အင်္ဂါနေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီး Mr. Robert Gates က ဘဏ္ဍာရေးဆိုင်ရာအချက်အခြာ ကျသည့် မွန်ဘိုင်းမြို့အကြမ်းဖက်တိုက်ခိုက်မှုတွင် အများဆုံးသေဆုံးသူတို့မှာ အိနိ္ဒယလူမျိုးများပင် ဖြစ်သော်လည်း ပစ်မှတ်မှာ အမေရိကန်နှင့် ဗြိတိသျှလူမျိုးများပင်ဖြစ်သည်ဟု ဆိုပါသည်။
အကြမ်းဖက်တိုက်ခိုက်မှုတွင် အမေရိကန်(၆)ဦးအပါအဝင် လူပေါင်း(၁၇၂)ဦး သေဆုံးခဲ့ပြီး (၂၃၉)ဦး မှာ ဒဏ်ရာရရှိခဲ့ပါသည်။ အင်္ဂါနေ့ ဟားဘတ်တက္ကသိုလ်တွင် အမေရိကန်အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး Mr. Mike Mc Connel က မိန့်ခွန်းပြောကြားရာ၌ ပြီးခဲ့သော အပတ်က မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်သူများမှာ လူ(၂၀၀)ကျော် သေဆုံးခဲ့သည့် ၂၀၀၆ခုနှစ်၊ မွန်ဘိုင်းရထား ဗုံးပေါက်ကွဲမှုကို ဖန်တီးခဲ့သည့်အဖွဲ့မှပင် ဖြစ်သည်ဟု ဆိုပါသည်။ သို့ရာတွင် ၎င်းက မည်သည့်အဖွဲ့မှဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခြင်းမရှိပါ။ သို့ရာတွင် အိန္ဒိယအစိုးရက ၂၀၀၆ခုနှစ် တိုက်ခိုက်ခဲ့မှုသည် အိန္ဒိယအစ္စလန်ကျောင်းသားများ လှုပ်ရှားမှုနှင့် ပါကစ္စတန်နိုင်ငံ၊ ကက်ရှ်မီးရားမြို့တွင် အခြေပြုသော ပါကစ္စတန်အကြမ်းဖက်အုပ်စုဖြစ်သည့် Lashkar-e-Taiba ဟု ဆိုပါသည်။
Mr. Connell မှာ Lashkar အနေဖြင့် ရာဇဝတ်မှုကျူးလွန်သည့်အဖွဲ့ဖြစ်သည်ဟု အများသိ ကြေညာခဲ့သော ပထမဦးဆုံးဖြစ်သည့် အမေရိကန်အရာရှိတစ်ဦးဖြစ်ပါသည်။ အင်္ဂါနေ့အစောပိုင်းက နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားရာ၌ ရက်စက်စွာ နှစ်ရှည် လများ တိုက်ခိုက်မှုသည် ပါကစ္စတန်တွင် မြစ်ဖျားခံသည်ဟု ဆိုပါသည်။ အမေရိကန်နှင့် နိုင်ငံခြားမှ တန်ပြန် အကြမ်းဖက်မှုကာကွယ်ရေးအရာရှိများက လွန်ခဲ့သောအပတ်က မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုသည် Lashkar အုပ်စုမှဖြစ်သည်ဟု လျှို့ဝှက်စွာ ပြောကြားခဲ့ကြပါသည်။
အစောပိုင်းက ပင်တဂွန်ရှိ သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Mr. Gates က ပူးတွဲစစ်ဦးစီးချုပ်ဖြစ်သည့် ရေတပ်ဗိုလ်ချုပ် Mike Mullen အား အဆိုပါဒေသရှိ အရာရှိများနှင့် တွေ့ဆုံရန် ထွက်ခွာသွားသည်ဟု ဆိုပါသည်။ Mr. Mullen ၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ကြီး John Kirby က အကြမ်းဖက်တိုက်ခိုက်မှုများသည် အစွန်းရောက်အုပ်စုများအကြား ရှုပ်ထွေးမှုများကို ပိုမိုဖြစ်ပေါ်စေပြီး လုံခြံုရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဒေသဆိုင်ရာအလိုက် လုပ်ဆောင်မှုကို အားပေးရန် လိုအပ်သည်ဟု ဆိုပါသည်။
အိန္ဒိယအာဏာပိုင်များက ပါကစ္စတန်အနေဖြင့် ဆက်နွယ်မှုရှိကြောင်း စွပ်စွဲပြောကြားခဲ့ပြီး၊ တနင်္လာနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Ms. Condoleezza Rice က အမေရိကန်အနေဖြင့် ဆုံးဖြတ်ချက်များကို လျှင်မြန်စွာ မချလိုပါကြောင်းဖြင့် ပြောကြားပါသည်။ မိမိတို့အနေဖြင့် ယခုလို အကြမ်းဖက်တိုက်ခိုက်မှုကြီးနှင့်ပတ်သက်၍ မှားယွင်းစွာ ချွတ်ချော်ပြုလုပ်မိပါက နျူကလီးယားလက်နက် အပြိုင်အဆိုင် ပိုင်ဆိုင်ထားသည့် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံအကြား အကြီးအကျယ်သေကြေပျက်စီး စေနိုင်သော တင်းမာမှုကြီးကို ဖန်တီးရာ ရောက်မည်စိုးသောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။
အင်္ဂါနေ့က အကြီးတန်းအုပ်ချုပ်ရေးအရာရှိများနှင့် နိုင်ငံခြားအစိုးရအရာရှိများက ၀ါရှင်တန်အနေဖြင့် အိန္ဒိယအစိုးရအား မွန်ဘိုင်းမြို့ကို အကြမ်းဖက်တိုက်ခိုက်နိုင်ကြောင်း၊ ပစ်မှတ်သည် အနောက်နိုင်ငံသား များနှင့် အစ္စရေးလူမျိုးများဖြစ်သည်ဟု အကြောင်းကြားခဲ့ကြောင်း ပြောဆိုပါသည်။ ထောက်လှမ်းရေး သတင်းအချက်အလက်များ၏ အထိအခိုက်မခံသော သဘာဝကြောင့် ဖော်ပြပါအကြီးတန်းအုပ်ချုပ်ရေး အရာရှိများနှင့် နိုင်ငံခြားအစိုးရအရာရှိများက အမည်မဖော်ဘဲ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ အရာရှိများက အမေရိကန်၏ သတိပေးချက်အသေးစိတ် (သို့မဟုတ်) အချိန်နှင့်ပတ်သက်၍ အသေးစိတ် ဖော်ပြခြင်းမရှိ။ သို့ရာတွင် ၎င်းတို့က ပြောကြားရာတွင် သတိပေး သတင်းအချက်အလက်သည် ချက်ခြင်း အရေးယူဆောင်ရွက်၍ မရအောင် ယေဘူယျဆန်နေသည့်အတွက်ကြောင့်ဟု ဆိုပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Ms Rice က ဗုဒ္ဓဟူးနေ့တွင် အိနိ္ဒယနိုင်ငံသို့ ရောက်လာမည်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံအနေဖြင့် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကြီးအတွက် စုံစမ်းစစ်ဆေးမှုတွင် အပြည့်အဝပါ၀င်ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်နိုင်ငံမှ တောင်းဆိုချက်ကို သယ်ဆောင်လာမည် ဖြစ်ပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Ms. Rice အပြင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Mr. Gates တို့သည် အမေရိကန်နိုင်ငံအနေဖြင့် အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုမဖြစ်ပွားမီ သီးသန့်သတင်းအချက် အလက်များကို ပေးပို့ခဲ့သည်ဟု အတည်ပြု ပြောကြားခြင်းမရှိပါ။
ဘယ်ဂျီယန်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ နေတိုးဌာနချုပ်တွင် သတင်းစာရှင်းလင်းပွဲ၌ Ms. Rice က ပြောကြားရာ၌ မိမိတို့အနေဖြင့် သတင်းအချက်အလက်များ ရရှိပါက ကမ္ဘာတစ်ဝှမ်းလုံးရှိ နိုင်ငံများသို့ အဆိုပါသတင်းအချက်ကို ဖြန့်ပေးမည်ဖြစ်ပါကြောင်း ဖြင့် ပြောကြားပါသည်။
အမေရိကန်အစိုးရက အိန္ဒိယအစိုးရသို့ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားလာနိုင်သည်ဟု သတိပေး ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားချက်ကြောင့် အိန္ဒိယအစိုးရအနေဖြင့် အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ လုံခြံုရေးနှင့် ထောက်လှမ်းရေးအားနည်းသည်ဟုဆိုသော စွပ်စွဲမှုများ ပျံ့နှံ့လာသည့် အခြေအနေကို ရင်ဆိုင်နေရပါသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Pranab Mukherjee က မိမိတို့ နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ၏ အလိုအရှိဆုံးအပါအဝင် လူအယောက်(၂၀)၏ စာရင်းကို တနင်္လာနေ့ နယူးဒေလီသို့ ရောက်လာသော ပါကစ္စတန်နိုင်ငံ၏ အထူးကိုယ်စားလှယ်သို့ ပေးအပ်ခဲ့သည်ဟု ဆိုပါသည်။
အမေရိကန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်က ယခုဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုသည် ကျယ်ပြန့်သော ဒေသကြီး၏ အခြေအနေကို မတည်ငြိမ်အောင် ပြုလုပ်ရာရောက်ကြောင်းဖြင့် ပြောကြား ပါသည်။
ယခုလို အကြမ်းဖက်တိုက်ခိုက်မှုသည် အိန္ဒိယနိုင်ငံသာမဟုတ်၊ ပါကစ္စတန်နိုင်ငံ၏ အတွေ့အကြံု နုနယ်သော ဒီမိုကရေစီနှင့် အိန္ဒိယ၊ ပါကစ္စတန်ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခြင်းပင် ဖြစ်ပါကြောင်း၊ အစွန်းရောက်ဝါဒီများအနေဖြင့် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ ကာလရှည်စွာ တစ်ဦးလည်ပင်း ကို တစ်ဦးညှစ်နေကြသည်ကို အလိုရှိကြကြောင်းဖြင့် The Associated Press သတင်းဌာနသို့ ပါကစ္စတန် သံအမတ် Husain Haqqiani က ပြောကြားခဲ့ပါသည်။
တစ်ဦးတည်းအသက်ရှင်ကျန်ရစ်သည့် အကြမ်းဖက်တိုက်ခိုက်ရေးသမားက ရဲများကိုပြောကြားရာ၌ ပါကစ္စတန်နိုင်ငံတွင် ၎င်းနှင့် အခြားသေနတ်သမား(၉)ဦးကို ပါကစ္စတန်အစိုးရက တားမြစ်ထားသည့် စစ်သွေးကြွအုပ်စုဖြစ်သည့် Lashkar-e-Taiba က စခန်းသွင်းလေ့ကျင့်ပေးခဲ့သည်ဟု ဆိုပါသည်။ မွန်ဘိုင်း ရဲမင်းကြီး Mr. Hasan Ghafoor က ပြောကြားရာ၌ အဆိုပါစစ်သွေးကြွအုပ်စုကို ပါကစ္စတန်စစ်တပ်အရာရှိ ဟောင်းများက လေ့ကျင့်ပေးသည်ဟု ဆိုပါသည်။ အချို့ကို (၁၈)လအထိ လေ့ကျင့်ပေးသည်ဟု ဆိုပါသည်။
၀ါရှင်တန်နှင့် ဗြိတိသျှတို့ ၎င်းကို အကြမ်းဖက်အုပ်စုအဖြစ် စာရင်းသတ်မှတ်ပြီး တစ်နှစ်အကြာတွင် အမေရိကန်၏ ဖိအားပေးမှုကြောင့်၂၀၀၂ခုနှစ်တွင် ပါကစ္စတန်အစိုးရက ၎င်းအဖွဲ့ကို ပိတ်ပင်ခဲ့ပါသည်။ ၎င်းအဖွဲ့သည် အခြားအမည်ဖြစ်သော Jamaat ud- Dawa အမည်ဖြင့် ပြန်လည်ပေါ်ပေါက်လာသည် ယုံကြည်ကြပါသည်။ သို့ရာတွင် အဆိုပါအုပ်စုသည် မွန်ဘိ်ုင်းအကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဆက်စပ်မှုမရှိဟု ငြင်းဆိုခဲ့ပါသည်။
နိုင်ငံခြားရေးဌာနမှ အနည်းဆုံး အကြမ်းဖက်မှုနှင့်ပတ်သက်သော သတိပေးမှု(၂)ကြိမ်ကို အောက်တိုဘာလထဲတွင် အိန္ဒိယနိုင်ငံရှိ အမေရိကန်လူမျိုးများထံ ပေးပို့ခဲ့ကြောင်း၊ ထိုသို့ သတိပေးမှုထဲတွင် မွန်ဘိုင်းမြို့ပါရှိသည့် အနောက်အိန္ဒိယနှင့်ပတ်သက်သော သတိပေးချက်လည်းပါရှိပါသည်။ အဆိုပါ သတိပေးချက် များသည် များသောအားဖြင့် ခြိမ်းခြောက်မှုများ လက်ခံရရှိပြီးနောက် ပေးပို့ခြင်းဖြစ်ပါသည်။ သို့ရာတွင် ထောက်လှမ်းရေး အေဂျင်စီများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာများသို့ ထပ်မံဖြန့်ဝေနိုင်အောင် တိကျမှုမရှိဟု ဆိုပါသည်။ အဆိုပါ သတိပေးချက်များသည် အိန္ဒိယနိုင်ငံတွင် အားလပ်ရက်ရာသီနှင့် ဈေးဝယ်လေ့ရှိသည့် ဧရိယာများတွင် လူထူထပ်နိုင်သည့်အလားအလာများ၊ အကြမ်းဖက်သူများ မကြာခဏ ပစ်မှတ်ထားသည့် စားသောက်ဆိုင်များနှင့် ဘူတာရုံများတို့ကို အဓိကထား ဖော်ပြလေ့ရှိပါသည်။ သို့ရာတွင် ဟိုတယ်များ၊ အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်လာနိုင်သည့်နေရာများကို တိကျစွာ ဖော်ပြထားသည့် သတိပေးချက်များ မပါရှိပါ ။

လင်းဦး(စိတ်ပညာ)
0 comments:
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)