ထိုင်းကန့်ကွက်ရေးအုပ်စုအနေဖြင့် နိုင်ငံရေးပါတီတစ်ခုဖွဲ့စည်းရန် မဲပေးခြင်း

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels: , ,

  • ထိုင်း ရှပ်အဝါရောင်ဝတ်ဆင်သည့် ကန့်ကွက်ရေးလှုံ့ဆော်မှုအဖွဲ့၏ အဖွဲ့ဝင်များအနေဖြင့် နိုင်ငံရေးပါတီတစ်ခု ဖွဲ့စည်းရန် မဲပေးခဲ့ကြပါသည်။ နိုင်ငံအနေဖြင့် စီးပွားရေးဆုတ်ယုတ်မှုမှ လွတ်မြောက်အောင် ကြိုးစားနေစဉ်အတွင်း ဩဇာသက်ရောက်မှု အလားအလာရှိသော အင်အားစုတစ်ခုဖြစ်လာရန် ဖန်တီင်္းခြင်း ဖြစ်ပါသည်။

    အစိုးရအဖွဲ့ နှစ်ဖွဲ့ပြုတ်ကျအောင် စွမ်းဆောင်လှုပ်ရှားခဲ့သည့် ပြည်သူ့ဒီမိုကရေစီညွန့်ပေါင်း ပါတီ၏ အဖွဲ့ဝင် ထောင်ပေါင်းများစွာတို့သည် တနင်္လာနေ့က ဘန်ကောက်မြို့အနီးရှိ ပြေးခုန်ပစ်အားကစားကွင်းတွင် စုဝေးကြပြီး အဂတိလိုက်စားမှုကို ဆန့်ကျင်သော အခြေခံလူတန်းစားလှုပ်ရှားမှုမှ တရားဝင်နိုင်ငံရေးပါတီ တစ်ခုအဖြစ် အသွင်ပြောင်းရန် မဲပေးခဲ့ကြခြင်း ဖြစ်ပါသည်။

    ပြည်သူ့ဒီမိုကရေစီညွန့်ပေါင်းပါတီအနေဖြင့် အမည်မပေးရသေးသော ပါတီသစ်ကို ဦးဆောင်ရန် လှုပ်ရှားမှုကြီးကို ဦးစီးဦးဆောင်ပြုခဲ့သည့် အသက်(၆၁)အရွယ် စာအုပ်ထုတ်ဝေသူနှင့် သတင်းထုတ်လွှင့်ရေး မှူးဖြစ်သူ Mr. Sondhi Limthongkul ဖြစ်နိုင်ချေရှိပါသည်။

    ယခုလို ပြည်သူ့ဒီမိုကရေစီညွန့်ပေါင်းပါတီအနေဖြင့် မဲပေးရခြင်းမှာ ထိုင်းနိုင်ငံသည် ဆယ်စုနှစ် အကျော်အတွင်း စီးပွားရေးကျဆင်းမှု အဆိုးဝါးဆုံးသို့ ရောက်ရှိခဲ့ခြင်းကြောင့်ဖြစ်ပါသည်။အစိုးရ စီးပွားရေး စီမံကိန်းအေဂျင်စီက ပြောကြားရာတွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန်သည် ၂၀၀၉ခုနှစ်၊ ပထမ(၃)လပတ်တွင် ရ.၁%သို့ ကျံု့သွားခဲ့သည်ဟု ဆိုပါသည်။ ၁၉၉၇-၉၈ အာရှဘဏ္ဍာရေး အကျပ်အတည်းဖြစ်ပြီးကတည်းက အဆိုးဝါးဆုံး အခြေအနေဖြစ်ပါသည်။

    အစိုးရနှင့် စီးပွားရေးပညာရှင်များက စီးပွားရေးအခြေအနေသည် အောက်ခြေသို့ရောက်လုနီးပါး ဖြစ်နေသည်ဟု ဆိုပါသည်။ ပို့ကုန်များသည် ကမ္ဘာ့အနှံ့စီးပွားရေးကျဆင်းမှုကြောင့် ကျဆင်းလျက်ရှိပြီး နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နိုင်ငံခြားသား ခရီးသွားလာရေးလုပ်ငန်းလည်း ကျဆင်းလျက်ရှိပါသည်။

    ယခုလိုရှုပ်ထွေးနေသည့်အခြေအနေတွင် ယခင်လက ပြည်သူ့ဒီမိုကရေစီ ညွန့်ပေါင်းပါတီ၏ ဦးစီး ဦးဆောင် Mr. Sondhi အနေဖြင့် အာရုံဦး တိုက်ခိုက်မှုဖြစ်သည့် ၎င်း၏ကားကို အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့သဖြင့် ချောင်းမြောင်းလုပ်ကြံမှုမှ သီသီကလေး လွတ်မြောက်ခဲ့ပါသည်။

    Mr. Sondhi အနေဖြင့် အဂတိလိုက်စားသည့် နိုင်ငံရေးသမားများကို ရှုတ်ချခဲ့ပြီး စစ်သားများအနေဖြင့် Mr.Sondhi ကို ချောင်းမြောင်းလုပ်ကြံမှုအတွက် လူစုလူဝေးဖြင့် နိုင်ငံရေးလှုပ်ရှားမှုကြီးအသွင်ပြောင်းလာမည် ကို စိုးရိမ်လျက် ရှိပါသည်။

    ပြည်သူ့ဒီမိုကရေစီ ညွန့်ပေါင်းပါတီကို ထောက်ခံသူအများစုက ယခုလို နိုင်ငံရေးပါတီသစ်တစ်ခု ဖွဲ့စည်းခြင်းသည် ပြည်သူ့ဒီမိုကရေစီ ညွန့်ပေါင်းပါတီ၏ ထိုင်းနိုင်ငံအတွက် လှုပ်ရှားမှုအသစ်ကို စတင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အရှေ့တောင်အာရှ၏ ပင်မအချက်အချာစီးပွားရေးကြီးတစ်ခုကို လှုပ်ရှားရှင်သန်စေရန် နည်းလမ်းသစ်ဖြင့် စတင်နိုင်ရန် ဂတိပြုခြင်းလည်း ဖြစ်ပါကြောင်းဖြင့် ပြောကြားသွားပါသည်။

    နိုင်ငံအနေဖြင့် သာမန်လူထုကို ကိုယ်စားပြုသည့် အရပ်သားခေါင်းဆောင်များနှင့် စစ်တပ်က ခန့်အပ် သည့် အတတ်ပညာရှင်များအကြား ဆယ်စုနှစ်များစွာ လှုပ်ရှားရုန်းကန်နေခဲ့ရပါသည်။ မဲဝယ်ယူမှုနှင့် အဂတိ လိုက်စားမှုသည် ကျယ်ပြန့်စွာဖြစ်ပွားလျက်ရှိပါသည်။ ပို့ကုန်ကို မှီှခိုရသည့် ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေ အနေသည် ယိမ်းယို်င်နေ၍ လက်ရှိအခြေအနေကို သည်းခံ၍နေရန် ထိုင်းနိုင်ငံသားများအနေဖြင့် ဆန္ဒမရှိကြ ချေ။

    ကစားကွင်းတွင် ထောက်ခံသူအများစုသည် ပြည်သူ့ဒီမိုကရေစီညွန့်ပေါင်းပါတီ၏ လှုပ်ရှားမှုအမှတ် အသားဖြစ်သည့် အဝါရောင်ရှပ်များကို ၀တ်ဆင်ထားပြီး၊ အခြားသူများသည် ထိုင်းနိုင်ငံဘုရင် ဘူမိဘောအဒူရာဒဲရှ်၏ ရုပ်ပုံကို ကိုင်ဆောင်ထားကြပါသည်။

    ၂၀၀၆ခုနှစ်တွင် ပြည်သူ့ဒီမိုကရေစီညွန့်ပေါင်းပါတီပေါ်ပေါက်ပြီးနောက် ထိုင်းနိုင်ငံ၏ နိုင်ငံရေးမြင် ကွင်းကို အသွင်ပြောင်းလဲခဲ့ပါသည်။ Mr. Sondhi အနေဖြင့် ယခင်ဝန်ကြီချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာ ကို တိုက်ခိုက်ခဲ့မှုများကြောင့် ပါတီအနေဖြင့် တက်ကြွစွာလှုပ်ရှားမှုကြီးများကို စဉ်ဆက်မပြတ်လှုပ်ရှား ဆောင်ရွက်လာခဲ့ပါသည်။

    ပါတီ၏ လှုပ်ရှားမှုများသည် မစ္စတာသက်ဆင်၏ အုပ်ချုပ်ရေးအဖွဲ့တွင် အဂတိလိုက်စားမှုများ ပရမ်းပတာဖြစ်နေသည်ကို စွပ်စွဲသော ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပါသည်။

    ၂၀၀၆ခုနှစ်၊ စက်တင်ဘာလတွင် မစ္စတာသက်ဆင်အနေဖြင့် စစ်တပ်မှ အာဏာသိမ်းမှုကြောင့် နိုင်ငံမှ ထွက်ပြေးခဲ့ရပါသည်။ ယခု ၎င်းအနေဖြင့် မိမိကိုယ်ကို ပြည်နှင်ဒဏ်ခံရသူဘဝဖြင့် နေထိုင်လျက်ရှိပြီး အဂတိ လိုက်စားမှုကျူးလွန်သည့်အတွက် ထောင်ဒဏ်ချမှတ်မှုကိစ္စအပေါ် အာဏာသိမ်းမှု၏ အကြောင်းပြချက် တစ်ရပ် ဖြစ်သည်ဟု ငြင်းဆိုလျက်ရှိပါသည်။

    ပြည်သူ့ဒီမိုကရေစီညွန့်ပေါင်းပါတီ၏ လှုပ်ရှားမှုသည် ၂၀၀၇ခုနှစ်တွင် လျော့ပါးသွားပြီး၊ ယခင်နှစ်တွင် ပြန်လည်လှုပ်ရှားလာခဲ့ပါသည်။ ပါတီအနေဖြင့် လပေါင်းများစွာ ကန့်ကွက်ဆန္ဒပြခြင်း၊ လေဆိပ်ကို သိမ်းထား ခြင်းဖြင့် ရာထောင်ပေါင်းများစွာသော ခရီးသည်များ သောင်တင်ခဲ့ခြင်း အပါအဝင် ဆန္ဒပြမှုများကြောင့် မစ္စတာ သက်ဆင်၏ ယောက်ဖ ဦးဆောင်သော အစိုးရကို ပြုတ်ကျသွားစေခဲ့ပါသည်။

    မစ္စတာသက်ဆင်၏ အစိုးရအဖွဲ့ဟောင်းမှ ဥပဒေပြုပုဂ္ဂိုလ်များနှင့် စစ်တပ်မှ အဆင့်မြင့်ဗိုလ်ချုပ်များ၏ အကူအညီဖြင့် ညွန့်ပေါင်းအစိုးရကို ဖွဲ့ခဲ့ရာ မစ္စတာသက်ဆင်၏ နောက်လိုက်များက ကန့်ကွက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပါလီမန်က ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Mr. Abhisit Vejjajiva ကို ၀န်ကြီးချုပ်အဖြစ် ရွေးကောက်ခဲ့ပါသည်။

    ဘန်ကောက်မြို့တွင် တနင်္လာနေ့၌ ၀န်ကြီးချုပ် Abhisit က သတင်းထောက်များကို ပြောကြားရာ၌ မိမိအနေဖြင့် ထိုင်းနိုင်ငံ၏ ပါလီမန်တွင် အမတ်နေရာများ ပြိုင်ဆိုင်ရန် ပြည်သူ့ဒီမိုကရေစီ ညွန်ပေါင်းပါတီ၏ အစီအစဉ်များကို စိုးရိမ်ကြောင့်ကြမှုမရှိကြောင်းဖြင့် ပြောကြားပါသည်။ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ကျင်းပရန် အလားအလာရှိပါသည်။ Abhisit က ဒီမိုကရက်တစ်ဥပဒေပြုသူအများစုသည် ပါတီသစ်သို့ ပြောင်းသွားမည်ဟု မိမိမထင်ကြောင်းဖြင့် ဆိုပါသည်။

    အချို့ လေ့လာသုံးသပ်သူများ၏ အမြင်ကတစ်မျိုးဖြစ်ပါသည်။ ဘန်ကောက် ချူလာလောင်ကွန် တက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံပါမောက္ခတစ်ဦးဖြစ်သည့် Mr. Thitinan Pongsudhirak က ပြည်သူ့ဒီမိုကရေစီ ညွန့်ပေါင်းပါတီ၏ မြို့ပြနှင့် လူလတ်တန်းစားမဲပေးသူများ၏ အမာခံ မဲဆန္ဒနယ်မြေသည် Mr. Abhisit ၏ ပြုပြင်ရေးအမြင်ရှိသည့် မဲပေးသူများနှင့် ရောနှောနေသည့်အတွက် မဲပေးရာတွင် ဒီမိုကရက်တစ်များကို အားနည်း စေမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားပါသည်။

    လင်းဦး(စိတ်ပညာ)
    source - wsj

    4 comments:

    နှင်းဆီနက် said...

    ကိုယ့်အရေး၊ သူ့အရေးတွေနဲ့ရှုပ်နေလို့ ကိုယ့်ဘာသာကိုတောင်ဘာမှန်းမသိတော့ပါဘူး... မဲပေးခြင်းသတင်းကို ဖတ်ရှုသွားပါတယ်

    တားမြစ် ထားသော... said...

    ဝေမျှတာ ကျေးဇူး ကိုလင်းဦးရေ။

    သုခမိန်(E-Journal)

    ကဗျာဦး said...

    ဗဟုသုတ ဖတ်သွားပါတယ်

    shwelannwelanwinkyi said...

    သူတို့ပြည်လို..ကျွန်တော်တို....ဆီမှာ..

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo