Protest in Thailand - blockade

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels: , ,

  • ၇-၁၀-၂၀၀၈ (အင်္ဂါနေ့)တွင် ဘန်ကောက်မြို့ရှိ ထိုင်းပါလီမန်အဆောက်အအုံအား ပိတ်ဆို့၍ အစိုးရ ဆန့်ကျင်သူများက ဆန္ဒပြလျက်ရှိပါသည်။ ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက ပါလီမန် အဆောက် အအုံသို့ ချီတက်ခဲ့ပြီး၊ ထိုင်းနိုင်ငံ၏ လက်ရှိနိုင်ငံရေး ပဋိပက္ခမှာ ကျယ်ပြန့်လာပြီး ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိပါသည်။ ဆန္ဒပြသူများက ယခင်ဝန်ကြီးချုပ် Thaksin Shinawatra ကို ထောက်ခံသူများအား အင်အားအသုံးပြု၍ အကြမ်းဖက် တိုက်ခိုက်ခဲ့ပါသည် ။ လူတစ်ဦးသေဆုံးပြီး၊ လူ (၃၅၀)ကျော် ဒဏ်ရာ ရရှိခဲ့ ပါသည် ။

    ထိုင်းနိုင်ငံ အခြေအနေငြိမ်သက်ရန်အတွက် ရဲကြိုးပမ်းမှုကို အကူအညီပေးရန် တပ်မတော်မှ တပ်များ စေလွှတ်မှု ရဲနှင့်အစိုးရဆန့်ကျင်ကန့်ကွက်သူများအကြား တိုက်ခိုက်မှုပြင်းထန်စွာဖြစ်ပွားပြီးနောက် ဘန်ကောက် မြို့တွင် အခြေအနေငြိမ်သက်စေရန်အတွက် ရဲတို့၏ကြိုးပမ်းမှုကို အကူအညီပေးရန် ထိုင်းတပ်မတော်မှ တပ်များစေလွှတ်လျက် ရှိပါသည် ။ စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Sansern Kaewkamnerd က ပြောကြားရာ၌ ရေတပ်နှင့် လေတပ်မှ ကြည်းတပ် ဗိုလ်ချုပ် Anupong Paochinda ၏ စီမံချက်ကို သဘောတူခဲ့သည်ဟု ဆိုပါသည် ။ အဆိုပါစီမံချက်မှာ People's Alliance for Democracy မှ ဆန္ဒပြသူများက ရ-၁၀-၂၀၀၈ (အင်္ဂါနေ့)တွင် ပါလီမန်ကို ပိတ်ဆို့ရန် ကြိုးပမ်းမှုအား ဖြိုခွဲရန်အတွက် ရဲများကို တပ်မတော််မှ အကူအညီပေးရေး အစီအစဉ် ဖြစ်ပါသည် ။

    အင်္ဂါနေ့ နံနက်ပိုင်းတွင် ရဲများသည် ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများအသုံးပြု၍ ဖြိုခွဲခဲ့ ပါသည်။ သို့ရာတွင် ဆန္ဒပြသူများက ပြန်လည်စုစည်းပြီး ရဲများကို ရင်ဆိုင်တိုက်ခိုက်လျက်ရှိပါသည် ။ ဗိုလ်မှူးကြီး Sansern က တပ်မတော်အနေဖြင့် လက်နက်ကိုင်ဆောင်မည် မဟုတ်ဟု ပြောကြားပါသည် ။

    လင်းဦး(စိတ်ပညာ)

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo