အစ္စရေးလေကြောင်းမှ တိုက်ခိုက်မှုများမှာ (၃)ရက်မြောက်နေ့သို့ ရောက်ရှိလာခြင်း

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels: , ,

  • ဟာမာစ့်အုပ်ချုပ်သည့်နယ်မြေသို့ လေကြောင်းမှ တိုက်ခိုက်မှုသည် (၃)ရက်မြောက် နေ့သို့ ရောက်ရှိလာပြီးနောက် ပါလက်စတိုင်း ဆေးကုသရေးအဖွဲ့မှ ပြောကြားရာတွင် ဂါဇာမြို့ပေါ်သို့ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုသည် ရက်သတ္တပတ်ကုန်ခန့် ပီးသည့် နောက်တွင် သေဆုံးမှုသည် လူ(၃၀၀)ကျော်သို့ ရောက်ရှိသွားပြီဟု ဆိုပါသည်။ အစ္စရေးတို့က ဟာမာ့စ်ပစ်မှတ်များဟု ဆိုသည့် နေရာများသို့ ဗုံးကြဲခဲ့ပြီးနောက် ဂါဇာမြို့တွင် တနင်္လာနေ့အစောပိုင်း (သို့မဟုတ်) တနင်္ဂနွေနေ့ နှောင်းပိုင်း အထိ မီးများလောင်ကျွမ်းဆဲ ရှိပါသည်။

    သတင်းရပ်ကွက်မှ ပြောကြားရာတွင် ယခုလေကြောင်းမှ တိုက်ခိုက်မှုကြောင့် နောက်ထပ် ပြည်သူ (၆၅၀)မှာ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုပါသည်။ စနေနေ့တွင် စတင်ခဲ့သည့် လေကြောင်းမှ တိုက်ခိုက်မှုကို ချက်ခြင်းရပ်စဲရန် ကုလသမဂ္ဂလုံခြံုရေးကောင်စီက တောင်းဆိုလိုက်ပါသည်။ သို့ရာတွင် အစ္စရေးမှ ပြောကြား ရာ၌ ၎င်းတို့၏ ရည်မှန်းချက်သည် တောင်ပိုင်းအစ္စရေးသို့ ဟာမာ့စ်စစ်သွေးကြွများက ဒုံးကျည်များဖြင့် အဆက်မပြတ် ပစ်နေမှုကို ရပ်ဆိုင်းရန်ဖြစ်ပြီး ၀န်ကြီးချုပ် Ehud Olmert က အစိုးရအဖွဲ့ဝင် ၀န်ကြီးများသို့ ပြောကြားရာ၌ အခြေအနေသည် အချိန်အတန်ကြာ ဆက်လက်ဖြစ်ပွားနေမည်ဟု ဆိုပါသည်။

    ဂါဇာမြို့ကို ထိန်းချုပ်ထားသည့် မွတ်စလင်စစ်သွေးကြွအုပ်စုဖြစ်သည့် ဟာမာ့စ်တို့က အစ္စရေးတို့က မိမိတို့၏ မြေနှင့်ပြည်သူများကို ကျူးကျော်စော်ကားမှုမှ ကာကွယ်ရန် ကတိသစ္စာပြုထားသည်ဟု ဆိုပါသည်။ နှစ်ဖက်စလုံးက အီဂျစ်တို့ စေ့စပ်ပေးခဲ့သော သောကြာနေ့၊ဒီဇင်ဘာ (၁၉)ရက်နေ့တွင် သက်တမ်းကုန်မည့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု အပြန်အလှန်စွပ်စွဲကြပါသည်။ သို့ရာတွင် အမှန်အားဖြင့် ထိုအပစ်အခတ်ရပ်စဲရေးသည် လပေါင်းများစွာ အားပျော့လျက်ရှိပါသည်။

    အစ္စရေးစစ်တပ်မှ ပြောကြားရာတွင် စနေနေ့မှစ၍ ဟာမာ့စ်ပစ်မှတ်(၃၀၀)ကျော်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ဆိုပါသည်။ တနင်္လာနေ့တွင် အစ္စရေးစစ်တပ်မှ ပြောကြားရာ၌ စစ်ဆင်ရေးစတင်သည့် အချိန်မှစ၍ ဂါဇာမှ အစ္စရေးနယ်မြေထဲသို့ ဒုံးကျည်(၁၅၀)ကျော် ပစ်ခတ်ခဲ့သည်ဟု ဆိုပါသည်။ စနေနေ့က အဆိုပါ ဒုံးကျည်တစ်ခုသည် အစ္စရေးတောင်ပိုင်းရှိ နေအိမ်တစ်ခုကိုထိပြီး အတွင်းရှိ လူငယ်တစ်ဦးကို သေဆုံးစေခဲ့သည်ဟု ဆိုပါသည်။ ပါလက်စတိုင်းလုံခြံုရေးနှင့် ဆေးကုသရေးအဖွဲ့၏ ပြောကြားချက်အရ၊ တနင်္လာနေ့အစောပိုင်းက ဂါဇာမြို့ရှိ Jebaliya စစ်ပြေးဒုက္ခသည်စခန်းကို လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး ဟာမာ့စ်ခေါင်းဆောင် Ismail Haniya နေထိုင်ရာ အိမ်ကိုလည်း ညတွင်းချင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုပါသည်။ အစ္စရေးတို့အနေဖြင့် ဟာမာ့စ်အဖွဲ့၏ စစ်ခေါင်းဆောင်တို့၏ နေအိမ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဟာမာ့စ်လုံခြံုရေး အဖွဲ့က ဆိုပါသည်။

    Jebaliya စစ်ပြေးဒုက္ခသည်စခန်းတို့၏ တိုက်ခိုက်မှုတွင် အိမ်တစ်အိမ်အား ထိခိုက်ခဲ့ပြီး အိမ်အတွင်းရှိ ခလေး(၅)ဦးသေဆုံးခဲ့ပါသည်။ ထိုအိမ်မှ အစ္စရေးတို့ပစ်မှတ်ထားသည့် မွတ်စလင်ဗလီအနီးတွင် ရှိသည်ဟု ဆရာဝန် Dr. Mu'awiya Hassanein က ဆိုပါသည်။ အစ္စရေးစစ်တပ်မှ ဆရာဝန်၏ စွပ်စွဲချက်အပေါ် ချက်ခြင်း တုန့်ပြန်ခဲ့မှုမရှိဟု ဆိုပါသည်။

    သန်းခေါင်ကျော်ပြီး မိနစ်အနည်းငယ်အတွင်း အစ္စရေးအက်ဖ် ၁၆က ဂါဇာရှိ မွတ်စလင်တက္ကသိုလ်၏ အဆောက်အဦးတစ်ခုကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဂါဇာအခြေစိုက် အမည်မဖော်လိုသူ ဂျာနယ် သတင်းထောက်တစ်ဦးက CNN သို့ ပြောပါသည်။ ယခုတိုက်ခိုက်မှုတွင် သေကြေဒဏ်ရာရမှုနှင့် ပတ်သက်၍ သတင်းချက်ခြင်းရရှိခြင်းမရှိသေးဟု ဆိုပါသည်။ ၎င်းတက္ကသိုလ်မှာ အစ္စရေးစစ်တပ်က လက်နက်များဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနအဖြစ် ပစ်မှတ်ထားပါသည်။ ပါလက်စတိုင်း ရုပ်သံဌာနဖြစ်သည့် Ramattan က မီးသတ်သမားများ မီးငြိမ်းသတ်နေပုံနှင့် အပျက်အစီးများဖယ်ရှားနေပုံတို့ကို ပြသပါသည်။

    အစ္စရေးစစ်တပ်မှ ကြေညာချက်ထုတ်ပြန်ရာတွင် ပစ်မှတ်များကို တိုက်ခိုက်ရခြင်းမှာ အဆိုပါပစ်မှတ် များသည် ဟာမာ့စ်အကြီးတန်းခေါင်းဆောင်များ၏ တွေ့ဆုံရာနေရာများဖြစ်သည့်အတွက်ကြောင့်ဟု ဆိုပါသည်။ အချို့အဆောက်အအုံများသည် ဖောက်ခွဲရေးလက်နက်များ စမ်းသပ်ရာနေရာများနှင့် ဟာမာ့စ် အဖွဲ့အတွက် လိုအပ်သည်များ သိုလှောင်သိမ်းဆည်းနေရာများ ဖြစ်သည်ဟု ဆိုပါသည်။ ဟာမာ့စ်အဖွဲ့ အတွင်းရှိ တက်ကြွရေးဝါဒီများဖြစ်သည့် အကြီးတန်းတက္ကသိုလ် ကထိကများဦးစီးသည့်အောက်တွင် ယခုကဲ့သို့ လက်နက်များ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနပြုမှုများကို ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိပါသည်။ အများစုမှာ Qassem ဒုံးကျည်များထုတ်လုပ်သည့်နေရာဖြစ်သည်ဟု ဆိုပါသည်။

    အစ္စရေးတပ်မတော်၏ ကြေညာချက်အပေါ် ချက်ခြင်းတုန့်ပြန်ချက်များ ပေါ်ပေါက်လာခြင်း မရှိသေးပါ။


    လင်းဦး(စိတ်ပညာ)


    နိုင်ငံတကာ သတင်းများကို ရေးသားရာတွင် Bloomberg, NewYorkTimes, CNN, BBC , ABC news စသော သတင်းဌာနများမှ သတင်းများကို အားလုံးပေါင်းစပ်ကာ ဘာသာပြန်၍ အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည် .......အတတ်နိုင်ဆုံး သတင်းများကို Update ဖြစ်အောင် ရေးနေပါသည်... သို့သော် သတင်းများသည် အချိန်နှင့် Source ယူရာ သတင်းဌာနများပေါ်တွင် မူတည်နေပါ၍ အမှားအယွင်းများ ပါခဲ့လျှင် ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်.....

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo