တရုတ်နိုင်ငံ အနောက်မြောက်ဘက်တွင် ဗုံးပေါက်ကွဲမှုကြောင့် လူ(၂)ဦးသေဆုံး

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels: , ,

  • တနင်္ဂနွေနေ့အစောပိုင်းတွင် တရုတ်နိုင်ငံ၊မြောက်ဘက်တွင်ဗုံးများပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ(၂)ဦး သေဆုံးခဲ့ကြောင်း၊ ပေါက်ကွဲမှုသည် တောင်ဘက်တွင်တိဗက်နှင့် နယ်နမိတ်ထိ စပ်နေသည့် Xinjiang Uighur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Kuqu တွင် လူ ၄၀၀ ခန့်ရှိသည့်နေရာတွင် မနက် ၃း၂၀ နှင့် ၄းဝဝနာရီအချိန်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟုုနိုင်ငံ ပိုင်သတင်းများကဖေါ်ပြထားသည်။

    ယခုဖြစ်ပွားမှုသည် ရဲအရာရှိ(၁၆)ဦးသေဆုံးပြီး(၁၆)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည့် တိုက်ခိုက်မှုဖြစ်ပွားပြီး ၃/၄ရက်အကြာတွင်် ထိုဒေသ၌ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်၍ အာဏာပိုင်များက လုံခြံုရေးတင်းကြပ်ထားရသည်။

    နယ်စပ်မြို့ဖြစ်သည့် Kashgarတွင် တနင်္လာနေ့တိုက်ခိုက်မှုဖြစ်ပွားပြီး အာဏာပိုင်များက လုံခြံုရေးကို ပိုမိုတင်းကြပ်လျက်ရှိပြီး အဝေးပြေးလမ်းမကြီးများ၊ အစိုးရအဆောက်အဦးများ၊ ကျောင်းများ၊ ဆေးရုံးများတွင်လုံခြံုရေးစစ်ဆေးရေးဂိတ်များကို ပိုမိုချထားသည်။

    အဆိုပါတိုက်ခိုက်မှုတွင် လူနှစ်ဦးသည် အနည်းဆုံးအိမ်လုပ်ဗုံ(၅)လုံးကို ရဲတို့နေသည့် အဆောက်အဦးသို့ မပစ်ချမီ အမှိုုိက်တင်ကုန်ကားဖြင့် ရဲအရာရှိများအုပ်စုလိုက်ရှိရာသို့ ၀င် တိုက်ခဲ့ကြသည်။
    ရဲများက တိုက်ခိုက်သူ(၂)ဦးအား ဖမ်းဆီးပြီး စစ်ဆေးရာ Uighur ဒေသမှအသက် ၂၈နှစ်နှင့်၃၃နှစ်ရှိလူနှစ်ဦးဖြစ်ကြောင်းဖေါ်ပြခဲ့သည်။ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် အကြမ်းဖက်သမားများ ရှိနိုင်သည်ဟုရဲများကသံသယရှိနေသည်။

    အရှေ့ Tarkistant လို့ခေါ်သည့် Xinjiang Uighur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည် ဆန်နီမွတ်စလင်တိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်ရာဒေသဖြစ်သည်။ တရုတ် နိုင်ငံ၏အခြေခံဥပဒေအရ Xinjiang ရှိ Uighur များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိကြသော် လည်းအချို့မှာလွတ်လပ်ရေးတောင်းဆိုမှုပြုလုပ်ကြသည်။
    တရုတ်နိုင်ငံ၊တိုင်းရင်းသားမျိုးနွယ်စုအများဆုံးကို လွှမ်းမိုးထားသည့် သန်းနှင့်ချီသော ဟန့်လူမျိုးများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်ကတည်းက Xinjiang ဒေသသို့ရွေ့ ပြောင်း လာခဲ့ပြီး ထိုဒေသ၏နိုင်ငံရေး၊ စီးပွါးရေး၊ ယဉ်ကျေးမှုများကို လွှမ်းမိုးချုပ်ကိုင်ထားသည် ဟု ဒေသခံများကမကျေနပ်မှုများဖြစ်ကြသည်။

    ထိုမကျေနပ်မှုများက ၁၉၉၂ ခုနှစ်တွင် ပြည်နယ်မြို့တော်၊ Urumqi တွင် လူသေသည့် ဘတ်စ်ကားဗုံးပေါက်မှုများ အကြိမ်ကြိမ်ဖြစ်ပွါးမှုပါ၀င်သည့် အကြမ်းဖက်မှုများသို့ ဦးတည် လာကြသည်။ အစိုးရအရာရှိများက ထိုတိုက်ခိုက်မှုများသည် လွတ်လပ်ရေးတောင်းဆို သူတို့၏လက်ချက်ဖြစ်သည်ဟုပြစ်တင််ရှုတ်ချထားသည်။

    တရုတ်အစိုးရက ခွဲထွက်ရေးသမားများကို Uighur အနည်းစုကသာထောက်ခံကြ သည်ဟုအခိုင်အမာပြောဆိုနေသည်။

    ဒေသဆိုင်ရာပြည်သူ့လုံခြံုရေးဋ္ဌာနက အရှေ့ Tarkistan Islamic လှုုပ်ရှားသူများက ဩဂုတ်လ(၁၈) ၀န်းကျင်တွင် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ထားမှုအား ထောက်လှမ်းရရှိ ထားကြောင်းဖေါ်ပြထားသည်။ လှုပ်ရှားမှုသည် လွတ်လပ်ရေး အတွက်ဖြစ်ပြီး Xinjiang ပြည်နယ် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးဖြစ်သည်။

    ယခင်လ တနင်္ဂနွေနေ့တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာ၌ အကြမ်းဖက်သမားအုပ်စု (၅)ဦးကို ရဲများက နှိမ်နှင်းနိုင်ခဲ့သည်ဟုဆိုသည်။ အာဏာပိုင်များက အကြမ်းဖက်သူများသည် နိုင်ငံရေးလုပ်ရပ်တစ်ခုအနေဖြင့် အကြမ်းဖက်လုပ်ငန်းပြုလုပ်ရန် ကြံစည်နေသည်ဟုပြောဆို ထားပါသည်။

    လင်းဦး(စိတ်ပညာ)

    2 comments:

    နှင်းဆီနက် said...

    စစ်ပွဲ၊ စစ်ပွဲ၊ စစ်ပွဲတွေကြောင့် လူကြီး၊ လူငယ်၊ ကလေးတွေ အသက်အိုးအိမ်ဆုံးရှုံးရတယ်၊ ပင်ပန်းစွာနဲ့အသက်ရှင်ကြရတယ်၊ စိုးရိမ်ကြောင့်ကြစွာနဲ့နေကြရတယ်... ဒါမျိုးအဖြစ်တွေ လူသားမှန်သမျှမကြံုရစေဖို့ ဆုတောင်းပါတယ်.....

    ကဗျာတဖက်၊ စာတဖက်၊ ဂစ်တာတဖက်၊ စစ်ပွဲတဖက်နဲ့အကိုအတွက်.....
    ညီမလေး မလတ်

    thonn thonn said...

    စစ်ပွဲဆိုတာကို မွေးကတည်းက တစ်ခါမှမကြံုဖူးသေးဘူး။
    ကိုလင်းဦးတင်ထားတဲ့ ပုံတွေကိုကြည့်ပြီး ဒီတစ်သက် မကြံုရပါစေနဲ့လို့လဲ ဆုတောင်းမိပါတယ် ။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo