အသက်မဲ့သွားခဲ့တဲ့ မနက်ဖြန်တွေ

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels: , ,
  • ကောင်မလေးရေ.........
    သံယောဇဉ် ရစ်ပတ်လွန်းလို့
    ဖြစ်တည်လာတဲ့ ဒီအနာဂတ်မှာ
    ရပ်တည်မှုတွေ မျိုးစုံနဲ့ပေါ့...
    အလွမ်းတောတွေကို နင်းဖြတ်
    ၀င်သက် ထွက်သက်နဲ့
    ကျိန်စာတွေချည်း မိခဲ့တယ်.....။

    ဟုတ်ပါသလား ကောင်မလေးရေ....
    မင်းသေချာ စဉ်းစားပါ
    ရစ်ဖွဲ့မှုဆိုတဲ့ ပြယုဒ်တစ်ခုကို ချည်ထုံးပြီး
    အပြီသတ် အသေသတ်ခဲ့တာလား....
    ချစ်ရက်နဲ့ နေတတ်ခဲ့သလား......
    ငါ့မှာတော့
    မင်းကျေနပ်ဖို့ ကြွေကျခဲ့ပါတယ်...။

    ကောင်မလေးရေ........
    ဒဏ္ဍာရီတစ်ပုဒ်လို မဖြစ်စေချင်ဘူး
    ပုံပြင်တစ်ပုဒ်လို မကျန်ရစ်စေချင်ဘူး
    ငါ အားလုံးကို ခဝါချခဲ့တဲ့ ကောင်ပါ....
    ဖြစ်လာခဲ့တဲ့ ပြဿနာတိုင်းမှာ ငါ့အမှားချည်းပဲပေါ့
    ဒါကို
    သစ္စာနဲ့ လျော်ပေးမယ်ဆို ကျေအေးမှာလား...
    ဖြစ်တည်လာတဲ့ ခံစားမှုတစ်ခုအတွက်ကော
    မင်း.......... ဖြေတတ်ပါ့မလား.....။

    ငါ့သိက္ခာ .. ငါ့မာန... ငါ့အတ္တတွေ
    ဘယ်ပျောက်လို့ ဘယ်ရောက်မှန်း မသိခဲ့ဘူး..
    ဘာတဲ့... ငါ့အချစ်က
    စိတ်ဆင်းရဲမှုတွေပဲ မင်းကို ပေးနေတယ်လား...
    ဘာတဲ့... ငါက
    သိက္ခာမရှိတဲ့ လုပ်ရပ်တွေကိုပဲ လုပ်နေတယ်တဲ့လား...
    မီးတောက်မှန်းသိရက်နဲ့ ခုန်ချချင်ခဲ့တဲ့ကောင်
    ရေမလိုပါဘူး...တစ်ခါတည်း ၀ါးမျိုပစ်လိုက်ပါ...။

    မင်းသိရဲ့လား....
    ချစ်သူရဲ့ မျက်နှာကိုမြင်ဖို့
    ချစ်သူရဲ့ စကားလုံးတွေကို ဖတ်ဖို့
    ချစ်သူရဲ့ အပြံုးကို မှတ်ဖို့
    ငါ့မှာ အင်အားတွေသုံးခဲ့ရတယ်...
    မနက်ဖြန်ကို အသက်ဆက်ဖို့
    အားဆေးတစ်ခွက်ကို ငံ့လင့်နေခဲ့တာပါ...
    ဒါပေမယ့် ကောင်မလေးရေ....
    တွေးတာနဲ့ တခြား
    မင်းက ထားခဲ့လိုက်တယ်၊
    ကဲ.......
    ငါ့မနက်ဖြန်တွေ ဘာနဲ့ အသက်ဆက်ရမလဲ
    ငါချစ်သလောက် မင်းမနှစ်သက်ဘူး....
    ငါမြစ်မှာ မျက်ရည်တွေချည်းပဲ...
    ငါ့ရက်တွေမှာ ဒဏ်ရာတွေချည်းပဲ...
    ဖြေပါဦး ကောင်မလေးရေ..
    ငါ့အနာဂတ်မှာ ဆည်ဆောက်ရဦးမလား...။

    ဟုတ်ပြီလေ....
    မင်း မနက်တွေ လှပဖို့
    ငါ သစ္စာကို ပေးအပ်ခဲ့တာပဲ..
    မင်းမယုံကြည်မှတော့
    ဘာ အဓိပ္ပါယ် ရှိတော့မှာလဲ....
    ငါ့ထွက်သက် အထိပေါ့
    မင်း မကြိုက်တဲ့ အရာတွေအားလုံး
    ငါ ဖျက်သိမ်းလိုက်တယ်...
    ဒါဟာ မင်းအတွက် သတင်းကောင်းတစ်ပုဒ်ပေါ့...
    social ဆန်စွာ တည်ဆောက်ခဲ့တဲ့
    ငါ့ တော့ပ်လေး
    ဘယ်တော့မှ မတက်တော့ဘူး
    ချစ်သူမျက်နှာကို ကြည့်ချင်လွန်းလို့
    ဖြစ်တည်လာတဲ့ Video ချက်လေး
    ငါမတက်တော့ပါဘူးကွယ်....
    ကဲ့......
    ကျေနပ်ပြီလား ချစ်သူ....
    ငါ ဘာများ ပေးဆပ်ရဦးမလဲ ကောင်မလေးရယ်....။

    ချစ်သူက သံသယစကားလုံးတွေနဲ့ပစ်ပေါက်ပြီး
    ကျောလှည့်ခဲ့တဲ့ အခါ
    ငါ့ကမ္ဘာ့ဟာ တိမ်းမှောက်သွားခဲ့တယ်
    ငါ့ညဟာ အဓိပ္ပါယ်မဲ့ခဲ့တယ်
    ငါ့မနက်ဖြန်တွေ အသက်မဲ့ သွားခဲ့တယ်............။

    လင်းဦး (စိတ်ပညာ)

    5 comments:

    တင့်ထူးရွှေ said...

    ခံစားချက်တွေပြင်းလှချည်လား အကို ၊ စကားလုံးတိုင်းကို အဓိပ္ပါယ်တွေ အပြည့်ပဲ ။

    thonn thonn said...

    အယ် .. အဲလောက်လည်း မငိုပါနဲ့ ကိုလင်းဦးရယ် ။ :P ဟိဟိ ၊ နောက်တာနော် စိတ်မဆိုးကြေး ။

    MYAT KA LAY said...

    hey fri lay,
    u are very clever.
    i like ur poem so much.
    is this ur really felling?
    cu
    hton

    Mhaw Sayar said...

    ဗျို့ ကိုလင်းဦးကြီး. ရင်ဘတ်ထဲက အသံတွေလားဗျ. စကားလုံးတွေ အားကောင်းလွန်းနေလို့.

    လွမ်းဇာနည် said...

    ဒီ ကဗျာလေးကို အရမ်းကြိုက်မိပါတယ်
    ဖြစ်နိုင်ရင် ကျွန်တော်ရဲ့
    “ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့” ကဗျာလေးလာ ခံစားပါလား ?
    ခံစားချက်တူနေမလားလို့
    www.lwanzarni.blogspot.com

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo