ပါကစ္စတန်အစိုးရအနေဖြင့် စစ်သွေးကြွများကို ထိန်းချုပ်နိုင်စွမ်း ရှိ -မရှိ စမ်းသပ်ခြင်းလား

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels: , ,
  • မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုနှင့် ပါကစ္စတန်စစ်သွေးကြွအုပ်စုတို့ ဆက်စပ်မှု ရှိသည်ဆိုသော သက်သေအထောက်အထားများကြောင့် ပါကစ္စတန်အစိုးရအသစ်အနေဖြင့် တင်းကြပ် သည့် စမ်းသပ်မှုနှင့် ကြံုတွေ့နေရပြီး စစ်တပ်၏အုပ်ချုပ်မှုကို လိုလားခြင်း ရှိ-မရှိဆိုသော မေးစရာမေးခွန်မှာ ပေါ်ပေါက်လာပါသည်။

    သမ္မတ Ali Zardari က ၎င်းအစိုးရအနေဖြင့် ယခုလိုအကြမ်းဖက်တိုက်ခိုက်မှုတွင် ပါကစ္စတန်လူမျိုးများ ပါ၀င်လျက်ရှိသည်ဆိုသော ခိုင်လုံသည့် အထောက်အထားကို မရရှိသေးဟု ဆိုပါသည်။ ကြာသာပတေး နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Ms. Condoleezza Rice ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိပြီးနောက် အိနိ္ဒယနှင့် အမေရိကန်အရာရှိများက မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွင် ပါ၀င်သည်ဆိုသော စစ်သွေးကြွ အုပ်စုဖြစ်သည့် Lashkar-e-Taiba ကို ရင်ဆိုင်ဖြေရှင်းရန် အစိုးရအား ဖိအားပေးလျက်ရှိပါသည်။

    တရားဝင်ပိတ်ပင်ထားသော်လည်း အဆိုပါအုပ်စုသည် နှစ်ပေါင်းများစွာ မြင်ကွင်းမှ ပုန်းအောင်းနေခဲ့ ပါသည်။ ၎င်းအုပ်စုသည် ပါကစ္စတန်နိုင်ငံ၏ ထောက်လှမ်းရေးအေဂျင်စီများနှင့် သမိုင်းစဉ်ဆက် ဆက်နွယ် လျက်ရှိပါသည်။ အောက်ဖော်ပြပါ အချက်များသည် မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်နွယ်လျက် ရှိသည်ဆိုသော အချက်များကို ကမ္ဘာအနှံ့မှ ရယူစုဆောင်းတင်ပြထားခြင်း ဖြစ်ပါသည်

    မိမိ၏ အမည်အား ထုတ်ဖော်ပြောကြားခြင်းမရှိသည့် ၀ါရှင်တန်ရှိ ကာကွယ်ရေးဌာနအရာရှိက ပြောကြားရာ၌ မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်သူများကို ပါကစ္စတန်၏ ဩဇာကြီးမားသည့် ထောက်လှမ်းရေးအေဂျင်စီ၏ အရာရှိဟောင်းများက လေ့ကျင့်ပေးခဲ့သည်ဟု အမေရိကန် ထောက်လှမ်းရေးဆိုင်ရာ သုံးသပ်သူများက သံသယရှိကြောင်းဖြင့် ဆိုပါသည်။

    ပါကစ္စတန်နိုင်ငံနှင့် သမိုင်းအစဉ်အဆက် ရန်ငြိုးရှိသည့် အိနိ္ဒယနိုင်ငံ၏ စစ်ဆေးရေးအရာရှိများက စွပ်စွဲချက်အများအပြားကို Lashkar အပေါ် စွပ်စွဲခဲ့ကြပါသည်။ အိနိ္ဒယနိုင်ငံနှင့်အတူ အမေရိကန် အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံရှိ ၎င်း၏တပ်များကို တိုက်ခိုက်နေသည့် ပါကစ္စတန်စစ်သွေးကြွ အုပ်စုများကို ပိတ်ပင်ရန် ဆန္ဒရှိပါသည်။

    ယနေ့တွင် စစ်မှန်သော စစ်တပ်(Army of the Pure)အမည်ရသည့် Lashkar-e-Taiba အဖွဲ့သည် လာဟိုးမြို့တွင် ဗြောင် ၎င်း၏လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ အနောက်နိုင်ငံအရာရှိများ၏ အဆိုအရ ၎င်း၏ စစ်သွေးကြွအုပ်စုကို ပါကစ္စတန်ထိန်းချုပ်သည့် ကက်ရှ်မီးယားတွင်လည်ကောင်း၊ ပါကစ္စတန်ရှိ လူမျိုးစု နေထိုင်ရာနေရာများတွင်လည်းကောင်း စခန်းများဖွင့်လှစ်ထားရှိသည်ဟု ဆိုပါသည်။ ပစ်မှတ်များအနက် နိုင်ငံခြားသားများကိုပါ ပစ်မှတ်ထားသည့် မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုကြီးသည် ၎င်းအုပ်စု၏ ပြောင်းလဲနေသော အလေးအနက်ထားသည့် ရည်မှန်းချက်များနှင့် ကိုက်ညီသည်ဟု ဆိုပါသည်။

    အနောက်နိုင်ငံ ထောက်လှမ်းရေးအရာရှိများ၏ အဆိုအရ၊ Lashkar ကို ၁၉၈၉ ခုနှစ်တွင် ပါကစ္စတန်၏ ဩဇာကြီးသည့် Inter-Services Intelligence Agency ၏ အကူအညီဖြင့် တည်ထောင်ခဲ့သည်ဟု ဆိုပါသည်။ ပါကစ္စတန်ထောက်လှမ်းရေးအေဂျင်စီနှင့် Lashkar အဖွဲ့တို့ ယနေ့အထိ မည်သို့ဆက်စပ်နေ သည် ဆိုသည်မှာ အပြင်းအထန်ဆွေးနွေးရမည့် ကိစ္စဖြစ်ပါသည်။ ပါကစ္စတန်နိုင်ငံရှိ ဝေဖန်သူများက Inter- Services Intelligence သည် ယနေ့တိုင် Lashkar ကို ကာကွယ်စောင့်ရှေက်နေဆဲဟု ဆိုပါသည်။

    Lashkar များ ယခုအခါ ၎င်း၏အဖွဲ့ငယ်များ (Cells) ကို ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်ရှိ လူမျိုးစု ဒေသများနှင့် ၎င်း၏ တိုက်ခိုက်ရေးသမားလူနည်းစုကို အီရတ်တွင် ထားရှိသည်ဟု အရာရှိများက ဆိုပါသည်။

    အဆိုပါ Lashkar အုပ်စုသည် Al Qaeda ၏ ဩဇာလွှမ်းမိုးမှုအောက်တွင် ရှိနိုင်သည်ဆိုသော အချက်မှာ မရေရာဘဲ ရှိနေပါသေးသည်။ အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက ပြောရာ၌ မိမိတို့အနေဖြင့် Lashkar သည် Al Qaeda ၏ တိုက်ရိုက်ဩဇာခံဟု မဆိုလိုကြောင်း၊ သို့ရာတွင် သင်ယူလေ့ကျင့်မှုများ၊ အားကျ ကြိုးပမ်းမှုများ၊ ဩဇာလွှမ်းမိုးမှုများ (သို့မဟုတ်) ဆက်သွယ်မှုများ ရှိနေသည်ကို စဉ်စားထားရမည် ဖြစ်ပါကြောင်းဖြင့် ဆိုပါသည်။

    အိန္ဒိယလုံခြံုရေးအရာရှိများက ဆိုရာ၌ ကက်ရှ်မီးရား၏ အုပ်ချုပ်မှုအောက်တွင်ရှိသော Lashkar သည် အိန္ဒိယနိုင်ငံတွင် ဆက်လက်လှုပ်ရှားလျက်ရှိပြီး စစ်သွေးကြွများ၏ ပြင်းထန်သော တိုက်ခိုက်မှုများသည် မကြာသေးမီနှစ်များအတွင်း သိသာစွာ ပေါ်ပေါက်ခဲ့သည်ဟု ဆိုပါသည်။

    လင်းဦး(စိတ်ပညာ)

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo