဿဒါးဆိုတာ ကျွန်တော့်အတွက်
ထမင်းစားရေသောက် ပါပဲဆိုပဲ ....
ရယ်ကျဲကျဲနဲ့
ဟိုးဆရာ.... ကျွန်တော် ရေမရောဘူးတဲ့ ။
မကြည်ပြာတစ်ယောက်ကော
ဆိုတော့.......
ဟာဗျာ.... အဟဲ...
ဟိုလိုလို ဒီလိုလိုနဲ့
ခင်ဗျားပဲ အသက်သွင်းခဲ့တာပဲ ။
ခင်ဗျားရေးတာတွေမှာ အသက်ပါတယ်...
...........စေတနာပါတယ်...
.......... အတွေ့အကြံုတွေပါတယ်...
ကိုငှက်ကောလို့ ခင်ဗျား ယူကြံုးမရအချိန်ထိ
ခင်ဗျား ခဏခဏ ပြင်ဆင်ဖူးတယ်.... ။
ဟော.. အခု
မကြည်ပြာကို စာတမ်းတင်သွင်းသူတစ်ယောက်.....
လွယ်အိတ်တစ်လုံးနဲ့ ဘဝထုံးကို ကြိုးလွယ်
ခံစားမှုကို အန်ချခဲ့သူတစ်ယောက်
ခြားခဲ့ပြီလေ.....
ထားခဲ့ပြီလေ....
အမှန်တရားကို စိတ်ထားနဲ့ယှဉ်စေဆိုသူရေ...
ဘဝဘဝတွေမှာ
ခင်ဗျားရဲ့ စာတွေကို ဖတ်ချင်သေးတယ်....
ခင်ဗျားနဲ့ ခင်မင်ချင်သေးတယ်....
ကို နီိုကိုရဲရေ....
ခင်ဗျားနဲ့
ခင်ဗျား အနုပညာတွေအတွက်
အမျှ .... အမျှ.. အမျှ ပါပဲဗျာ..... ။
လင်းဦး(စိတ်ပညာ)
(ကွယ်လွန်သူ စာရေးဆရာ နီကိုရဲအတွက် ၀မ်းနည်းမှုကဗျာ)
(ကဗျာရေးချိန်၊ ၂၄-၁၀-၂၀၀၉၊ ၄ း ၃၀)
26 comments:
း( တကယ် စိတ်မကောင်းဘူး သူနဲ့ ခင်မင်ခွင့်ရဖို့ မျှော်လင့်ချက် တို့မှာလည်း ရှိတယ်
မကြည်ပြာလုံချည်ပေါက်တာကို လာပြီးကွယ်မပေးတော့ဘူးပေါ့ ..
လွယ်အိတ်တစ်လုံးနဲ့ လွဲနေကျ ကိုရဲဝင်းတောင် မလွဲနိုင်သော အဖြစ်ပါလား..
ငိုချင်ရက် သူ့ဟာသဖတ်မိသလို ခံစားရပါတယ်..
စိတ်မကောငး်ပါ
အင်း အခုတော့ မကြည်ပြာအတွက် အထာ မကျတော့တဲ့ ကိုရဲဝင်း တယောက် အတွက် စိတ်မကောင်းမိပါ ။
စိတ်မကောင်းဘူး
သူ့လက်ရာစာတွေကို နောက်ဖတ်ခွင့် မရှိတော့ဘူး .. လွမ်းစရာပဲ
ကိုနီကိုရဲအတွက် စိတ်မကောင်းဖြစ်မိပါသည်
သူရေးတဲ့ စာတွေကိုဖတ်ခွင့် မရတော့တဲ့ စာဖတ်ပရိတ်သတ်အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်
ကိုနီကိုရဲ အတွက် ကျနော်တို့ လုပ်ပေးနိုင်တာ အမျှ အမျှ အမျှ ပဲဗျာ
အတူတူ အမျှဝေသွားပါတယ်။
ကိုလင်းဦးရေ...
ကဗျာလေးဖတ်ပြီးမျက်ရည်က ၀ဲ ချင်လာပြန်တယ်...
ဒီလိုနောက်တစ်ယောက်မရှိနိုင်ဘူးဆိုတဲ့လူတွေ ရွေးသေနေကြသလိုပဲ......
နှမျောရတာ..ရင်တွေလည်း..နာလှပါပြီ...
အခုတော့ ကောင်းရာသုဂတိရောက်ပါစေ..ကလွဲပြီး
ဘာမှ မတတ်နိုင်ကြတော့ဘူးးးနော်.....
သူ့စာတွေ ..ရီရသလောက်...
ကိုလင်းဦး..ကဗျာ ကလဲ ငိုဖို့ကောင်းတယ်
အကိုရေ
စိတ်မကောင်းဖြစ်မိပါတယ်ဗျာ
ခင်တဲ့ ရီနို
မအိန္ဒြာပြောသလိုပဲ အစ်ကိုရယ်... နောက်တစ်ယောက် မရှိနိုင်တဲ့သူတွေပဲ သေနေကြတယ်။
ပြည်သူချစ်တဲ့ စာရေးဆရာတစ်ယောက် ဆုံးရှုံးရခြင်းအတွက် တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။
ဝမ်းနည်းမိပါကြောင်း..
သတင်းကိုဖတ်ပြီး
တကယ်ကိုစိတ်မကောင်းဖြစ်ခဲ့မိပါတယ်...
အခုကိုလင်းဦးကဗျာလေးကိုဖတ်ရတော့
ပိုပြီးတော့တောင်ဝမ်းနည်း
သွားတယ်......
လူကောင်းတွေမို့ဆုမတောင်းလည်း
ကောင်းရာသုဂတိကိုရောက်မှာ
လို့ယုံကြည်ပါတယ် အစ်ကို။
နီကိုရဲ နဲ့ အလွဲ တွဲပြီး စွဲမှတ်လောက်အောင်ကို ကျနော်တို့ စာဖတ်သူ ရင်ထဲ ထည့်ခဲ့တဲ့ လူပါဗျာ.... ကိုလင်းဦး ကဗျာ ဖတ်လိုက်ရတော့ ထပ်ပြီး ၀မ်းနညး် နှမြောမိတယ်ဗျာ....
အချစ်ဝတ္တုတွေကို မကြိုက်တတ်တဲ့ကျွန်တော်ဟာ နီကိုရဲရဲ့ ဝတ္တုဆိုရင်တော့ အချစ်အလွှမ်း ဘာပဲလာလာဖတ်ဖြစ်ပါတယ်။ သူက ကလိမထိုးဘူးလေ။ ငိုချလိုက်ဆိုပြီး တုတ်နဲ့လဲမရိုက်ဘူး။
တာရာမင်းဝေ ? နီကိုရဲ? ကဲ ဘယ်သူကျန်သေးလဲဗျာ။ သူတို့အစား ကော်ပီတွေရေး နာမည်တွေ ဆင်တူယိုးမှားလိုက်ရေးတဲ့ စာရေးဆရာ အမည်ခံတွေ ပါသွားရမှာ။
ရုံးစာရေးလေးရေ နှုတ်ဆက်လိုက်ပါတယ်၊ ခင်ဗျားတော့ လွတ်လပ်သွားပြီပေါ့
ဆရာ နီကိုရဲ ၀ထ္ထုတွေဖတ်ပြီး
ကျွန်တော်လည်း သူ့လို ခဏခဏ လွဲဖူးလို့
တစ်ကယ့်ကို မမေ့နိုင်တဲ့သူပါပဲ။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို
ဆရာ နီကိုရဲကို အရမ်းကြိုက်တာ...
သူနဲ့ ဆရာနီကိုရဲနဲ့ဆို မွေးနေ့၊ မွေးလချင်းလည်းတူတယ်။
သတင်းကြားပြီးကတည်းက စိတ်မကောင်းဖြစ်နေရတာ ကိုလင်းဦးကဗျာဖတ်ပြီး ပို၀မ်းနည်းသွားပြီ...
သပြေ
ကျနော်အရမ်းဝမ်းနည်းပါတယ်ဗျာ
နီကိုရဲ ကိုလဲအရမ်းကြိုက်ပါတယ်
သူရဲ ့ကဗျာ တွေ ကိုလဲ ဖတ်တယ်
အားပေးတယ်
သူကောင်းရာမွန်ရာရောက်ပါစေလို ့ဆုတောင်းပေးပါတယ်
ဗျာ
သူ့ရဲ့စာပေ အနုပညာနဲ့ လူတွေရဲ့သောက တွေကို ဖြေဖျောက်ပေးတဲ့ ဆရာ နီကိုရဲ ခုနေဆို သူရောက်ရာဘုံသားတွေကို ရယ်အောင်လုပ်နေရောပေါ့ ..
ပျော်ပျော်နေသေခဲ ...တဲ့
ပျော်အောင်လုပ်ပေးတဲ့လူကျတော့ အသေမြန်လိုက်တာ
ဘာမှအစိုးမရပါလား
အတူတူ အမျှဝေသွားပါတယ်
ဆရာ ကောင်းရာသုဂတိလားမှာပါ
ရွှေလမ်းငွေလမ်းဝင်းကြည်
မိသားစုနှင့်အတူ ထပ်တူဝမ်းနည်း ခံစားရပါတယ်။ အနုပညာ သမားဆိုတာ လူသေသွားပေမဲ့ သူ့၏စာပေ အနုပညာေျတွကတော့ ဘယ်သောအခါမှ သေမည်မဟုတ်ပါ..ဆရာလင်းရယ်။
ရွှေလမ်းငွေလမ်းဝင်းကြည်
မိသားစုနှင့်အတူ ထပ်တူဝမ်းနည်း ခံစာရပါတယ်။ အနုပညာ သမားဆိုတာ လူသေသွားပေမဲ့ သူ့၏စာပေ အနုပညာေျတွကတော့ ဘယ်သောအခါမှ သေမည်မဟုတ်ပါ..ဆရာလင်းရယ်။
ကြယ်တွေက အရမ်းကြွေတာပဲ ....
မကြည်ပြာဆိုတာကို သတိရနေသေးသရွေ့ နီကိုရဲဆိုတာ ရှိနေဦးမှာပဲ..
ပြံုးမိတိုင်း ငိုချင်တယ်..ဘယ်တော့မှ ကိုယ့်ဂုဏ်ကိုယ်ဖော်မရေးတတ်တဲ့ အကြိုက်ဆုံး စာရေးဆရာထဲမှာ သူပါတယ်။
ကိုလင်းဦးရေ တကယ်တော်တဲ့ စာရေးဆရာ တစ်ယောက် လျော့သွားပြန်ပြီ
သူ့လိုပဲ နောက်လူတွေး ဆက်ကြိုးစားကြပေါ့ဗျာ... ဒါဆိုလည်း သူစောစောသွားရတာ နောက်ဆံမတင်းတော့ဘူးပေါ့
ဒီကဗျာက သေချာတာတော့...
ဝေဒနာ တစ်ခုကို ပေးစွမ်းနိူင် ခဲ့တာပါဗျာ..
ကိုရဲရေ....
အမျှ .... အမျှ.... အမျှ ပါဗျာ..
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)