မြောက်ကိုရီးယားက ပစိဖိတ်သမုဒ္ဒရာပေါ် ဒုံးပျံပစ်လွှတ်ခြင်း

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels: , ,
  • မြောက်ကိုရီးယားအနေဖြင့် အမေရိကန်၊တရုတ်နှင့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို အံတု၍ တနင်္ဂနွေနေ့(၅-၄-၂၀၀၉)နေ့တွင် ဒုံးပျံတစ်ခုကို ပစ်လွတ်ခဲ့ပါသည်။ မြောက်ကိုရီးယားက အဆိုပါ ဒုံးပျံပစ်လွှတ်ခြင်းသည် အာကာသထဲသို့ ဂြိုဟ်တုတစ်ခု ပစ်လွှတ်ရန် ရည်ရွယ်ကြောင်း ပြောကြား ခဲ့ပါသည်။ သို့ရာတွင် ကမ္ဘာ့အမြင််၌ နျူကလီးယားဗုံး သယ်ဆောင်နိုင်သော တာဝေးပစ်ဒုံးပျံကို ပစ်လွှတ်နိုင် စွမ်း ရှိသည်ကို ပြသလိုက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။

    ဒုံးပျံကို ဒေသစံတော်ချိန် (၁၁း၃၀)တွင် ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဌာနမှ အမည်မဖော်လိုသော အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားအစိုးရမှလည်း တရားဝင် ကြေညာခဲ့ပါသည်။

    ဒုံးပျံစမ်းသပ်ပစ်လွှတ်ခြင်းသည် နိုင်ငံရေးအရနှင့် နည်းပညာအကြောင်းရင်းများအပေါ် အခြေခံဟန် ရှိပါသည်။ သမ္မတဘွတ်ရှ်အစိုးရလက်ထက်တွင် (၆)ခု သို့မဟုတ် (၆)ခုထက်ပိုသော နျူကလီးယားလက်နက် အတွက် လောင်စာရယူခဲ့ပြီးနောက် အကူအညီ အထောက်အပံ့ပေးရေးအတွက် ၎င်း၏ အဓိကနျူကလီးယား စက်ရုံကို ရပ်တန့်ရန် ညှိနှိုင်းခဲ့ပြီး မြောက်ကိုရီးယား၏ ဒုံးပျံလွှတ်တင်မှုကြေညာချက်သည် အမေရိကန်သမ္မတ အိုဘားမားအစိုးရအတွက် အာရုံစိုက်စရာ ဖြစ်လာပါသည်။

    လွန်ခဲ့သောနှစ်များက မြောက်ကိုရီးယားအနေဖြင့် အထောက်အပံ့နှင့်လောင်စာပိုမိုရရှိရေးအတွက် အလျော့ပေးမှုရရှိစေရန် ပရိယာယ်ဆင်သည့်အနေဖြင့်လည်းကောင်း၊ နျူကလီးယားလုပ်နိုင်စွမ်းအားရှိသည်ကို ပြသသည့်အနေဖြင့် လည်းကောငး် တစ်ခါတစ်ရံ ဒုံးပျံလွှတ်တင် စမ်းသပ်မှုကို ပြုလုပ်ခဲ့ပါသည်။

    နျူကလီးယားထိပ်ဖူးထုတ်လုပ်ခြင်းသည် ဒုံးပျံထိပ်တွင် တပ်ဆင်နိုင်ရန်အတွက် အရွယ်အစားငယ်၍ ပေါ့ပါးပြီး အပူဒဏ်ခံနိုင်ရမည်ဖြစ်ပါသည်။ ၎င်းထုတ်လုပ်မှုသည် အခြေခံနျူကလီးယားလက်နက် တည်ဆောက်ခြင်းထက် ပိုမိုရှုပ်ထွေးပါသည်။ ထောက်လှမ်းရေးအရာရှိများနှင့် ပြင်ပကျွမ်းကျင်သူများ ယုံကြည်သည်မှာ မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားထိပ်ဖူးထုတ်လုပ်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ လိုသေးသည်ဟု ဆိုပါသည်။ အထူးသဖြင့် အဆိုပါ နိုင်ငံအနေဖြင့် သေးသွယ်သော ဗုံးထိပ်ဖူးအတွင်းသို့ အချိုးအစား မပြေပြစ်သည့် စမ်းသပ်ပစ္စည်းကို မည်သို့ ကျံု့သွားအောင် ထည့်သွင်းပြုလုပ်ရမည်ကို သိရှိနိုင်ရန်အတွက် နှစ်ပေါင်းများစွာ စမ်းသပ်မှုများပြုလုပ်ရန် လိုပါသည်။

    မည်သို့ပင်ဖြစ်စေ ယခုနှစ်များအတွင်း စမ်းသပ်မှုများကို ၂၀၀၆ခုနှစ်နှင့် ၁၉၉၈ခုနှစ်တွင် ပြုလုပ်ခဲ့ ပါသည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် ဂျပန်၊ တရုတ်နှင့် အနောက်နိုင်ငံခေါင်းဆောင်များအတွင်း စိုးရိမ်ပူပန်မှုများ ကို ဖြစ်ပွားစေခဲ့ပါသည်။ မြောက်ကိုရီးယား၏ ဒုံးကျည်များသည် အကျိုးအမြတ်ရရှိသည့် ထုတ်လုပ်ပစ္စည်း အဆင့်တွင် ရှိပါသည်။ ၎င်း၏ အဓိကဖောက်သည်များမှာ အီရန်၊ ဆီးရီးယားနှင့် ပါကစ္စတန်နိုင်ငံတို့ ဖြစ်ပါ သည်။ အကယ်၍ တာဝေးပစ်ခတ်မှုအောင်မြင်ပါက အပြည်ပြည်ဆိုင်ရာလက်နက်မှောင်ခိုဈေးကွက်တွင် ပိုမို ဆွဲဆောင်မှုရှိလာမည်ဖြစ်ပါသည်။

    ယခုကဲ့သို့ ပစ်လွှတ်မှုသည် မစ္စတာအိုဘားမားအနေဖြင့် မည်ကဲ့သို့ တုန့်ပြန်မည်ကို ပထမဦးဆုံး စမ်းသပ်လိုက်ခြင်းပင် ဖြစ်ပါသည်။ မစ္စတာအိုဘားမားအနေဖြင့် ယခုအပတ်အကုန်တွင် Prague မြို့၌ ခြိမ်းခြောက်မှုများကို မည်သို့တန်ပြန်မည်ဆိုသော ၎င်း၏မဟာဗျူဟာကို ပထမဦးဆုံးအကြိမ် ချပြမည်ဖြစ်ပါ သည်။

    အမေရိကန်ကာကွယ်ရေးဝန်ကြီး Mr. Robert M.Gates က ဒုံးပျံပစ်လွှတ်မှုသည် စိုးရိမ်ဖွယ် အခြေအနေရှိပါက ပစ်ချရန် အမိန့်ပေးခဲ့ပါသည်။ သို့ရာတွင် မစ္စတာအိုဘားမား၏ ထိပ်တန်းအရာရှိကြီး များက ပြောကြားသည်မှာ ပြီးခဲ့သောအပတ် လန်ဒန်မြို့တွင် ပြုလုပ်ခဲ့သည့် အုပ်စု ၂၀ ထိပ်သီးအစည်း အဝေးတွင် အကယ်၍ ဒုံးပျံကို ပစ်လွှတ်ပါက ကုလသမဂ္ဂလုံခြံုရေးကောင်စီတွင် မြောက်ကိုရီးယားနိုင်ငံအား နောက်ဆက်တွဲ အရေး ယူမှုကို ယခုအပတ် စောနိုင်သမျှစော၍ ဆောင်ရွက်မည်ဟု ဆိုပါသည်။

    ယခင် သမ္မတဘွတ်ရှ်လက်ထက််တွင် မြောက်ကိုရီးယားက ၂၀၀၆ခုနှစ်၊ အောက်တိုဘာလတွင် နျူကလီးယားစမ်းသပ်မှုပြုလုပ်ခဲ့ပြီးနောက် အလားတူအရေးယူမှုများကို ပြုလုပ်ခဲ့ပါသည်။ သို့ရာတွင် ရေရှည် အကျိုးသက်ရောက်မှု မရှိခဲ့ပါ။

    ပြင်သစ်နိုင်ငံ၊ Strasbourg မြို့တွင် ပြင်သစ်သမ္မတ Nicolas Sarkozy နှင့် တွေ့ဆုံပြီးနောက် သောကြာနေ့တွင် မစ္စတာအိုဘားမားက မြောက်ကိုရီးယားဒုံးပျံပစ်လွှတ်မှုသည် ခြိမ်းခြောက်မှုတစ်ရပ်သာ ဖြစ်သည်ဟု ရှင်းလင်းပြတ်သားစွာပြောကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ဗုဒ္ဓဟူးနေ့တွင် လန်ဒန်မြို့၌ တရုတ်နိုင်ငံသမ္မတ Hu Jintao နှင့် တွေ့ဆုံရာ၌ ၎င်းကိစ္စရပ်ကို ဆွေးနွေးခဲ့ပါသည်။

    အမေရိကန်မှ မြောက်ကိုရီးယားဒုံးပျံလွှင့်တင်မှုအပေါ်တွင် ပြင်းထန်စွာပြောကြားခဲ့ခြင်း မရှိသော်လည်း ဂျပန်နိုင်ငံ၏ တုန့်ပြန်မှုသည် ထူးထူးခြားခြား ပြင်းထန်ပါသည်။ ဂျပန်အနေဖြင့် ၎င်း၏ပင်လယ်ပြင်သို့ စစ်သင်္ဘောများကိုစေလွှတ်၍ မိမိနိုင်ငံကို အန္တရာယ်ပေးလာမည့် မည်သည့်ဒုံးပျံအပိုင်းအစကိုမဆို ပစ်ချမည်ဟု ဆိုခဲ့ပါသည်။ ယခုလိုပြုမူခြင်းသည် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်အစိုးရသည် မြောက်ကိုရီးယားကို လက်နက်ဖျက်သိမ်းရန် ကြိုးပမ်းမှုအပေါ်၌ သံသယရှိလာပါက မိမိကိုယ်တိုင် နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းမည့်ဟန် ရှိပါသည်။

    ယခုအဖြစ်အပျက်သည် လွန်ခဲ့သောနွေကာလတွင် လေဖြတ်ခြင်းရောဂါခံစားခဲ့မှုမှ ပြန်လည် သက်သာ လာသော မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-il ၏ အားထုတ်မှု သို့မဟုတ် တပ်မတော်ထဲရှိ စစ်ခေါင်းဆောင်တစ်ချို့ ကြိုးပမ်းမှုဖြစ်နိုင်ကြောင်း၊ တစ်စုံတစ်ဦးသည် ခိုင်မာစွာဖြင့် ထိန်းချုပ်ထားပြီး မိမိ၏ နိုင်ငံသည် ဒုံးကျည်နှင့် နျူကလီးယားအစီအစဉ်တွင် ရှေ့သို့ အမီပြေးနေသည်ကို ပြသလိုက်ခြင်း ဖြစ်ဟန် ရှိပါသည်။

    များမကြာမီအချိန်များက အမေရိကန်ထိပ်တန်းလုံခြံုရေးအရာရှိများက လွှတ်တော်သို့ Mr. Kim သည် နိုင်ငံကို ပြန်လည်ဦးဆောင်လာကြောင်း ပြောကြားခဲ့ပါသည်။ သို့ရာတွင် ၎င်းတို့က Mr. Kim အနေဖြင့် ၎င်း၏ စွမ်းရည်များကို ပြန်လည်ရရှိခဲ့ခြင်းရှိ-မရှိ ဆိုသော မေးခွန်းနှင့်ပတ်သက်၍ လျှို့ဝှက်ဆန်းကြယ်ဆဲ ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

    သုံးသပ်သူများက ယခုလို ဒုံးပျံပစ်လွှတ်မှုသည် မြောက်ကိုရီးယားကို နည်းပညာပိုင်းအရ အလိုအလျောက် အသိအမှတ်ပြုရမည်ဖြစ်သကဲ့သို့ စိုးရိမ်မှုနှင့် လေးစားမှုများကိုလည်း ဖြစ်ပွားစေခဲ့သည်ဟု ဆိုပါသည်။ တောင်ကိုရီးယားရှိ ၎င်းတို့၏ညီအကိုတော်များနှင့်စာလျှင် များစွာမှ နိမ့်ကျနေသည်ဟု စိတ်ဓါတ် ဆိုင်ရာ ခံစားမှုများရှိနေသည့် မြောက်ကိုရီးယား ပြည်သူများကို ယုံကြည်မှုအနည်းငယ် ပြန်လည်ရရှိစေသည် ဟု ဆိုပါသည်။

    မစ္စတာအိုဘားမား မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် Stephen W. Bosworth က သတင်းထောက်များကို ပြောကြားရာတွင် အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို ဒုံးပျံပစ်လွှတ်စမ်းသပ်မှု အတွက် အပြစ်ပေးရန် ကြိုးပမ်းနေစဉ်အတွင်း မြောက်ကိုရီးယားအား ၎င်းတို့၏ နျူကလီးယားလက်နက်များ အစီအစဉ်ကို စွန့်လွှတ်ရေးအတွက် (၆)နိုင်ငံ ဆွေးနွေးပွဲဖြင့် ဆွဲဆောင်ကြိုးပမ်းသင့်သည်ဟု ဆိုပါသည်။ မိမိတို့အနေဖြင့် မိမိတို့ဖြစ်ချင်သည်ထက် လက်တွေ့ဖြစ်ပျက်နေမှုအပေါ် မြောက်ကိုရီးယားနှင့် ညှိနှိုင်း သွားရမည်ဖြစ်ကြောင်း၊ လိုအပ်သည်မှာ စိတ်ရှည်ရှည်ဖြင့် အားထုတ်ကြိုးပမ်းဆောင်ရွက်ရန်ပင် ဖြစ်ပါကြောင်း ဖြင့် ပြောကြားခဲ့ပါသည်။

    တောင်ကိုရီးယားသမ္မတ Lee Myung-Bak က သောကြာနေ့တွင် လန်ဒန်မြို့၌ သတင်းထောက် အချို့ကို ပြောကြားရာ၌ မြောက်ကိုရီးယား ရေပြင်အနီးတွင် ဒုံးပျံလမ်းကြောင်း ထောက်လှမ်းသော ရေဒါ ပါသည့် ရေတပ်သင်္ဘောများကို တပ်ဖြန့်ထားမည်ဖြစ်ကြောင်း၊ မြောက်ကိုရီးယားအား မိမိအနေဖြင့် ပြင်းပြင်း ထန်ထန် သတိပေးပြောကြားလိုသည်မှာ မြောက်ကိုရီးယားအနေဖြင့် ယခုကဲ့သို့ အပြုအမူများအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းက ခွင့်လွှတ်လိမ့်မည်မဟုတ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

    ၎င်းက (၆)နိုင်ငံ ဆွေးနွေးပွဲကို စတင်သင့်ကြောင်း လေးလေးနက်နက် ပြောကြားခဲ့ပါသည်။
    မြောက်ကိုရီးယားအနေဖြင့် ၁၉၉၈ ခုနှစ်နှင့် ၂၀၀၆ခုနှစ်တွင် ဂြိုဟ်တုများပစ်လွှတ်ရန် ကြိုးပမ်းမှုများ သည် အောင်မြင်ခဲ့ခြင်း မရှိခဲ့ပါ ။

    အနောက်နိုင်ငံ အာကာသသိပ္ပံကျွမ်းကျင်သူများက ယခုပစ်လွှတ်လိုက်သည့် မြောက်ကိုရီးယားဒုံးပျံ သည် အတော်အတန်ကြီးမားဟန်ရှိပါကြောင်း၊ အီရန်နိုင်ငံမှ ဖေဖော်ဝါရီလတွင် ပစ်လွှတ်ခဲ့သော ဂြိုဟ််တုငယ် တစ်လုံးထက် ကြီးမားပါကြောင်း၊ တရုတ်ပြည်မှ ၁၉၇၀ ခုနှစ်တွင် ပထမဦးဆုံးပစ်လွှတ်သည့် ဂြိုဟ်တုအရွယ် အစားလောက် ရှိပါကြောင်းဖြင့် ဆိုပါသည်။

    အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ကင်းဘရစ်မြို့ရှိ ပုဂ္ဂလိကအုပ်စုဖြစ်သည့် သိပ္ပံပညာရှင် များဆိုင်ရာသမဂ္ဂအဖွဲ့အစည်းမှ အကြီးတန်းသိပ္ပံပညာရှင် David C. Wright က မြောက်ကိုရီးယားအနေဖြင့် ကမ္ဘာပတ်လမ်းကြောင်းအတွင်း ၂၅၀မိုင်အမြင့်သို့ ပေါင် ၂၂၀ အလေးချိန်ရှိသည့် ဂြိုဟ်တုအသေးတစ်လုံးကို ဒုံးပျံမှ ပစ်လွှတ်နိုင်ပါကြောင်း၊ အကယ်၍ အားကြီးသည့် တိုက်ချင်းပစ်ဒုံးပျံမှ ပေါင် ၂,၂၀၀ ရှိသည့် ဗုံးထိပ်ဖူး သယ်ဆောင်ထားသည့် ဒုံးကျည်ကို ၃,၇၀၀ မိုင် အကွာအဝေးအထိ ပစ်လွှတ်နိုင်ကြောင်း၊ ၎င်းအကွာအဝေးမှာ အမေရိကန်နိုင်ငံ၊ အလက်စ်ကာပြည်နယ်၏ အစိတ်အပိုင်းအထိ ရောက်နိုင်ကြောင်းဖြင့် ဆိုပါသည်။

    မြောက်ကိုရီးယားက ယခုဒုံးပျံပစ်လွှတ်မှုသည် ဆက်သွယ်ရေးဂြိုဟ်တုစမ်းသပ်ရန်ဖြစ်သည်ဟု ၀ါဒ ဖြန့်ပြောကြားသော်လည်း အနောက်နိုင်ငံ လေ့လာသူများက ၎င်းပစ်လွှတ်မှုသည် မြောက်ကိုရီးယား၏ စစ်ရေး စွမ်းဆောင်ချက်ကို ပြသရာရောက်ကြောင်းဖြင့် တစ်ညီတစ်ညွတ်တည်း သဘောရကြပါသည်။ ဂြိုဟ်တုသည် ၁၉၅၇ ခုနှစ်၊ ရုရှား ဂြိုဟ်တုစပွန်းနစ်မှ စတင်ခဲ့ပါသည်။ ယနေ့ကမ္ဘာ့တိုက်ကြီးများကို ဖြတ်၍ ပစ်လွှတ်နိုင်စွမ်းရှိသော အင်အားကြီးမားသည့် တိုက်ချင်းပစ်ဒုံးပျံများ (Inter-Continental Ballistic Missiles, ICBM) သည် ဂြိုဟ်တုပစ်လွှတ်သည့် ဒုံးပျံများမှ စတင်ခဲ့ခြင်းဖြစ်ပါသည်။

    အမေရိကန်နိုင်ငံ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး Dennis C. Blair က မတ်လတွင် သတင်းထောက်များကို မြောက်ကိုရီးယားအနေဖြင့် ကမ္ဘာ့တိုက်ကြီးများကိုဖြတ်၍ ပစ်လွှတ်နိုင်စွမ်းရှိသော အင်အားကြီးမားသည့် တိုက်ချင်းပစ်ဒုံးပျံပစ်လွှတ်နိုင်စွမ်းရည်ကို ပြသရန် ကြိုးပမ်းနေသည်ဟု ဆိုခဲ့ပါသည်။

    ကိုရီးယားကျွန်းဆွယ်နှင့်ပတ်သက်၍ အခြားအမြင်တစ်ခုမှာ နိုင်ငံရေးအရ ပြိုင်ဆိုင်ခြင်းပင် ဖြစ်သည်ဟု ဆိုပါသည်။ နှစ်ပေါင်းများစွာ တောင်ကိုရီးယားအနေဖြင့် ကမ္ဘာပတ်လမ်းကြောင်းသို့ ဂြိုဟ်တုတစ်လုံး ပစ်လွှတ်၍ အာကာသအဖွဲ့သို့ ၀င်နိုင်အောင် ကြိုးစားနေခဲ့ကြောင်း၊ ၎င်း၏ အာကာသအတွင်းသို့ ပစ်လွှတ်ရန်နေရာ Oinarodoသည် ဒုံးပျံများပစ်လွှတ်ရန် အသင့်အနေအထားသို့ ရောက်ရှိလုနေပြီ ဖြစ်ကြောင်း၊ သို့ရာတွင် ယခုလ ပစ်လွှတ်မည့် အစီအစဉ်နှောင့်နှေးသွား၍ မြောက်ကိုရီးယားမှ လက်ဦးမှု ရယူသွားနိုင်ရန် ဖွင့်ပေးသကဲ့သို့ ဖြစ်သွားပါကြောင်းဖြင့် အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ် ၊ အက်လက်ဇန်ဒီးယားမြို့ရှိ ပုဂ္ဂလိကအုပ်စုတစ်စုဖြစ်သော ကမ္ဘာ့လုံခြံုရေးအဖွဲ့၏ အကြီးတန်းပုဂ္ဂိုလ် Tim Brown က ဆိုပါသည်။
    လင်းဦး(စိတ်ပညာ)
    Source - New York Times


    7 comments:

    MrDBA said...

    ခုတလေ နာမည်ကြီးနေတဲ့သတင်းဖြစ်လို့ ပြည့်ပြည့်စုံစုံလေးဒီမှာ လာပြီးဖတ်သွားတယ်။

    eaindraomtt said...

    ကိုလင်းဦးရေ..

    ကျေးဇူးတင်ပါတယ်.။

    စိတ်တွေထဲ..ဒီအကြောင်းပဲရောက်နေလို့
    ကဗျာလေးတစ်ပုဒ်တောင်ရေးတင်မိတယ်..

    လေးစားခင်မင်စွာ
    အိန္ဒြာ

    မသက်ဇင် said...

    ကမ္ဘာ့အရေးတွေကလည်း ရှုပ်ထွေး--
    အင်းးးးးးးးးးးးးးး
    ကမ္ဘာကြီးက--?

    နှင်းဆီနက် said...

    သတင်းလေးကို အပြည့်အစုံဖတ်ရှုသွားပါတယ်

    သက်ပိုင်သူ said...

    ကျေးဇူးပဲ အကိုရေ
    အခုမှာပဲ သေချာသိတော့တာယ်

    မသက်ဇင် said...

    သကြင်္န်ရေလို အေးမြပါစေ
    မြန်မာပြည်သူများ သာယာဝပြောပါစေ
    ငြိမ်းချမ်းကြပါစေ
    ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ

    Nyi Nyi Myanmar said...

    လာလည်ပါတယ်ခင်ဗျာ ဆီပုံးကို အိုင်အက်စ်ပီက block ထားလို့ ဒီမှာပဲရေးရတယ်အစ်ကိုရယ် :(

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo