ယခုအခါ မြန်မာပြည်မှ အင်တာနက်သုံးစွဲသူ တော်တော်များများနှင့် Blogger တော်တော်များများ Facebook သို့ ရောက်ရှိ သုံးစွဲနေကြသည်ကို တွေ့မြင်ရပါသည်။ သို့သော် Facebook အား Social Network တစ်ခုအနေဖြင့်သာ အမြင်များနေကြပြီး၊ သူ၏ လုပ်ဆောင် စွမ်းဆောင်နိုင်ခဲ့ပုံများကို အများစု မသိရှိကြသေးပါ။ သို့ပါ၍ ကျွန်တော်၏ ဆောင်းပါးအဟောင်းဖြစ်သော "A Tool Of Revolution" ကို ဖတ်ရှု့နိုင်ကြပါရန် ဖော်ပြအပ်ပါသည်။
ဧပြီလ ၆ရက်နေ့တွင် အီဂျစ်ပြည် အယ်လ်မဟာလီရာ၌ လူထောင်ပေါင်းများစွာသည် စားသောက်ကုန်ဈေးနှုန်း တဟုန်ထိုးမြင့်တက်လာမှုအပေါ် သပိတ်မှောက်နေကြသည့် ခြည်ထည် အလုပ်သမားများနှင့် စည်းလုံးညီညွတ်မှုရှိသည်ကို ပြသည့်အနေဖြင့် ဆန္ဒပြရန် လမ်းပေါ်သို့ ထွက်လာခဲ့ကြသည်။ ထိုဆန္ဒပြပွဲတွင် ပါ၀င်သူအများအတွက် ၁၉၇၇ ပေါင်မုန့်လူထုဆန္ဒပြပွဲ၏ အငွေ့အသက်များ ပြန်ပြောင်းအောင်မေ့ဖွယ်ဖြစ်စေခဲ့သည်။ သို့ရာတွင် အတိတ်သို့ မမျှော်လင့်ဘဲ ပြန်လည်ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သည့်အရာမှာ အဆိုပါ ဆန္ဒပြမှုအတွက် ရည်ရွယ်သည့် Facebook ၏ အုပ်စုတွင် အဖွဲ့ဝင်အရည်အတွက် ရ၅,၀၀၀ ကျော်သွားခဲ့သည်။ ဤဖြစ်ရပ်သည် လှုပ်ရှားပြောင်းလဲရေးဝါဒီများအား မေလ(၄)ရက်နေ့တွင် မူဘာရက်၏ နှစ် ၉၀ ပြည့် မွေးနေ့ပွဲနှင့် တိုက်ဆိုင်ပြီး ဆန္ဒပြပွဲတစ်ခု ထပ်မံပြုလုပ်ရန်အတွက် Facebook တွင် အင်တာနက်အသုံးပြုသူအုပ်စု User Group တစ်ခု ထပ်မံတိုးချဲ့ဆောင်ရွက်ရန် အားပေးအားမြှောက် ဖြစ်စေခဲ့သည်။
ထောင်ပေါင်းများစွာသော ကြည့်ရှု့သူများ အဆိုပါ Facebook အင်တာနက်စာမျက်နှာသို့ လာရောက်ကြည့်ရှု့ခြင်းနှင့်အတူ လှုပ်ရှားပြောင်းလဲရေးဝါဒီများအနေဖြင့် နောက်ထပ် ကသောင်း ကနင်းကြီးတစ်ခု အောင်မြင်စွာ ထပ်မံဖြစ်ပေါ်လာတော့မည်ဟု မျှော်လင့်နေခဲ့ကြသည်။ သို့ရာတွင် မေလ ၄ရက်နေ့ ရောက်သည့်အခါ ကိုင်ရိုမြို့၏ လမ်းများသည် ပုံမှန်ငြိမ်သက်နေခဲ့သည်။
အဘယ်ကြောင့်နည်း။ ဘာတွေဖြစ်ခဲ့သနည်း။ Facebook အနေဖြင့် စည်းရုံး လှုံ့ဆော်သူများ အတွက် တော်လှန်ရေးလက်နက်တစ်ခုဖြစ်ရန်ဆိုပြီး ကမ္ဘာတစ်ဝှမ်းရှိ အစိုးရဆန့်ကျင်သူများ၏ ကွန်ရက်ကြီးတစ်ဖွယ် ဆောင်ရွက်ပြီး ၎င်းတို့အား ရက်စက်သည့် အစိုးရများကို ဆန့်ကျင်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် အထောက်အကူပေးသည့် စွမ်းပကားကြီးမားသည့် နည်းလမ်းအဖြစ် ရပ်တည်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ အီဂျစ်တွင်မူ အစိုးရဆန့်ကျင်ရန် လှုံ့ဆော်သူ များမှာ မျှော်လင့်ချက်များ မပြည့်သဖြင့် စိတ်ပျက်နေကြသူများ ဖြစ်သည်။ ကိုင်ရိုမြို့ရှိ လူ့အခွင့် အရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တစ်ဦး၏ ပြောကြားချက်အရ “Facebook အပေါ်ရှိ လှုံ့ဆော် သူများ မအောင်မြင်ခြင်းသည် အင်တာနက်ပေါ်ရှိ လူမှုဆက်ဆံရေးစာမျက်နှာများအား ပြင်ပတွင် အမှန်တကယ် ဆန္ဒပြသူများ ဖြစ်ပေါ်လာရန်အတွက် အသုံးပြုရာတွင် ကန့်သတ်မှုများ ရှိနေခြင်းကို ပြသလိုက်ခြင်း ဖြစ်သည်”ဟု ပြောကြားခဲ့သည်။
ဤကဲ့သို့ စိတ်ပျက်စရာရလဒ်များမှာ နည်းပညာအသစ်များအတွက် ဖြစ်နေကျ သဘာဝသာ ဖြစ်ပါသည်။ နည်းပညာအသစ်များမှာ ကမ္ဘာကြီးကို ပြောင်းလဲပေးသကဲ့သို့ရှိသလို အချို့ ကိစ္စများ တွင် ယခင်အခြေအနေများ ကဲ့သို့ပင် ချန်လှပ်ထားလေ့ရှိသည်။ အီဂျစ်လှုပ်ရှားသူများ သင်ခန်းစာ ရရှိလိုက်သည့်အချက်များမှာ လူမှုရေးစာမျက်နှာများအနေဖြင့် online ရှိနေသည်နှင့် ပြင်ပကမ္ဘာ (real world) တွင် အမှန်တကယ် လှုပ်ရှားမှုများ ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားနိုင်ခြင်းပင် ဖြစ်သည်။ Facebook အနေဖြင့် အခွင့်အရေးများ ဖန်တီးပေးနိုင်သည်မှာ မှန်သည်။ ဥပမာ- ယင်းအင်တာနက်စာမျက်နှာမှ မိမိတို့ဘဝအတွက် ရွှေလက်မှတ်ကို ကိုယ်တိုင် ရေးသားနိုင်သည့် အခွင့်အရေး ရရှိနိုင်မည်ဖြစ်သော်လည်း၊ ထိုသို့ အင်တာနက်စာမျက်နှာစာမျက်နှာပေါ်တွင် ရေးသား ထားသည့်လက်မှတ်နှင့် အမှန်တကယ်လက်မှတ် မတူညီနိုင်ပါ။ Facebook ဘာတွေ ဆောင်ရွက်ပေးနိုင်သည်နည်း၊ Facebook မလုပ်ပေးနိုင်သည်မှာ မည်သည်တို့နည်း ။
သင်လိုချင်သည့်အရာမှာ မိမိတို့၏ ရည်ရွယ်ချက်၊ ခံယူချက်များ အတွက် အဆပေါင်းများစွာ တိုးတက်မှုဖြစ်လိုလျှင် Facebook နှင့် နှိုင်းယှဉ်သာ လောက်သည့် ပိုမိုကောင်းသည့် အရာမရှိပါ။ အဘယ်ကြောင့်ဆိုသော် အဆိုပါ ကွန်ရက်အား အတွေးအခေါ်၊ အယူအဆများ လျှင်မြန်စွာ ပြန့်ပွား နိုင်ရန်နှင့် သာမန်လူတစ်ဦးမှ မကြံဆနိုင်လောက်အောင် မြန်မြန်နှင့် ဝေးဝေး စိမ့်ဝင်နိုင်စေရန် ဖန်တီးထားခြင်း ဖြစ်သည်။ Facebook အား တိုးပွားလာသည့် ရေထုကြီးတစ်ခုအဖြစ် တင်စားမည် ဆိုပါက အဆိုပါရေထုကြီးအား တွန်းအားများ တိုးပွားဖြစ်ပေါ်လာစေရန်အတွက်မူ အခြေခံ အဆောက်အုံကောင်းများဖြစ်သော ကောင်းစွာ စီမံဆောက်လုပ်ထားသည့် ရေသွယ်မြောင်းများ ဆောက်လုပ်ပြီး ရေစီးအား ပို၍ကောင်းမွန်လာစေရန် ဆောင်ရွက်ရမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ နှိပ်ကွပ််ခံခဲ့ရသည့့် ဘုန်းကြီးများအား ထောက်ခံအားပေးသည့် အဲလက်ဘူက်ဘိုင်ဒါး (Alex Book Binder)၏ အုပ်စုသည် အဖွဲ့ဝင်အင်အား ၃၀၀,၀၀၀ အထိ တိုးပွား လာခဲ့သော်လည်း အဆိုပါ အဖွဲ့အနေဖြင့် ထိုသို့ Online မှ လှုံ့ဆော်သည့်နည်းလမ်းအပြင် အခြားသော နည်းစနစ်များကိုပါ ၎င်းတို့၏ ရည်ရွယ်ချက်အထမြောက်စေရန် အသုံးပြုခဲ့ကြသည်။ သမားရိုးကျထောက်ခံအားပေးနေသည့် အဖွဲ့များဖြစ်သော Amnesty International (အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့)၊ Burma Campaign UK စသည်တို့နှင့် လက်တွဲကာ လန်ဒန်၊ ပဲရစ်၊ မဲလ်ဘွန်း၊ ဆိုးလ်၊တိုင်ပေ၊ ဗီယက်နာနှင့် ၀ါရှင်တန်စသည့် မြို့ကြီးများ အပါအဝင် ကမ္ဘာ တစ်ဝှမ်းရှိ မြို့များ၏ လမ်းများပေါ်သို့ လူထောင်ပေါင်းများစွာထွက်ပြီး ချီတက်ဆန္ဒပြမှုများ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်နိုင်ခဲ့သည်။ Burma Campaign UK အားစီစဉ် ညွှန်ကြားသူ ဟက်ဖါမေနားမှ ပြောကြားရာတွင် “Facebook ၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံရှိ နှိပ်ကွပ်ခံ ဘုန်းကြီးများ အရေးသည် တစ်ကမ္ဘာလုံးအသိ ဖြစ်ခဲ့ရကြောင်း၊ ၎င်းတို့အနေဖြင့် မိမိတို့ Burma Campaign မှ မဆောင်ရွက်နိုင်သည်များကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း” ပြောကြား သွားခဲ့သည်။ Facebook အား သတင်းအချက်အလက်ဖလှယ်ခြင်းဟူသည့် အချက်ကို ဗဟိုထားပြီး တည်ဆောက်ထားခြင်းဖြစ်ပါသည်။ Facebook တည်ထောင်သူ နှင့် CEO ဖြစ်သူ Mark Zuckerberg ၏ အဆိုအရမူ “ဆက်ဆံရေး” အပေါ် တည်ထောင်ထားခြင်း ဖြစ်သည်။ ရရှိပြီးသား ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ရာတွင် Facebook အသုံးဝင်မှု ၏ တန်ဖိုး မဖြတ်နိုင်ပါ။ ကနေဒါ နိုင်ငံမှ အသေးဆုံး ရင်းနှီးမြှပ်နှံသူတို့ လိုချင်သည်မှာလည်း အဆိုပါ ၀န်ဆောင်မှုမျိုးဖြစ်သည်။
“Facebook” အပေါ်မှ အဘွားအိုများ (Grannies on Facebook)ဟု လူသိများသည့် “Canaccord and Other ABCP Clients” တို့သည် ၎င်းတို့၏ ပွဲစားမှ ရင်းနှီးမြှပ်နှံမှုများအား ပစ္စည်းပေါ် အခြေခံသည့် စီးပွားရေးအပေါ်မြှပ်နှံလိုက်ခြင်းဖြင့် မိမိတို့၏ တစ်ဘဝစာ စုဆောင်းငွေများ ဆုံးရှုံးခဲ့ရသည်။ Facebook အုပ်စုမှ ၎င်းတို့၏ နစ်နာမှုများကို မျှဝေခံစားပေးပြီး သဘာဝကျသည့် အကြံပေး ငြင်းခုံမှုများ ပြုလုပ်ခဲ့သည်။ ဧပြီလတွင် “ဒေါသပုန်ထနေသည့် အဖွားအို ၃၀၀” တို့သည် ဗင်ကူးဗားတွင် ပြုလုပ်နေသည့် ဘဏ္ဍာရေးပြန်လည် ပြင်ဆင်ရေးသားသည့် အစည်းအဝေးသို့ အတင်းဝင်ရောက်ခဲ့သည်။ Facebook ပေါ်ရှိ ၎င်းတို့အုပ်စုကို ဖန်တီးခဲ့သူ Brian Hunter ၏ ပြောဆိုမှုအရ “ကျွန်တော်တို့၏ ယှဉ်ပြိုင်ဘက်တို့သည် မိမိ တို့၏ ခေါင်းများအား ဖြုတ်ပြီး မိမိတို့၏ လက်ထဲသို့ ထိုးထည့်ခြင်း ခံခဲ့ရသည်”။ ရလဒ်အဖြစ် Canaccord နှင့် အခြားသော အဖွဲ့အစည်းများမှ အဖွားအိုများ အုပ်စု၏ ဆုံးရှုံးမှုများအား အပြည့်အဝ ပြန်လည် လျော်ကြေးပေးရန် ကတိပြုခဲ့ရသည်။
Facebook ၏ ဗျူဟာမြောက်သည့် ထူးချွန်မှုတစ်ခုမှာ cyber ကမ္ဘာနှင့် ပြင်ပကမ္ဘာအစစ် တို့ကို ပေါင်းစပ်ထားခြင်းပင်ဖြစ်သည်။ Facebook ၏ တော်လှန်ရေးအောင်မြင်ရခြင်းသည် Cyberworld (social network)နှင့် ကမ္ဘာအစစ်တို့ကြား ဆက်စပ်ပေးနိုင်ခြင်းကြောင့် မဟုတ်ပါ။ Facebook သည် ဆိုက်ဘာကမ္ဘာမဟုတ်ဘဲ ကမ္ဘာအစစ်အား ဆိုက်ဘာကွန်ရက်ပေါ်သို့ တိုးချဲ့ကာ တည်ထောင်လာခြင်းပင်ဖြစ်သည်။ Zuckerberg ၏ အဆိုအရ Facebook သည် လူသားများ သတင်းအချက်အလက်ကို ကမ္ဘာအစစ်တွင် ဖလှယ်ကြသကဲ့သို့ ဆိုက်ဘာကွန်ရက်တွင်လည်း ဆောင်ရွက်နိုင်ရန် ကူညီပေးခြင်းဖြစ်ပါသည်။ Facebook ပေါ်တွင် အဆိုပါဆက်နွယ်မှုမှာ ပို၍ ထိရောက်ပြီး တန်ဖိုး မြင့်မားသည့် ရလာဒ်များ ရရှိစေနိုင်ပါသည်။ Facebook ၏ အုပ်စုများမှာ လူသားစင်စစ်များ ဖြစ်ကြသော်လည်း ဆက်သွယ်မှုများကို ဆိုက်ဘာကွန်ရက်ပေါ်တွင် ဆောင်ရွက်ကြခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ဆက်သွယ်ဆောင်ရွက် မှုများကို လျှပ်တပြက် လျှင်မြန်မှုရှိသကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ နယ်ခြားစီးမျဉ်းမရှိ ဖြစ်လာသည်။
အကယ်၍ အင်တာနက်၏ အခြေခံအစိတ်အပိုင်းကို ဘိုက်(byte) သို့မဟုတ် အက္ခရာ (Character)ဟု သတ်မှတ်မည်ဆိုလျှင် Facebook ၏ အခြေခံအစိတ်အပိုင်းမှာ လူသားတစ်ဦးစီ (individual) ပင် ဖြစ်သည်။ အဆိုပါလူသားများသည် အင်အားရှိသော၊ ထိုးထွင်းတီထွင်ဉာဏ်ရှိသော၊ တက်ကြွစွာ ဖန်တီးယူတတ်သောသူများ ဖြစ်ကြသည်။ ထို့ကြောင့်လည်း အဆိုပါ အစိတ်အပို်င်းများသည်ပင်လျှင် လွန်စွာမှတန်ဖိုး မြင့်မားသည်။ အဆိုပါတန်ဖိုးဖြင့်ပင် Facebook အနေဖြင့် ဆက်သွယ်ဆောင်ရွက်မှု အားလုံးတွင် အဖိုးအနဂ္ဂဖြင့် ဖလှယ်နိုင်ပါသည်။ Facebook သည် သတင်းပေးပို့သူ (messenger) ဖြစ်နိုင်သော်လည်း သတင်းကို ရေးသားသူမှာ လူသားများပင်ဖြစ်သည်။ အမှန်တကယ်အားဖြင့် ပရိုဂရမ်တစ်ခုအား ရေးသားပြီး Facebook အပေါ်တွင် စိတ်တူ ကိုယ်တူ ရှိသူများနှင့် စိတ်ထား မတိုက်ဆိုင်သူများ သန်းပေါင်းများစွာတို့မှ တပြိုင်နက်အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးနိုင်ပါသည်။ အီဂျစ်နိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် Facebook ၏ စည်းရုံးဖွဲ့စည်းနိုင်မှု စွမ်းအားကို နားလည် သဘောပေါက်ပုံ ရပါသည်။ ထို့ကြောင့်ပင် အောင်မြင်မှုမရှိခဲ့သည့် ဆန္ဒပြမှုကို Facebook ပေါ်မှ စီစဉ်ခဲ့သူ အသက် ၂၇နှစ်အရွယ် Ahmed Maher Ibrahim အား ထောင်၌ ၁၂နာရီကြာ ဖမ်းဆီးကာ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ Ahmed Maher Ibrahim ထံမှ တာဝန်ရှိသူများသည်ှ Facebook ၏ password အား ပေးအပ်ရန် တောင်းဆိုခဲ့သည်။
တာဝန်ရှိသူများမှ Facebook အကြောင်း မည်၍မည်မျှ နားလည်ပြီး လှုံ့ဆော်ရေး သမားများမှ လက်နက်အဖြစ် အသုံးပြုနေမှုအား အမြစ်ဖြတ်ဖယ်ရှားနိုင်ပြီလော ဟူသည်ကား ဖြေရန် ခက်ခဲပါသည်။

လေးစားခင်မင်စွာဖြင့်
လင်းဦး(စိတ်ပညာ)
လင်းဦး(စိတ်ပညာ)
9 comments:
Face book နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို အသေးစိတ်ရှင်း ရှင်းပြထားတာ သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဗဟုသုတ ရပါတယ်။ ကျနော်လည်း facebook ကို ဘာမှ မသုံးတတ်ဘူးဗျ။ စီဘောက်မှာ အော်လို့ မရဘူး။ ဘန်းထားတယ်တဲ့။ ကောင်းပ ဟီးဟီး။
thanks!!
ကိုယ်တော့ သိပ်မသုံးဖြစ်လို့ သိပ်မသိဘူး။
share လုပ်တာ ကျေးဇူးပါ။
ကောင်းကျိုးဆိုးကျိုး အားလုံးကို ရေးပြရင် ပိုကောင်းမလားပဲ။
ခုဟာက အဖြစ်အပျက်တစ်ခုပဲဆိုတော့ ဘယ်ဆိုလိုလဲ သိပ်နားမလည်ဘူး။
TGRmg
င်္အကျိုးများနဲ့ အသေးစိတ်ရှင်းပြတာကျေးဇူးပါ..
့မသုံးဖြစ်ပါဘူး FaceBook ကို ဒါပေမယ့် တော်၂တော့ နာမည်ကြီးတယ်နော်.
အကို ဟိုတစ်ခါရေးကထဲက သတိထားမိပါတယ်
ခုလည်းထပ်ဖတ်သွားပါတယ်ဗျာ
ခင်မင်စွာဖြင့်
သီဟသစ်
Facebook ကို နိုင်ငံရေးလှုပ်ရှားမှုတစ်ခုခုအတွက် အသုံးချဖို့ကြံစည်ခြင်းဟာ စိတ်ဝင်စားဖို့ ကောင်းလှတယ်။ ကွန်ယက်ပေါ်မှာ လူပေါင်းသောင်းနဲ့ချီ စုဆောင်းထားခဲ့ပြီး၊ တကယ်လည်းအကောင်အထည်ဖော်ရော တစ်ယောက်မှမရှိတဲ့ကိစ္စက သဘာဝကျပါတယ်။ Facebook ပေါ်ကလူတွေဟာ Virtual မဟုတ်ဘဲ တကယ့်လူသားအစစ်တွေဆိုပေမဲ့ Identity ထင်ထင်ရှားရှားမရှိတာတော့ အသေအချာပါပဲ။ ဒီလိုကိစ္စမျိုးမှာ ထောက်ခံမှုရနိုင်မှာဖြစ်ပေမယ့် တကယ့်လက်တွေ့လှုပ်ရှားမှုအတွက်တော့ အသက်ဝင်လာဖို့ ခက်ခဲပါလိမ့်ဦးမယ်။ ပြီးတော့ Facebook Activity တွေရဲ့ နောက်ပိုင်းအကျိုးဆက်တွေဟာ တကယ့်လက်တွေ့ဘဝတွေမှာ ရိုက်ခတ်မှုရှိနေတဲ့ကိစ္စကိုလည်း စိတ်ဝင်စားမိတယ်။ စိတ်ဝင်တစားဖတ်ရှုသွားပါတယ်..♥
လာလည် သွားပါတယ်၊ ကိုလင်းဦး
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)