7 Day News ဂျာနယ်မှ ပြောကြားသော SIM Card ရောင်းချမည်ဆိုသည်မှာ မဖြစ်နိုင်

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels: , ,
  • သူငယ်ချင်းတစ်ယောက်က GSM SIM Card တွေ ရောင်းချတော့မယ်လို့ သိရတဲ့အကြောင်း ပြောကြား လာပါတယ်။ ကျွန်တော် ကြည့်လိုက်တော့ 7 Day News ဂျာနယ်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ FEC 50 နဲ့ ရောင်းမယ်တဲ့။ အဝင်အတွက်ကော အထွက်အတွက်ကော တောင်းခံပါမည်လို့ ရေးထားပါတယ်။

    ကျွန်တော် ပြောချင်တာကတော့ လုံးဝမဖြစ်နိုင်ဘူးဆိုတာပါပဲ။ ထို့ကြောင့် ပြောချင်တာကတော့ အဲ့ဒီ SIM Card များကို လုံးဝ ရောင်းချနိုင်မှာ မဟုတ်ဘူးဆိုတာပါပဲ။ သူငယ်ချင်းတွေဆီကိုလည်း ဖုန်းဆက်ပြီးပြောလိုက်ပါတယ်။ မင်းတို့ မျှော်လင့်ထားတဲ့ (၆)သောင်းတန် ကဒ်တော့ ဖြစ်လာမှာမဟုတ်ပါဘူးကွာလို့။ ဟုတ်ကဲ့..... ကျွန်တော် ပြောတာ ဟုတ်မဟုတ်ကို အခုလာမည့် ရတနာပုံ ICT Week မှာ ကြည့်ရတော့မှာပါ။

    လင်းဦး (စိတ်ပညာ)

    7 comments:

    အလှတရား said...

    ကျေးဇူးတင်ပါတယ်
    ကိုလင်းဦးရေ
    ဒီပိုစ့်အတွက်

    thihanyein said...

    ကိုလင်းဦးရေ***စိတ်ဝင်စားတယ်ဗျာ***ဒီပို့စ်ကို**
    မျှော်နေမယ်ဗျာ***

    ဟန်လင်းထွန်း said...

    ဘယ်လိုဖြစ်တာလဲ။ ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်အကိုရာ။
    ၆၀၀၀၀ လောက်နဲ့ ဖုန်းမကိုင်ရတော့ဘူးပေါ့။

    puluque said...

    နာထင်ပါတယ်။ မဖြစ်လောက်ပါဘူးလို့..သူတို့က ဒီလိုပဲ လူတွေကို အနံလေးတွေ ပေးပြီး သူတိို့လုပ်ချင်တာ လုပ်အုံးမှာ

    တက်လူငယ် said...

    ပိုစ့်ကောင်းတွေပါ။ ကျနော်တို့ မသိတာတွေ သိရတာပေါ့ဗျာ။

    နေစိုးနိုင် said...

    အင်း ...
    ဘာတတ်နိုင်မှာလဲ
    မရဘူးဆိုတော့လဲ...မရဘူးပေါ့
    နောက်ပို့စ် ကို စောင့်ဖတ်မယ်

    Andy said...

    ဟုတ်ပါ့ဗျာ... အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ပါပြီတဲ့ခင်မျာ...။
    နောက်သတင်းတစ်ပုဒ်ရှိသေးတယ် ၂၀၀၉ ၁ လပိုင်းကစပြီး ရန်ကုန်မြို့တွင်းခြောက်မြို့နယ်နဲ့ ကမာရွတ်၊စမ်းချောင်းမှာ Wi-Fi ကို နိုင်ငံခြားက အင်တာနက်ဈေးအတိုင်းလူတိုင်းသုံးနိုင်တော့မယ်ဆိုတာ လာပြန်ပါပြီဗျားးး....။ ကိုလင်းဦး အတည်ပြုပေးပါဦး...။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo